Thursday, July 5, 2018


အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး ကိုယ်ခံအားစနစ် မြှင့်တက်စေတဲ့ ကြာစွယ် ဟော့ပေါ့တို့၊ မာလာရှမ်းကောတို့မှာ မပါမဖြစ် စားလေ့ရှိကြတဲ့ ကြာစွယ်မှာ အာဟာရဓာတ် တန်ဖိုးတွေ အများကြီး ရှိပါတယ်။ အစာခြေစနစ် ကောင်းစေတာ၊ သွေးတိုးကျတာ၊ ကိုလက်စထရော ကျစေတာ၊ ကင်ဆာရောဂါကို ကာကွယ်ပေးတာကနေ စိတ်ကျရောဂါ သက်သာစေတဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။ ကြာစွယ်ဆိုတာ ရှေးယခင်ကတည်းက အာရှတိုက်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ အစားအစာတမျိုး ဖြစ်ပြီး အဓိကအားဖြင့် အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့အာရှမှာ အများဆုံး ပေါက်ရောက်ပါတယ်။ ကြာစွယ်ကြော်၊ ကြာစွယ် ဟင်းချို၊ အသားဟင်းထဲ ထည့်ချက်ကြတာ စသဖြင့် ပုံစံမျိုးစုံနဲ့ ချက်လေ့ ရှိကြတဲ့အပြင် တိုင်းရင်းဆေးတွေထဲမှာလည်း အခြောက်လှန်း၊ အမှုန့် ကြိတ်ပြီး သုံးလေ့ရှိပါတယ်။ ကြာစွယ်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်၊ ကော့ပါး၊ အိုင်းယွန်း၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်တို့အပြင် အမျှင်ဓာတ်ပေါကြွယ်ဝပြီး ပရိုတိန်းဓာတ်လည်း ပါရှိပါတယ်။ ကြာစွယ်မှာ ဗီတာမင်စီ ၇၃ ရာခိုင်နှုန်းတောင်ဖြည့်စွမ်းပေးတာမို့ ပြင်ပက ရောဂါပိုးမွှားတွေ မဝင်နိုင်အောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်မှု မဖြစ်အောင် တားဆီး ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီက နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး လူကို အန္တရာယ်ဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြန်ပါတယ်။ ဗီတာမင်စီက ထိခိုက်ရှနာကြောင့် ပျက်စီးသွားတဲ့ အရေပြားပေါ်က တစ်ရှူးတွေကို ပြန်လည်ကုစားနိုင်တာကြောင့် အသားရေပြန်လည် ကြည်လင်လှပစေပြန်ပါတယ်။ ကြာစွယ်မှာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်အေကြောင့် အမြင်အာရုံ အားနည်းခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ ဒါကြောင့် မျက်လုံးအားနည်းသူတွေဆို ကြာစွယ်ကို ပုံမှန်စားပေး သင့်ပါတယ်။ အာဟာရတန်ဖိုးတွေထဲမှာ ထူးထူခြားခြားအနေနဲ့ ကြာစွယ်မှာပါဝင်တဲ့ ဗီတာမင်ဘီ ပါရီဒိုဇိုင်းက စိတ်တည်ငြိမ်စေပြီး စိတ်ကျန်းမာရေးကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုတွေ များလာပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးရွားလာတဲ့ အခြေအနေကို ဖြေလျော့ပေးနိုင်လို့ပါ။ ဘယ်အရာမဆို ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေသလိုပဲ ကြာစွယ်မှာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိသလို သတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ တိုင်းရင်းဆေးတွေမှာ ကြာစွယ်တွေ ထည့်သုံးကြလို့ မတည့်တဲ့သူဆို သတိထားသင့်ပါတယ်။ နောက်ပြီး ကြာစွယ်ကို အိမ်မှာ၊ ဆိုင်မှာ မချက်ပြုတ်ခင် စနစ်တကျ သေချာသန့်စင်ဖို့ လိုပါတယ်။ ကြာစွယ်မှာ အမှတ်တမဲ့ မမြင်နိုင်တဲ့ ကပ်ပါးကောင်လေးတွေ တွယ်ကပ်နေတတ်လို့ သေချာ မသန့်စင်ထားတဲ့ ကြာစွယ်ကို စားမိရင် အော့အန်မယ်၊ ဗိုက်နာမယ်၊ ဝမ်းလျှောပြီး အူနာတဲ့အထိ ဖြစ်နိုင်လို့ အထူး ဂရုစိုက်သင့်ပါတယ်။ Ref: Healthy Focus The post အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး ကိုယ်ခံအားစနစ် မြှင့်တက်စေတဲ့ ကြာစွယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2KT7T6R
via IFTTT

No comments:

Post a Comment