Wednesday, July 4, 2018


ကျိုက်မရောတွင် သေနတ်ဖြင့်ခြိမ်းခြောက် အမှုပိတ်ခိုင်းမှု ဖြစ်ပွား မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ တရားစွဲဆိုခံရသူက မကျေနပ်သဖြင့် တရားစွဲသူကို သေနတ်နှင့် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်ကာ အမှုပိတ်သိမ်း ခိုင်းမှု ဖြစ်ပွားခဲ့ကြောင်း ကျိုက်မရောမြို့မ ရဲစခန်းမှ သတင်းရရှိသည်။ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်းက” ဦးအောင်ထွန်းက ဇွန် ၃၀ ရက်နေ့မှာ ပြန်ပြီး လွတ်လာတေ့ာ ခြိမ်းခြောက် ပြန်ပေးဆွဲမှုနဲ့ ကျိုက်မရော မြို့နယ် ရဲစခန်းကို တိုင်ထားတယ်” ဟု ပြောသည်။ ဖြစ်စဉ်မှာ ကျိုက်မရောမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရသာ လက်ပန် ကျေးရွာနေ ဦးအဗျင်းသည် ၎င်းအား လူအသက် သေစေရန် ရည်ရွယ်၍ ခြိမ်းခြောက်သော အမှုဖြင့် တိုင်ကြားထားသည့် တရွာတည်းနေ ဦးအောင်ထွန်းကို ဇွန် ၂၂ ရက်နေ့ ညဘက်က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ တရားစွဲခံထားရသူ ဦးအဗျင်းအပါအဝင် လူ ၁၀ဦးက တရားစွဲဆို အမှုဖွင့်ထားသူ ဦးအောင်ထွန်းနှင့် ဇနီး ဒေါ်ခင်ချိုမာ၊ ၂ နှစ်အရွယ် သမီး တို့ကိုပါ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ဒေါ်ခင်ချိုမာမှာ ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဦးအောင်ထွန်းကို ထိပ်တုံးခတ်ခြင်း၊ ဦးခေါင်းကို ပီနံအိတ်ဖြင့်စွပ်ကာ ခြေဖြင့် ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက “တာဝန်ရှိသူတွေက ဦးအဗျင်း အိမ်ကနေ ဦးအောင်ထွန်းကို ပြန်ပြီးခေါ်ခဲ့ရတယ်” ဟု ရှင်းပြသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်၌ လက်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အတွင်း ဦးအဗျင်းက ဦးအောင်ထွန်းကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သဖြင့် ကျိုက်မရောမြို့နယ် တရားရုံးတွင် လူအသက် သေစေရန် ရည်ရွယ်ပြီး ခြိမ်းခြောက် သောမှုဖြင့် တရားစွဲဆိုထားကြောင်း၊ ယင်းကို မကျေနပ်သဖြင့် သတ်ရန် ဖမ်းလာခြင်း ဖြစ်ကြောင်း မသေချင်ပါက တရားစွဲထားသည့် အမှုအား ပြန်လည် ရုတ်သိမ်းပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။ သို့ဖြစ်ရာ ကာယကံရှင်က ကျိုက်မရောမြို့မ ရဲစခန်း၌ မတရား ချုပ်နှောင်ထားခြင်း ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၄၂၊ ရာဇဝတ် မကင်းသော အနိုင်အထက် ပြုမှုနှင့် လက်ရောက်မှု ပုဒ်မ ၃၅၄၊ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ၅၀၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ The post ကျိုက်မရောတွင် သေနတ်ဖြင့်ခြိမ်းခြောက် အမှုပိတ်ခိုင်းမှု ဖြစ်ပွား appeared first on ဧရာဝတီ.
Source : https://ift.tt/2tUkyQf
via IFTTT

No comments:

Post a Comment