ကျန်းမာရေးနဲ့ အလှအပအတွက် Detox ဖျော်ရည် အလွယ်တကူ လုပ်သောက်မယ် Detox ဖျော်ရည် သောက်ခြင်းကို အခုနောက်ပိုင်း လူငယ်၊ လူရွယ် လူလတ်ပိုင်းတွေကြားမှာ ကျန်းမာရေး အရရော အလှအပရေးရာ အရပါ သောက်လာကြပါတယ်။ Detox ဖျော်ရည်သောက်မယ်ဆိုရင် ဝိတ်အလျင်အမြန် ကျမှာဖြစ်သလို သင့်အူတွင်းကိုလည်း ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းကဇီဝကမ္မဖြစ်ပျက်မှုကို အထောက်အကူပြုပြီး ကျန်းမာလှပတဲ့ အသားအရည်ကိုလည်း ပိုင်ဆိုင်မှာဖြစ်ပါတယ်။ အဓိကလိုအပ်တာက ရေပုံမှန် သောက်သုံးဖို့ပဲဖြစ်ပြီး ဒီအတိုင်းရေသောက်ရမှာ ပျင်းတဲ့သူတွေအတွက် Detox က ပိုအဆင်ပြေပြီး သောက်ချင်အောင် ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် အလွယ်တကူလုပ်လို့ရတဲ့ နည်းလေးတွေ ဝေမျှပေးပါမယ်။ (၁) ပန်းသီးနဲ့ သစ်ကြံပိုးခေါက် ပန်းသီးကော သစ်ကြံပိုးခေါက်ကောက ဝိတ်ကျစေဖို့ အထောက်အကူပြုတာ သိပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံကတော့ ဖန်ခွက်ကြီးထဲ ရေအပြည့်ဖြည့်၊ ပန်းသီးစိတ်လေးတွေ အစေ့ဖယ်ပြီး ထည့်ထားပါ။ ပြီးရင်တော့ သစ်ကြံပိုးခေါက် တချောင်းလောက် ထည့်ထားလိုက်ရုံပါပဲ။ (၂) ရှောက်သီးနဲ့ သံပုရာသီး ရေဖန်ခွက် တဝက်၊ ရှောက်သီး တဝက်၊ သံပုရာတဝက် (အစိတ်လေးတွေ ပြန်စိတ်ပါ)၊ ရှောက်ခါးသီး တဝက်၊ သခွားသီး တလုံး စတာတွေကို အစိတ်လိုက်ရအောင် လှီးပြီး ထည့်ပါ။ ဝိတ်အမြန်ကျစေသလို မျက်လုံး ပြဿနာနဲ့ အရေးကြောင်းဖြစ်တာတွေ လျော့နည်းစေပါတယ်။ (၃) ဖရဲသီးနဲ့ စတော်ဘယ်ရီ အနည်းငယ်ချေမွထားတဲ့ ဖရဲသီးသင့်တော်ရုံ ပမာဏ၊ စတော်ဘယ်ရီသီး (တဝက်စီခြမ်းပါ) ၊ ပူစီနံ(အနည်းငယ်ချေမွ) ထားတာတွေကို ရောထည့်ပြီးသောက်နိုင်ပါတယ်။ သွေးဖိအားကျတာနဲ့ အင်ဆူလင်တိုးစေပါတယ်။ (၄) သရက်နဲ့ ဂျင်း ဂျင်းကိုအခွံခွာပြီး အစိတ်လေးတွေလှီးပါ။ သရက်သီးကိုအတုံးလေးတွေ ဖြစ်အောင်လှီးပြီး ရောလိုက်ပါ။ အစာချေဖျက်မှုကို အားကောင်းစေပြီး ဇီဝကမ္မဖြစ်ပျက်မှုကို တိုးစေပါတယ်။ ဒ့ါအပြင် မှတ်ဉာဏ်လည်း ပိုကောင်းစေပါတယ်။ ကဲ ဒီ Detox ၄ မျိုးက အရမ်းလည်းလွယ်သလို အိမ်မှာရှိတဲ့ အသီးတွေနဲ့ ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် အသားအရေ လှပပြီး ဝိတ်ကျချင်တယ်ဆိုရင် တပတ် တခါလောက်ဖြစ်ဖြစ် Detox ဖျော်ရည်လုပ်ပြီး သောက်နိုင်ပါတယ်။ Ref ; loseweightbyeating.com The post ကျန်းမာရေးနဲ့ အလှအပအတွက် Detox ဖျော်ရည် အလွယ်တကူ လုပ်သောက်မယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2IQzAv0
via IFTTT
No comments:
Post a Comment