Tuesday, July 3, 2018


FMI ကုမ္ပဏီ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ရန် စီစဉ် First Myanmar Invesment (FMI) ကုမ္ပဏီမှ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍတွင် တနိုင်ငံလုံး အတိုင်းအတာအနေနှင့် ဆေးရုံကွန်ရက် လုပ်ငန်းများ တိုးချဲ့ရန် စီစဉ်နေကြောင်း FMI ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာနှင့် ဘဏ္ဍာရေး အမှု ဆောင် အရာရှိချုပ် ဦးထွန်းထွန်း က ပြောသည်။ ရန်ကုန်စတော့ အိတ်ချိန်းရုံး၌ ဇူလှိုင်လ ၂ ရက်က ပြုလုပ်သော FMI ကုမ္ပဏီ စံချိန်တင် ဝင်ငွေရရှိခြင်းနှင့် ရည်မှန်းချက် အသစ် ချမှတ်ခြင်း သတင်းစာရှင်းပွဲတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။ “ကျနော်တို့ ကုမ္ပဏီ တခုလုံးကို ခြုံကြည့်လိုက်ရင် ပြီးခဲ့တဲ့ နှစ်ကထက် ဝင်ငွေ ရရှိမှု တိုးတက်ခဲ့တယ်။ အဓိကတော့ ရိုးမ ဘဏ် မှာ ရှိတဲ့ အပ်ငွေ (Deposit) တက်လာတာ။ ကုမ္ပဏီရဲ့ ဝင်ငွေ အားကောင်းရခြင်းမှာ ရိုးမဘဏ်နဲ့ ပန်းလှိုင်ဆေးရုံက ဝင်ငွေ တိုးတက်မှုကြောင့် ဖြစ်တယ်။ ဆေးရုံ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍကို တိုးချဲ့သွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြော ပြ သည်။ FMI ကုမ္ပဏီ အုပ်စု အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ဝင်ငွေကျပ် ၁၆၁ ဒသမ ၃ ဘီလီယံ ရရှိရာမှ ယခု ၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ငွေကျပ် ၂၀၅ ဒသမ ၆ ဘီလီယံ ရရှိခဲ့သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ် သည် ၂၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဦးထွန်းထွန်း က ပြောသည်။ ထို့ကြောင့် ပန်းလှိုင်စီလုံဆေးရုံမှ တနိုင်ငံလုံး အတိုင်းအတာအနေနှင့် ဆေးရုံကွန်ရက် ဖြန့်ကြက်နိုင်ရန်နှင့် လက်ရှိ ဆေးရုံ၊ ဆေးခန်းများကိုလည်း အရည်အသွေး မြင့်မားအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထပ်မံ၍ ဆေးရုံများ တိုးချဲ့ တည် ဆောက် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ ဆေးရုံများ ထပ်မံတည်ဆောက်မည့် မြို့များမှာ တောင်ကြီး၊ ပြည်နှင့် မော်လမြိုင် မြို့များတွင် တည်ဆောက်ရန် FMI ကုမ္ပဏီ က လျာထားကြောင်း သိရသည်။ ယင်းအပြင် ပန်းလှိုင်စီလုံ ဆေးရုံကြီးကို လာမည့် ၃ နှစ်အတွင်း HIMSS (USA) အဆင့် ၆ အသိအမှတ်ပြု (ကျန်းမာရေး စောင့်ရှောက်မှု ကမ္ဘာ့ရွှေအဆင့် သတ်မှတ်ချက်) ရရှိနိုင်ရန်ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း လည်း ဆိုသည်။ ကုမ္ပဏီ၏ ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေတိုးတက်မှုများအနက် ပန်းလှိုင် ဆေးရုံမှ ဝင်ငွေရရှိမှု ၂၈ ဒသမ ၂ ရာခိုင်နှုန်း နှင့် ရိုးမဘဏ်မှ ဝင်ငွေရရှိမှု ၂၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခြင်း ဖြစ်ကြောင်း FMI ကုမ္ပဏီက ထုတ်ပြန် ထားသည်။ ရိုးမဘဏ်၏ ဝင်ငွေ တိုးတက်မှုမှာ ချေးငွေ(Loan) ကို ဘဏ်ငွေစာရင်းထက် ပိုထုတ်ခြင်း (Overdard)နှင့် ငှားရမ်း ဝယ်ယူ ခြင်း (Hire-purchase) ကဏ္ဍများတွင် အတိုးနှုန်း ဝင်ငွေများ တိုးတက်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ပန်းလှိုင်ဆေးရုံမှ ဝင်ငွေ တိုးတက်ခဲ့ခြင်းမှာ ဆေးရုံ၏ လူနာများအား ဆွဲဆောင်နိုင်မှုကြောင့် ဝန်ဆောင်ပေးသည့် လူနာဦးရေ မြင့်မားလာခြင်း ကြောင့် ဖြစ်သည်ဟု FMI ကုမ္ပဏီမှ သိရသည်။ “အရင်ကဆို ပန်းလှိုင် စီလုံဆေးရုံကို သွားချင်ရင် လှိုင်သာယာမှာ ရှိတော့ တကူးတက သွားရတယ်။ မြို့နဲ့လည်း အလှမ်း ဝေးတယ်။ အခုဆိုရင်တော့ မြို့ထဲမှာ တခုထပ်ဖွင့်လို့ အဆင်ပြေသွားတယ်။ ရန်ကုန်ရဲ့ တခြားမြို့တွေမှာလည်း ထပ်ဖွင့် စေချင်တယ်။ ပုဂ္ဂလိက ဆေးရုံတွေ အပြိုင်အဆိုင် ဖွင့်လာရင်တော့ ဝန်ဆောင်မှုတွေပါ ပိုမိုကောင်းမွန်လာမယ် လို့ မျှော် လင့်ရတာပေါ့” ဟု ကုမ္ပဏီ ဝန်ထမ်း တဦးဖြစ်သူ မသူသူ က ပြောသည်။ FMI ကုမ္ပဏီအနေနှင့် ထပ်မံတိုးချဲ့သွားမည့် လုပ်ငန်းများမှာ အသေးစားနှင့် အလတ်စား (SME) စီးပွားရေး လုပ်ငန်းရှင် များ အတွက် ချေးငွေနှင့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ၏ စွမ်းဆောင်ရည် တိုးတက်မှုများ၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ခရီးသွားကဏ္ဍတွင် တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်း က ပြောဆိုသည်။ “ခရီးသွားလုပ်ငန်းရဲ့ ရင်းနှီးမြှုပ်နှံမှုက အလားအလာ ကောင်းမွန်ပါတယ်။ အခု ကျနော်တို့က ရန်ကုန်မှာဆိုရင် Awei Metta ဟိုတယ်၊ မြိတ်ကျွန်းစုမှာဆိုရင် Awei Pila ဟိုတယ်နဲ့ ကရင်ပြည်နယ်မှာ Keinnara Hpa-an ဟိုတယ်၊ မွန်ပြည်နယ် မှာ ဆိုရင် Suggati Mawlamyaing ဟိုတယ်တို့ကို တည်ဆောက်နေတယ်။ အပန်းဖြေစခန်းတွေ တည်ဆောက်နေတာ လည်းရှိတယ်”ဟုလည်း ၎င်းက ပြောပြသည်။ FMI ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ ကုမ္ပကြီးများ၏ မိတ်ဖက် ကုမ္ပဏီတခု အဖြစ် ရပ်တည်ပြီး သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍ အသီးသီးတွင် ယှဉ်ပြိုင်ဦးဆောင်နိုင်ရန် အတွက် လုပ်ဆောင်နေ ကြောင်း FMI အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေ က ပြောသည်။ FMI ကုမ္ပဏီ အုပ်စုသည် ငွေကြေး ဝန်ဆောင်မှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိက ထား လုပ်ဆောင် လျက်ရှိပြီး ဘဏ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတို့တွင်လည်း ဝင်ရောက်လုပ်ကိုင် လျက်ရှိကာ ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန် စတော့အိတ်ချိန်းတွင် ပထမဆုံး စာရင်းဝင်သည့် ကုမ္ပဏီ ဖြစ်လာကြောင်း သိရ သည်။ The post FMI ကုမ္ပဏီ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ရန် စီစဉ် appeared first on ဧရာဝတီ.
Source : https://ift.tt/2u1dxMS
via IFTTT

No comments:

Post a Comment