Wednesday, July 4, 2018


Samsung ဖုန်းတချို့မှာ ပိုင်ရှင် မသိဘဲ ဓာတ်ပုံတွေကို အလိုလို ပို့နေတဲ့ ပြဿနာ Samsung ဖုန်းတချို့ဟာ ပိုင်ရှင် မသိလိုက်ဘဲ Gallery ထဲက ဓာတ်ပုံတွေကို ဖုန်း Contacts ထဲက လူတွေဆီ အလိုလိုပို့နေတဲ့ ပြဿနာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ တကယ်လို့ သင်ဟာ Samsung ဖုန်းကိုင်သူ တယောက်ဖြစ်ပြီး၊ ဖုန်းမှာ တခါတည်းပါတဲ့ Samsung Messages App ကိုပဲ အသုံးပြုနေသူ တယောက် ဆိုရင်တော့ သင့်ဖုန်း Gallery ထဲမှာ အရှက်တကွဲ၊ အကျိုးနည်းဖြစ်ရမယ့် ပုံတွေပါနေလားဆိုတာ စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။ စာရေးသူတို့ နိုင်ငံမှာတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့နိုင်တဲ့ Multimedia Messaging Services (MMS) အသုံးပြုမှု နည်းသေးတာရယ်၊ Rich Communication Services (RCS) မရှိသေးတာတို့ရယ်ကြောင့် ဒီပြဿနာ အန္တရာယ်တော့ သိပ်စိုးရိမ်စရာ လိုမယ် မထင်ပါဘူး။ တခြားနိုင်ငံက Samsung အသုံးပြုသူတွေမှာတော့ အခုပြဿနာကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး Samsung ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာရော Reddit တို့မှာပါ ဒီပြဿနာကို ဝိုင်းတင်ပြနေကြပါတယ်။ အသုံးပြုသူ တယောက်ဆို သူ့ဖုန်းထဲက ပုံတွေအကုန်လုံးကို သူမသိလိုက်ပဲ သူ့ကောင်မလေးဆီ အလိုလို ပို့မိသား ဖြစ်နေတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။ တခြား Message App တွေမှာမဖြစ်ဘဲ၊ Samsung Messages App ထဲကနေပဲ ပုံတွေအလိုလိုပို့နေတာဖြစ်တာကြောင့် ဒီ App မှာပဲ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ပိုဆိုးတဲ့တချက်က Samsung Messages App ဟာ Gallery ထဲက ပုံတွေပို့လိုက်တာကို သူ့ App ထဲမှာ လုံးဝ မဖော်ပြထားဘဲ တော်တော်များများက သူတို့ပုံတွေ လက်ခံရရှိတဲ့လူတွေ ပြန်ပြောမှ သိရတယ်လို့ ဆိုကြပါတယ်။ Samsung ပြောရေးဆိုခွင့် ရှိသူတဦးကတော့ အခုပြဿနာတိုင်ကြားမှုတွေကို ကောင်းကောင်း သိရှိထားပြီး၊ နည်းပညာအဖွဲ့က အဖြေရှာနေပြီဖြစ်တယ်လို့ The Verge ကို ပြောကြားထားပါတယ်။ ဖိုရမ်မှာ ရေးသား ထားချက်တွေအရ Samsung Galaxy Note 8, Galaxy S9 နဲ့ Galaxy S9+ လို Flagship မော်ဒယ်တွေမှာပဲ ဒီပြဿနာကို ကြုံတွေ့နေရတာပါ။ လက်ရှိခန့်မှန်းထားတဲ့ သီအိုရီအရတော့ T-Mobile အပါအဝင် Mobile Carriers ကြီးတွေကနေ RCS Updates ပေးပြီးနောက်ပိုင်းနဲ့ Samsung Messages App Update နောက်ပိုင်းတို့မှာ အခုပြဿနာဖြစ်လာတာကြောင့် Samsung Messages App ရဲ့ RCS ကိုင်တွယ်မှုအပိုင်းမှာ ပြဿနာရှိနေတာဖြစ်လောက်ပါတယ်။ RCS လို့ခေါ်တဲ့ Rich Communication Service ဟာ ဟောင်းနွမ်းလာပြီဖြစ်တဲ့ SMS ကို အစားထိုးမယ့် Service အသစ် တခုဖြစ်ပြီး၊ Google, Samsung, T-Mobile အပါအဝင် နည်းပညာ ကုမ္ပဏီကြီး တော်တော် များများ ဝိုင်းဝန်း အကောင်အထည်ဖော်နေတဲ့ Service အသစ်တခုဖြစ်ပါတယ်။ ဒီ Service မှာ ဓာတ်ပုံ၊ ဗီဒီယိုစတဲ့ Media တွေကို Contact ထဲကလူတွေဆို ပိုမိုလွယ်ကူစွာ Sharing လုပ်လာ နိုင်မှာဖြစ်ပြီး၊ Messenger လို Messaging App တွေကလိုမျိုး တဖက်က စာရိုက်နေတာ၊ စာဖတ်လိုက်တာ (Read) စတဲ့ status တွေကိုလည်း အချိန်နဲ့တပြေးညီ ပြပေးနေမှာဖြစ်ပါတယ်။ RCS စံနှုန်း အသုံးပြုနိုင်ဖို့ အတွက် ကတော့ မိုဘိုင်းဖုန်းကကော Mobile Carrier ဘက်ကပါ ဒီစံနှုန်း Support ပေးဖို့လိုအပ်ပါတယ်။ လက်ရှိ App တွေထဲမှာဆိုရင် Android Messages နဲ့ Samsung Messages App တို့မှာပဲ အသုံးပြုနိုင်ပါသေးတယ်။ Ref: The Verge, Gizmodo, Android Central The post Samsung ဖုန်းတချို့မှာ ပိုင်ရှင် မသိဘဲ ဓာတ်ပုံတွေကို အလိုလို ပို့နေတဲ့ ပြဿနာ appeared first on ဧရာဝတီ.
Source : https://ift.tt/2KxG0Fa
via IFTTT

No comments:

Post a Comment