နှစ်ပေါင်း ၄၀ ကြာ သွားလာမှုခက်ခဲခဲ့သည့် ရပ်ချောင်းကူးတံတား ဖွင့်လှစ် ရေနံချောင်းမြို့တွင် နှစ်ပေါင်း ၄၀ ၾကာ သြားလာရေး ခက်ခဲ့သည့် ဆုံတိုက်ရပ် ချောင်းခြားရပ်ချောင်းကူးတံတား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ယင်းတံတားကို ဇူလိုင် ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “အရင်က ဒီတံတားက သစ်သား တံတားလေးပါ။ တဖြည်းဖြည်းနဲ့ ပျက်စီးလာတော့ ဒေသခံတွေ သွားလာရေး အခက်အခဲ ဖြစ်နေတာ နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ။ အခြေခံ လူတန်းစား အများစုရှိတဲ့ ရပ်ကွက်လည်း ဖြစ်တယ်။ အခုလို ကွန်ကရစ်တံတား ဆောက်လုပ်ပေးတော့ သွားလာရေး အဆင်ပြေပြီဖြစ်တဲ့အတွက် ဝမ်းသာ ရပါတယ်ဟု” ဆုံတိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သာဇော်ကပြောသည်။ အဆိုပါ တံတားဖွင့်ပွဲသို့ ရေနံချောင်းမြို့နယ်ယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇော်ဇော်အောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသာချို၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှနှင့် ဖိတ်ၾကားထားသော ဧည့်သည်တော်များမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အောင်ကျော်ဦး(ရေနံချောင်း)
Source : https://ift.tt/2KNpqAi
via IFTTT
No comments:
Post a Comment