Wednesday, August 15, 2018


ဘန်ကောက်တွင် ပျောက်ဆုံးသွားသည့် ကိုငြိမ်းချမ်းဦးကို ပြန်တွေ့ပြီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလည်သွားရင်း ဆယ်ရက်ကျော်ကြာ ပျောက်ဆုံးသွားသည့် မြန်မာ အမျိုးသား အသက် ၃၉နှစ် အရွယ်ရှိ ကိုငြိမ်းချမ်းဦးကို ဘန်ကောက်မြို့ ဆေးရုံတရုံတွင် လက်မောင်း ရိုးကျိုးသည့် ဒဏ်ရာဖြင့် တနင်္လာနေ့က ပြန်တွေ့ခဲ့ကြောင့်း Bangkok Post ကဆိုသည်။ ကိုငြိမ်းချမ်းဦးသည် လူသိများသည့် တယောပညာရှင် တဦးဖြစ်ပြီး၊ မြန်မာကောင်စစ်ဝန်၏ တူဖြစ်ကြောင်း၊ သူနှင့် စေ့စပ် ထားသည့် မမြင့်ဥမ္မာနှင့်တွေ့ရန် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ ဟွေ့ခွမ်ခရိုင် ရှိ Centric ကွန်ဒိုတွင် ၎င်းတို့ နှစ်ဦး ငှားရမ်းနေထိုင်စဉ် တဦးတည်း ဈေးဝယ် ရန် ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ မမြင့်ဥမ္မာက ဆူထိဆန် ရဲစခန်း သို့ သွားရောက်ကာ လူပျောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ အပြင်သို့ သွားရောက်စဉ် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ ပါသွားခြင်းမရှိကြောင်း သိရသည်။ CCTV မှ တဆင့် ခြေရာခံရှာဖွေရာ ရာချာဒါဖိဆေ့လမ်းပေါ်ရှိ The Street ကုန်တိုက်မှ တက္ကစီ အငှားယာဉ်တစီးပေါ်သို့ တက်သွားသည်ကို နောက်ဆုံးတွေ့ရှိခဲ့ရပြီးနောက် ယခုအခါ နုတ်ဖရတ် ဆေးရုံတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးချုပ် ဆူရာချေ့ ဟတ်ပန်းက ပြောသည်။ ၎င်းမှာ ဒဏ်ရာငယ်များလည်း ရရှိထားပြီး၊ ကြည့်ရသည်မှာ တွေတွေဝေဝေဖြင့် မှင်တက် ထိုင်းမှိုင်း နေသည် အနေအထားရှိ ကြောင်း သူ့ကျန်းမာရေးအခြေအနေမှာ အရက်သေစာမှီဝဲ ထားခြင်း (သို့မဟုတ်)အခြားအရာများသုံးစွဲမိခြင်းကြောင့် ပိုမို ဆိုးရွား သလားဆိုသည်ကို ဆရာဝန်တဦးဦးထံ ပြသမေးမြန်းရဦးမည်ဖြစ်ကြောင်းလည်း သတင်းကဖော်ပြသည်။ ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် သတင်းများတွင်မူ ဘန်ကောက်မြို့ ရမ်ခမ်ဟန် အရပ်ရှိ ထေ့လီလာ ဘုန်းကြီးအနီး လူတဦး မူးယစ်အော်ဟစ်နေ၍ ဟွေ့မတ်နယ်မြေ ရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်လာပြီး ထိန်းသိမ်းခဲ့ရကြောင်း၊ ထို့နောက် ဆေးရုံသို့ ပို့ကာ ဆေးကုသစေခဲ့ကြောင်းပါရှိသည်။ သို့သော် ကိုငြိမ်းချမ်းဦး ရရှိသည့် ဒဏ်ရာများနှင့် လက်ကျိုးသွားရခြင်း အကြောင်းကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမရှိ ပေ။ ဂီတပညာရှင်တဦးအတွက် လက်ကျိူးသွားခြင်းမှာ ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း မှတ်ချက်ချမှုများလည်း ရှိသည်။ ထိုင်း ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးချုပ် ဆူရာချေ့ ဟတ်ပန်းက ယင်းဂီတသမားသည် ကိုယ်ထိလက်ရောက် ထိပါးစော်ကားခံရပုံ မရကြောင်းနှင့် ၎င်း၏အခြေအနေမှာ စိုးရိမ်ဖွယ်မရှိ ကြောင်း ရှင်းလင်းသည်။ သို့သော် ၎င်းရရှိထား သည့် ဒဏ်ရာများနှင့် ပတ်သက်၍မူ အချိန်အတော်ကြာ ဆေးကုသမှု ခံရမည်ဖြစ်သည်။ . ငြိမ်းချမ်းဦးသည် ထိုင်းနိုင်ငံထဲသို့ တကြိမ်သာ ဝင်ရောက်ခဲ့ဖူးကြောင်း လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတခုအရ သိရပြီး၊ သူ့ကို ဟွေ့မတ် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် သူက အစားစားရန် ငြင်းဆန်ကြောင်းလည်း ဆုိသည္။ The post ဘန်ကောက်တွင် ပျောက်ဆုံးသွားသည့် ကိုငြိမ်းချမ်းဦးကို ပြန်တွေ့ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2vLxuJg
via IFTTT

No comments:

Post a Comment