Friday, August 12, 2016

7Day News Journal

နာမည်ကျော် ဘောလိဝုဒ်မင်းသား ရှရွတ်ခန်သည် အမေရိကန် လေဆိပ်တစ်ခုတွင် ထိန်းသိမ်းစစ်ဆေးခြင်း ခံခဲ့ရကြောင်း သိရသည်။ ခန်က ၎င်းကို လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ်တွင် တာဝန်ရှိသူများက ထိန်းသိမ်း စစ်ဆေးခဲ့သည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း Twitter တွင် ရေးသား အတည်ပြုခဲ့သည်။ ခန်အနေဖြင့် မည်သည့် အကြောင်းရင်းကြောင့် အချိန်မည်မျှ ကြာအောင် ထိန်းသိမ်းခံခဲ့ရသည် ဆိုခြင်းကိုမူ တိတိကျကျ မသိရသေးချေ။ ၂၀၁၂ ခုနှစ်ကလည်း ခန်သည် နယူးယောက်ရှိ ဝှိုက်ပလိန်းစ် လေဆိပ်တွင် မိနစ် ၉၀ ကြာမျှ ဟန့်တား ထိန်းသိမ်း ခံရဖူးသည်။ ထိုဖြစ်ရပ်အတွက် အိန္ဒိယ နိုင်ငံသားများက အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဌာနကို ဒေါသတကြီး ဝေဖန်ခဲ့ဖူးသည်။ ၂၀၀၉ ခုနှစ်တွင်လည်း ခန်သည် နီဝတ်လေဆိပ်တွင် ၂ နာရီကြာမျှ အထိန်းသိမ်း ခံထားရပြီး အိန္ဒိယ သံရုံးက ကြားဝင် ကူညီပေး၍ အဆင်ပြေသွားခဲ့သည်။ ခန်သည် ဩဂုတ် ၁၂ ရက်တွင် လော့စ်အန်ဂျလိစ်သို့ ရောက်ရှိခဲ့ခြင်းဟု ဆိုသည်။ ခန်က “ကမာ္ဘပေါ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို ကျွန်တော် အပြည့်အဝ လေးစားနားလည်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလို အမေရိကန် လူဝင်မှုကြီးကြပ်ရေးရဲ့ ထိန်းသိမ်းတာ ခံနေရတာတော့ အတော်ဆိုးတယ်။ ဒါပေမဲ့ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ အထိန်းသိမ်းခံထားရတုန်း Pokemon အကောင်းစားလေးတွေ ဖမ်းမိလိုက်တယ်”ဟု Twitterတွင် ရေးသားထားသည်။ ၂၀၁၂ ခုနှစ်က ခန်သည် ယေးလ်တက္ကသိုလ်သို့ သွားရောက်ရန် စီစဉ်ခဲ့စဉ် အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ပိုင်းတွင် အမေရိကန် အကောက်ခွန်ဌာနက အလေးအနက် ပြန်လည် တောင်းပန်ခဲ့သည်။ ခန်သည် အထင်ကရ ရုပ်ရှင်ဇာတ်ကား ၇၀ ခန့်တွင် ပါဝင်ခဲ့ပြီး အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်လောက၏ အခမ်းနားဆုံး ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
Source : http://ift.tt/2aOggxH
via IFTTT

No comments:

Post a Comment