မြန်မာမြားပစ်မယ် စန်းယုထွေး ၁၆ဦးအဆင့်တွင် ကမ္ဘာ့ချန်ပီယံကို ရှုံးနိမ့် ဘိုဘိုမင်း =================== ၂၀၁၆ ဘရာဇီးအိုလံပစ် အားကစားပြိုင်ပွဲအမျိုးသမီးတစ် ဦးချင်းမြားပစ်ပြိုင်ပွဲ၌ မြန်မာ မြားပစ်မယ် စန်းယုထွေးသည် တောင် ကိုရီးယားနိုင်ငံမှ ကမ္ဘာ့ချန်ပီယံကီ ဘိုဘေကို ၆-၀မှတ်ဖြင့် အရေးနိမ့်ခဲ့ကာ ၁၆ဦး အဆင့်သို့ ပထမဦး ဆုံးတက်ရောက်သော မြန်မာမြားပစ် အားကစားသမားအဖြစ်သာ ကျေနပ်ခဲ့ရသည်။ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲတွင် စန်းယုထွေး၏ အမှား အယွင်းအချို့ကြောင့် ၂၀၁၂ လန်ဒန်အိုလံပစ် ဆုရှင် ဘီဘိုကေကို အရေးနိမ့်ခဲ့သည်။ ‘‘စန်းယုထွေးပုံစံက စိတ် လှုပ်ရှားနေတဲ့ဟန်ပေါ်နေတယ်။ ဒါကြောင့်လည်း အမှတ်တွေဆုံး ရှုံးခဲ့တာပါ။ ပထမပွဲငယ်မှာက တည်းက အနိုင်ရခဲ့သင့်တယ်။ တစ်ဖက်ကလည်း လက်ရှိအိုလံပစ် ရွှေတံဆိပ် ဆုရှင် ဖြစ်နေတော့ အနိုင်ရဖို့မလွယ်ပါဘူး။ ၁၆ဦးအ ဆင့်နဲ့ပဲ ကျေနပ်လိုက်ရတာပါ။ဒါ က အိုလံပစ်မှာ မြန်မာ မြားပစ်အတွက် ပထမဆုံးတက်ရောက်နိုင်ခဲ့ ခြင်းပါ’’ဟု နည်းပြဦးဇော်ဝင်း ထိုက်ကပြောသည်။ စန်းယုထွေးသည် အမျိုးသ မီးတစ်ဦးချင်း၆၄ဦးအဆင့် ပထမအဆင့်တွင် ဖင်လန်မြားပစ်မယ် ကို ၇-၃ မှတ်ဖြင့် လည်းကောင်း၊ ဒုတိယအဆင့် ၃၂ဦးအဆင့်တွင် အမေရိကန်မြားပစ်မယ်ကို ၇-၃ မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိကာ ၁၆ဦးအဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။ အသက်(၂၈)နှစ်အရွယ် ကီ ဘိုဘေသည် ရီယိုအိုလံပစ်တွင် တစ်ဦးချင်းနှင့်အသင်းလိုက် (Recurve) ပြိုင်ပွဲ အမျိုးအစား နှစ်ခု၌ ယှဉ်ပြိုင်နေသူဖြစ်ပြီး အသင်း လိုက်မြားပစ်ပြိုင်ပွဲမှ ရွှေတံဆိပ် တစ်ခုရရှိထားသည်။ ၎င်းသည် ၂၀၁၅ ကမ္ဘာ့မြားပစ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည်။
Source : http://ift.tt/2bn3Pun
via IFTTT
No comments:
Post a Comment