အများပိုင်ကုမ္ပဏီ ဘတ်စ်ကားလိုင်းများတွင် ၂၀၀၆ မော်ဒယ်အထက် ဘတ်စ်ကားများသာ ပြေးဆွဲခွင့်ပြုမည် ========================= ရန်ကုန်မြို့တွင်း ပြေးဆွဲ မည့် ခရီးသည်တင်ယာဉ်လိုင်း အများပိုင်ကုမ္ပဏီများတွင် ၂၀၀၆မော်ဒယ်နှင့်အထက် ဘတ်စ်ကားများသာ ပြေးဆွဲခွင့်ပြုမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်ပြေးဆွဲရန် အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းနေပြီး လက် ရှိလျှောက်ထားသည့် ကုမ္ပဏီ ခြောက်ခုခန့်ရှိကာ ယခုနှစ် နိုဝင် ဘာတွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း အထက်ပါအဖွဲ့ အတွင်း ရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။ ‘‘၂၀၀၆ မော်ဒယ်နှင့်အ ထက် ဘတ်စ်ကားတွေကို ပြေးဆွဲ ခွင့်ပြုသွားမယ်။ ကားရဲ့ကြံ့ခိုင်မှု ကောင်းရမယ်။ အဲကွန်းအချိန် ပြည့်ဖွင့်နိုင်ရမယ်။ ကားရဲ့အရည် အသွေးပိုင်းတွေ ကောင်းမွန်မှုရှိ အောင် ဒီလိုသတ်မှတ်ရတာဖြစ် တယ်’’ဟု ၎င်းက ပြောသည်။ မော်တော်ယာဉ်တင်သွင်းမှု ပိုင်းတွင် အများပိုင်ကုမ္ပဏီများအ နေဖြင့် တည်ဆဲဥပဒေနှင့် မူဝါဒများအရ တင်သွင်းရမည်ဖြစ်ပြီး ငွေကြေးအခက်အခဲများရှိပါက အစိုးရက ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည်ဟု သတင်းရရှိသည်။ ‘‘ကောင်းမွန်တဲ့ကားတွေကို ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး ဝယ် ယူနိုင်အောင် ဆောင်ရွက်ပေး သွားမယ်။ အစိုးရက ကုမ္ပဏီတွေ ရဲ့ ဆောင်ရွက်မှုကို တာဝန်ခံပြီး ချိတ်ဆက်ပေးလို့ ရနိုင်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ Source: 7 Days @LH
Source : http://ift.tt/2bi6ZzA
via IFTTT
No comments:
Post a Comment