Wednesday, August 10, 2016

The Voice

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်ဆန်စေရန် ကြံ့ခိုင်ရေး ပါတီ ကူညီမည်ဟုဆို ရန်ကုန်၊ ဩဂုတ် ၉ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်လျှက်ရှိသောပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြန်ဆန်စေရန် ကျရာအခန်းကဏ္ဍမှပါဝင်ကူညီမည်ဟု ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောကြားသည်။ ၂၁ရာစုပင်လုံညီလာခံ၌ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒတင်သွင်းနိုင်ရန် ဩဂုတ် ၂၀ ရက်နေ့တွင် ဒုတိယ အကြိမ် ပါတီ ညီလာခံ ကျင်းပပြီး အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။ “မြန်မြန်ဆန် ဆန်ငြိမ်ချမ်းဖို့အတွက် ကျွန်တော်တို့ ပါတီ ဘယ်နေရာ ဖြစ်ဖြစ်၊ ဘယ်အခန်းကဏ္ဍကပဲ ဖြစ်ဖြစ် ကျရာ အခန်းကဏ္ဍကနေ ပါဝင် ကူညီ ဆောင်ရွက်ပေးသွားမှာပါ”ဟု ဦးခင်ရီကဆိုသည်။ အလားတူ ၂၁ ရာစု ပင်လုံညီလာခံ၌ ပင်လုံစာချုပ်၊ပင်လုံ ကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်ပေါ် အခြေခံသော ဆွေးနွေးမှုများ နားလည်မှု လွဲလျှင် ပြည်တွင်း ငြိမ်းချမ်းရေးအပေါ်ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။ “ပင်လုံစာချုပ်၊ပင်လုံကတိကဝတ်၊ပင်လုံစိတ်ဓာတ် အပေါ်မှာ အခြေခံသော ဆွေးနွေးမှုတွေ နားလည်မှုတွေ လွဲပြီးတော့ ငြင်းကြ ခုန်ကြဆိုရင် ကြာသွားမှာ စိုးရိမ်တယ်”ဟု ဦးခင်ရီက ဆက်လက် ရှင်းပြ ပြောဆိုသည်။ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် ၂၁၀၅ခုနှစ် အောက်ဆိုဘာ ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ဖြင့် လက်မှတ်ရေးထိုးထားနိုင်ခဲ့ကြောင်း ဦးခင်ရီက ဆိုသည်။ အလားတူ ၂၁ရာစုပင်လုံညီလာခံအစည်းအဝေးများကို ဩဂုတ် ၃၁ရက်တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၈ရက်တွင် တရားဝင် ပြောဆိုထားပြီးဖြစ်သည်။
Source : http://ift.tt/2bdQ0Br
via IFTTT

No comments:

Post a Comment