၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး အနိုင်ရရန် လူကို အဓိကထား ပြင်မည်ဟုဆို နန္ဒ၊ ရန်မျိုးနိုင် ======================== လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အ နိုင်ရရှိရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင် ဖြိုး)သည် လူကိုအဓိကထား၍ ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်း မည်ဖြစ်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးခင်ရီကပြောသည်။ ‘‘ရွေးကောက်ပွဲရလဒ်အ ပေါ် မူတည်ပြီးတော့ ပြင်ဖို့လို တယ်လို့ ဆုံံးဖြတ်တယ်။ အဲဒီမှာ ဘာကိုပြင်မလဲ။ မူကို ပြင်မလား၊ လူကိုပြင်မလားစဉ်းစားတယ်။ မူ ကတော့ အားလုံးသိကြတဲ့အတိုင်း ပြင်စရာ လောလောဆယ် မလိုဘူး။ ပါတီဝင်တွေတင်မကဘူး၊ တိုင်းသူပြည်သားတွေကိုပါ လိုက် နာဖို့ သင့်တဲ့မူတွေဖြစ်တယ်။ လူကတော့ ပြင်ဖို့လိုတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည့် ဦးခင်ရီက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီသည် သြ ဂုတ် ၈ ရက်မှစကာ နေပြည်တော် ရှိ ပါတီရုံးချုပ်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လေးရက်ကြာ ပြုလုပ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးနေ့ အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ဦးခင်ရီက ပါတီ၏ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေခြင်းကို ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းရန် လိုအပ် ကြောင်းသုံးသပ်ရခြင်းသည် ယင်း ရွေးကောက်ပွဲ၌ မဲခုနစ်သန်းခန့် ရရှိသည့်အတွက် ပါတီကို ထောက်ခံသူများ ရှိသောကြောင့် ပါတီ ဆက်လက် ရှင်သန်ရန် လိုအပ်ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပါတီကိုပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့် မေ လမှစတင်ကာ ရပ်ကွက်အဆင့် မျက်နှာစုံညီ အစည်းအဝေးများ၊ ဇွန်လတွင် မြို့နယ်အဆင့်၊ ဇူလိုင် တွင် ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်များ ဆောင်ရွက်ခဲ့ပြီး သြဂုတ်တွင် ပါတီ ညီလာခံကို ဆောင်ရွက်ရန် ပြည် ခိုင်ဖြိုးပါတီက စီစဉ်နေသည်။ ယင်းသို့ အောက်ခြေအဆင့် တွင် ပါတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုများ ပြုလုပ်ရာ၌ အရပ်သားများ ပါဝင်လာမှု ပိုမိုများပြား လာကြောင်း ဦးခင်ရီ၏ ပြောကြား ချက်များအရ သိရသည်။ ‘‘ကြားလိုက်ရသမျှတော့ တော်တော်များများက အရပ်သား တွေပဲ။ တော်တော့်ကို များတယ်။ တချို့ဆို ဒီဒေသမှာ မွေးတယ်။ ဒီဒေသမှာ ကြီးတဲ့သူတွေ ပါတယ်။ တချို့ဆို ပညာရှင်တွေ ပါတယ်။ အရင်က တပ်မတော်က ဖြစ်ပြီး အခု အရပ်သား ဖြစ်နေတဲ့သူတောင် ကျွန်တော် သိပ်မတွေ့ဘူး’’ ဟု ဦးခင်ရီက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရဖွဲ့ပြီး နိုင်ငံကို ငါးနှစ် အုပ်ချုပ်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌မူ လွှတ်တော်ကိုယ်စားလှယ် အနည်းစုသာ အနိုင်ရခဲ့သည်။
Source : http://ift.tt/2blED8g
via IFTTT
No comments:
Post a Comment