ရေမြွှာအိတ်မပေါက်ဘဲ မွေးဖွားလာသည့် အံ့ဖွယ်ကလေးငယ်(ရုပ်သံ) ဒါဟာ တကယ့်ကို အံ့အားသင့်စရာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပါပဲ။ မွေးကင်းစ ကလေးငယ် တဦးဟာ မွေးဖွားလာချိန်မှာ ရေမြွှာအိတ် အတွင်းမှာ ခွေလျက်သားအခြေအနေနဲ့ မွေးဖွားလာခဲ့တာ ဖြစ်ပြီး ဒါဟာ ကလေးမွေးဖွားမှု အကြိမ်ရေ ၈ သောင်းမှာမှ တကြိမ် ဖြစ်နိုင်ချေ ရှိတာမျိုးပါ။ ဒီအဖြစ်အပျက်ဟာ ဩဂုတ်လ ၆ ရက်နေ့က စပိန်နိုင်ငံမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အမြွှာကလေး ၂ ဦးမှာ တဦးက သာမန် အခြေအနေနဲ့ မွေးဖွားအပြီးမှာ နောက်တဦးက ရေမြွှာ အိတ်အတွင်းမှာ မပေါက်ဘဲ မွေးဖွားလာခဲ့တာပါ။ ဆေးရုံ မွေးခန်း စားပွဲပေါ်မှာ တွေ့ရတဲ့ ကလေးငယ်ဟာ ရေမြွှာလုံးအတွင်း ချက်ကြိုးတွေနဲ့ ချိတ်ဆက်လျက်သား ခွေခွေကလေး ကွေးနေပြီး လှုပ်ရှားနေတာကို တွေ့ရပါတယ်။ သာမန်အားဖြင့် ဆိုရင်တော့ ကလေး မွေးဖွားမှု ဖြစ်စဉ်မှာ ရေမြွှာအိတ်ဟာ ပေါက်ထွက်ပြီးမှ ကလေးကို မွေးဖွားလာရမှာပါ။ ရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ ဆရာ၀န်တွေဟာ ခွဲစိတ်ခန်းသုံး ကပ်ကြေးကို အသုံးပြုပြီး ကလေးငယ်ကို အပြင်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်ကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ ဖြစ်စဉ်တခု ဖြစ်တာမို့ ဆရာ၀န်တွေ နဲ့ သူနာပြု ဆရာမတွေဟာ ၀ိုင်းအုံ ရောက်ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ ဒီရုပ်သံ ဗွီဒီယိုဖိုင်ဟာ ယူကျုဘ် အင်တာနက် စာမျက်နှာပေါ်မှာ တနေ့တည်းတင် ၀င်ရောက် ကြည့်ရှုတဲ့ အကြိမ်ရေ ၆ ဒဿမ ၈ သန်းထက်မနည်း ရှိခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
Source : http://ift.tt/2aQqfpj
via IFTTT
No comments:
Post a Comment