Wednesday, August 3, 2016


အေးချမ်းမေနဲ့ တွေ့ဆုံခြင်း အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် Clemson မြို့မှာ အခြေချ နေထိုင်နေတဲ့ တေးသံရှင် အေးချမ်းမေနဲ့ တွေ့ဆုံပြီး နိုဝင်ဘာလ အတွင်းမှာ ပြုလုပ်သွားမယ့် ဂီတဖျော်ဖြေပွဲ နှစ်ခုအကြောင်း၊ ပွဲမှာ ပါဝင်မယ့် အစီအစဉ်များအကြောင်း၊ တစ်ကိုယ်တော် စီးရီးသစ်အကြောင်းတို့ကို The Voice က ဆက်သွယ်မေးမြန်း ဖော်ပြထားပါတယ်။ Voice : အစ်မရဲ့ ပရိသတ်တွေနဲ့ ဝေးနေခဲ့ရတာ တော်တော် ကြာပြီနော်။ အခု တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလထဲ လုပ်ဖြစ်တော့မှာဆိုတော့ ဘယ်လို ခံစားရလဲ။ ACM : အစ်မရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြန်လုပ်ဖို့ စဉ်းစားထားတာ ကြာပါပြီ။ အခုလုပ်ဖို့ အခွင့်အရေး ရတဲ့အပေါ် အရမ်း စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ အစ်မရဲ့ ပရိသတ်တွေနဲ့ ပြန်တွေ့ခွင့်ရမယ့်အပေါ် ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ Voice : ဒီပွဲကို အစ်မရဲ့ အမာခံ ပရိသတ်တွေက အရမ်းကို မျှော်လင့်နေကြပါတယ်။ ကိုယ်တိုင်ရော ဒီပွဲမှာ ဘယ်လို အကောင်းဆုံး ဖျော်ဖြေ တင်ဆက်သွားဖို့ စဉ်းစားထားလဲ။ ACM : အစ်မရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တွေအတွက် တစ်မူ ထူးခြားအောင် တင်ဆက်သွားမှာပါ။ ပွဲမတိုင်ခင်မှာ အစ်မရဲ့ ပရိသတ်တွေနဲ့ ရင်းနှီးမှု ပြန်ရဖို့အတွက် လူမှုကွန်ရက် Facebook ကနေတစ်ဆင့် ဆက်သွယ်ပါတယ်။ ပွဲနဲ့ပတ်သက်တဲ့ အစ်မရဲ့ ခံစားချက်လေးတွေကို ပြောဖြစ်ပါတယ်။ Voice : အစ်မရဲ့ သီချင်းတွေကို ပရိသတ်တွေက အခုချိန်အထိ မမေ့နိုင်ကြသေးပါဘူး။ ဒီပွဲမှာ ဘယ်လို သီချင်းတွေကို နားဆင်ခွင့်ရမလဲ။ ACM : ဒီပွဲမှာ ပရိသတ်တွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပြီး မြင်စေချင်တာမို့ ပွဲအစီအစဉ်တွေကိုတော့ အခုချိန်မှာ ခဏ လျှိုထားပါရစေ။ ဒီပွဲမှာ ပရိသတ်တွေ ကြိုက်တဲ့ သီချင်းဟောင်းတွေလည်း ဆိုပါမယ်။ သီချင်းသစ် တချို့လည်း ဆိုမှာပါ။ Voice : အစ်မ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဒီဘက်ခေတ် အဆိုတော်တွေ ပြန်လည် သီဆိုကြတဲ့အပေါ် ဘယ်လိုမြင်မိလဲ။ ACM : အစ်မရဲ့ သီချင်းတွေကို ပြန်လည် သီဆိုကြတဲ့အပေါ် ဝမ်းသာပါတယ်။ အနုပညာသမားတွေက သူ့ပါရမီနဲ့သူ တစ်မျိုးစီ ကောင်းကြပါတယ်။ အားလုံးကိုလည်း အစ်မကြိုက်တယ်။ သူတို့ပြန်ဆိုတာ အစ်မထက်တောင် ကောင်းပါတယ်။ Voice : ဒီပွဲမှာ သီချင်း ဘယ်နှပုဒ်လောက် ဆိုဖြစ်မလဲ။ တခြား အဆိုတော်တွေလည်း ပါဝင်သီဆို ပေးမယ်လို့ သိထားပါတယ်။ ACM : အစ်မရဲ့ One Lady Show မှာ သီချင်းပုဒ်ရေ ၂ဝ နဲ့ ၂၅ ပုဒ်ကြား သီဆိုဖို့ စဉ်းစားထားပါတယ်။ ဒါက အတည်တော့ မဖြစ်သေးပါဘူး။ လောလောဆယ် စဉ်းစားထားတာပါ။ အစ်မတစ်ယောက်တည်းလည်း သီချင်းတွေ ဆိုပါမယ်။ တခြား အဆိုတော် ၅ ယောက်လောက်နဲ့လည်း သီချင်းတွေ တွဲဆိုဖို့ ရှိပါတယ်။ Voice : တစ်ကိုယ်တော် စီးရီးသစ် တစ်ခွေလည်း နိုဝင်ဘာလထဲမှာ ထွက်ရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။ ACM : အစ်မရဲ့ တစ်ကိုယ်တော် စီးရီးသစ်မှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေပဲ သီးသန့် ပါဝင်မှာပါ။ ခွေထဲမှာ ပါမယ့် တချို့ သီချင်းလေးတွေကို ပရိသတ်တွေ ကြိုတင် နားထောင်ခွင့် ရအောင် အစ်မရဲ့ Facebook Page မှာ တင်ပေးထားပါတယ်။ စီးရီးအကြောင်း အသေးစိတ်ကိုတော့ ခွေထွက်ဖို့နီးတဲ့ အချိန်မှာ ပြန်ပြောပြပေးပါမယ်။ Voice : ရန်ကုန်မှာ One Lady Show လုပ်ပြီးရင် မန္တလေးမြို့မှာလည်း တစ်ပွဲထပ်လုပ်မယ်လို့ သိရပါတယ်။ အဲ့ဒီပွဲအကြောင်း လည်း သိပါရစေ။ ACM : အစ်မရဲ့ One Lady Show ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်မှာ စလုပ်ပါမယ်။ ပွဲလုပ်မယ့် နေရာကိုတော့ လောလောဆယ် သုံးနေရာတော့ လျာထားပါတယ်။ အဲ့ဒီအထဲကမှ ပရိသတ်တွေအတွက် အဆင်ပြေဆုံး ဖြစ်မယ့်နေရာ တစ်ခုကို အစ်မတို့ ရွေးနေပါတယ်။ မန္တလေးမှာ လုပ်မယ့်ပွဲကတော့ အစ်မနဲ့ အမျိုးသားအဆိုတော် တစ်ယောက်ရဲ့ ပွဲပါ။ Voice : ပရိသတ်တွေနဲ့ ဝေးနေရတဲ့ အချိန်တွေမှာ ဂီတနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖြစ်လဲ။ ACM : အမှန်အတိုင်း ပြောရရင် အစ်မ ပရိသတ်တွေနဲ့ ဝေးနေတဲ့အချိန်မှာ ဂီတနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား လုပ်ဖြစ်တာမျိုး မရှိခဲ့ပါဘူး။ မိသားစုအတွက်ကိုပဲ အချိန်ပေးနေရတာ များပါတယ်။ အခုမှ ဂီတလှုပ်ရှားမှုတွေကို ပြန်စလုပ်ရမှာပါ။ အစ်မရဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပြန်ပြီး တွေ့ဆုံချင်ပါတယ်။ Voice : မြန်မာနိုင်ငံကနေ အစ်မ ထွက်သွားတဲ့ အချိန်က ဂီတလောကမှာ အအောင်မြင်ဆုံး အချိန်လို့ ပြောလို့ ရတယ်နော်။ အဲ့ဒီတုန်းက ခံစားမှုတွေကို ပြန်ပြောင်း ပြောပြပေးပါဦး။ ACM : အဲ့ဒီအချိန်ကာလက အစ်မရဲ့ဘဝမှာ အအောင်မြင်ဆုံး အချိန်ဖြစ်ခဲ့သလို၊ ခံစားမှုမျိုးစုံနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ အောင်မြင်မှု နောက်ကွယ်က ရလာတဲ့ အတွေ့အကြုံတွေက ခါးသီးမှုက ပိုကြီးမားခဲ့ပါတယ်။ အဲ့ဒီ အကြောင်းတွေသာ ဝတ္ထုတစ်ပုဒ်ဆိုရင် လူကြိုက်များမယ့် ဇာတ်လမ်း ဖြစ်မယ် ထင်ပါရဲ့။
Source : http://goo.gl/cvhX4h
via IFTTT

No comments:

Post a Comment