Saturday, August 6, 2016


ဧရာ၀တီတိုင်း ဒေသကြီးအတွင်း မြို့နယ်ငါးမြို့နယ်ရှိ လယ်ယာများတွင် ရွှေခရုများ ၀င်ရောက်ဖျက်ဆီးမှုကြောင့် လယ်ဧက အများအပြား ပျက်စီး ဧရာ၀တီတိုင်း ဒေသကြီးအတွင်း ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဒေးဒရဲမြို့နယ်များရှိ မျိုးစပါး လယ်ယာမြေများတွင် ရွှေခရုများ ၀င်ရောက်ကိုက်ဖြတ် ဖျက်ဆီးမှုကြောင့် လယ်ဧကသောင်းချီ ပျက်စီးပြီး တောင်သူများမှာ ရွှေခရုများကို နှိမ်နင်းရန် အခက်အခဲများ ဖြစ်နေရကြောင်း သတင်းရရှိသည်။ ရွှေခရုများ ၀င်ရောက်ကိုက်ဖြတ်မှုကြောင့် ပျိုးထောင်ပျိုးကြဲပြီးခါစ လယ်ယာမြေများတွင် ပျိုးပင်များ အကုန်ပျက်စီးသည်အထိ ကြုံတွေ့နေရပြီး၊ အကြိမ်ကြိမ် ထပ်မံစိုက်ပျိုးနေရကြောင်း၊ ထပ်မံစိုက်ပျိုးသည့် လယ်ယာမြေများတွင်လည်း ခရုများ ထပ်မံကျရောက်မှုကြောင့် မျိုးစပါးများ ၀ယ်ယူ၍ မရရှိတော့ခြင်း၊ စိုက်ပျိုးချိန် ကျော်လွန်သည်အထိ စိုက်ပျိုး၍ မရခြင်းများ ဖြစ်ပေါ်နေပြီး ခရုများကို နှိမ်နင်းရန်အတွက် ထုတ်လုပ်ထားသော ပိုးသတ်ဆေးများကိုလည်း အစိုးရမှ ပိတ်ပင်ထားခြင်းကြောင့် တောင်သူများ အနေဖြင့် လယ်ယာစိုက်ပျိုးရန်နှင့် သွင်းအားစုများ ထပ်မံဖြည့်တင်းနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း တောင်သူများထံမှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://ift.tt/2aVPeII
Source : http://ift.tt/2aVPeII
via IFTTT

No comments:

Post a Comment