တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိ ကချင်ပြည်နယ် ကာမိုင်းမြို့နယ် ဒွန်ဘန်-ရှဒူဇွပ်နယ်မြေမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် တရားမဝင် ရွှေတူးဖော်တဲ့ တဖက်နိုင်ငံသား ၈ ဦးကို ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။ ရှဒူဇွပ်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၂ ၇က်အတွင်း တရားမဝင် ရွှေတူးဖော် လုပ်ငန်းတွေမှာ သုံးတဲ့ ဘက်ဟိုးယာဉ် ၁၇ စီး၊ ၂၂ ဘီးတွဲယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၃ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ရွှေဖောင် ၁၃ ခုတို့ကို သိမ်းဆည်းရမိပြီး တရားမဝင်ရွှေတူးဖော်လုပ်ငန်း ဆောင်ရွက်နေတဲ့ တဖက်နိုင်ငံသား ၈ ဦးကိုလည်း ဖမ်းမိတာလို့ ဆိုပါတယ်။ ဒါ့အပြင် ရှဒူဇွပ်ကျေးရွာရဲ့ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ တရားမဝင် ရွှေတူးဖော်တဲ့နေရာ ပတ်ဝန်းကျင်မှာ သြဂုတ် ၃ ရက် မနက်က ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးဌာနက ဗိုလ်မှူးကြီး နော်ဘိုကတော့ သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အစိုးရတပ်ကြား မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ အစိုးရတပ်ဟာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၁၄ နဲ့ နီးတဲ့ဘက်ကို ရောက်လာတာကြောင့် ထောင်ထားတဲ့ လုံခြုံရေးမိုင်းတွေ ပေါက်ကွဲပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Source : http://ift.tt/2b14Rz8
via IFTTT
No comments:
Post a Comment