ဗီယက်နမ်-ထိုင်း ဗိုလ်လုပွဲ ဂိုးဝင်မဝင်ကိစ္စ ဒိုင်လူကြီးများ ရှင်းလင်း (ရုပ်သံ) ဥပဒေ အရ ဂိုးဝင်မဝင်မရှင်းလင်းရင် ဂိုးပေးလို့ မရကြောင်း ဖီဖာအသိအမှတ်ပြု မြန်မာ ဒိုင်လူကြီးတွေက သြဂုတ် ၅ ရက်နေ့ညကပြုလုပ်ခဲ့တဲ့ AFF အမျိုးသမီးချန်ပီယံရှစ်ဗိုလ်လုပွဲမှာ ဂိုးဝင်မဝင် အငြင်း ပွားနေမှုနဲ့ ပတ်သတ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ “ဂိုးဝင်မဝင်ဆုံးဖြတ်ရမှာက စည်းကြပ်ဒိုင်ကို တာဝန်ပေးထားတာပါ။ ဒါကြောင့် ဒိုင်လူ ကြီးက စည်းကြပ်ဒိုင်ရဲ့ ဆုံဖြတ်ချက်အတိုင်း ဂိုးမပေးဘူး။ ကျနော်က ကွင်းအပေါ်က ကြည့်နေတော့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။ ဗွီဒီယိုတော့ ပြန်ကြည့်ရပါတယ်။ ဘောလုံး အောက်ခြေက စည်းကျော်ပေမယ့် အပေါ်ကနေ တိုင်းကြည့်လို့ အောက်ကဂိုး စည်းနဲ့ မလွတ်ရင် ဥပဒေအရ ဂိုးအဖြစ် မသတ်မှတ်ပါဘူး” လို့ FIFA အသိအမှတ်ပြု မြန်မာဒိုင်လူကြီး ဦးလှမင်းက ဒီဗွီဘီကို ပြောပါတယ်။ AFF အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဗီယက်နမ် အမျိုးသမီးအသင်းနဲ့ ထိုင်းအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာမှာ ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီနဲ့ သရေပွဲဖြစ်နေခဲ့လို့ အချိန်ပို၊ ပင်နယ်တီတို့ထိ ဆက်ခဲ့ပါတယ်။ ပင်နယ်တီ ကန်သွင်းတာမှာ ၆ လုံးမြောက်ပင်နယ်တီကို ဗီယက်နမ်က ကန်သွင်းတာမှာ ထိုင်းဂိုးသမား ဂိုးစည်းပေါ်ကနေ ဖြတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကို ဂိုးစည်းကိုကျော်ပြီး ဂိုးဝင်သွားခဲ့တယ်လို့ အငြင်းပွားဖွယ် ဖြစ်ရပ်ဖြစ်ခဲ့တာပါ။ ဒီပွဲမှာကွင်းလယ်ဒိုင်အဖြစ် မြန်မာဒိုင် ဒေါ်စန်းစန်းသိန်း၊ စည်းကြပ်ဒိုင် ၁ အဖြစ် စင်ကာပူက မီဟာနာဆာနဲ့ စည်းကြပ်ဒိုင် ၂ အဖြစ် ဖိလစ်ပိုင်က အယ်လ်ဘာနိုတို့က ကိုင်တွယ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ အခြားဒိုင်လူကြီးတွေကလည်း ဂိုးဝင်တာ မဝင်တာနဲ့ပတ်သက်လို့ AFF ကလည်း သူတို့အနေနဲ့ ဗွီဒီယိုဖိုင်တွေကို ပြန်ကြည့်ပြီးတော့ မကြာခင်မှာ အဖြေထုတ်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2atqVhv
via IFTTT
No comments:
Post a Comment