Saturday, August 6, 2016

www.7daydaily.com

နာဂဒေသတွင် လူ ၄၀ ခန့် သေဆုံးစေခဲ့သော ကူးစက်ရောဂါမှာ ဝက်သက်ရောဂါအစုလိုက် ဖြစ်ပွားခြင်းဟု အစိုးရအတည်ပြု Saturday, August 6, 2016 နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ လဟယ်နှင့် နန်းယွန်းမြို့ နယ်တို့ရှိ ကျေးရွာကိုးရွာတွင် လူ ၄၀ ခန့် သေဆုံးခဲ့သော အမျိုးအ မည်မသိ ကူးစက်ရောဂါသည် ဝက်သက်ရောဂါအစုလိုက်ဖြစ် ပွားခြင်းဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အတည်ပြု ပြောကြားသည်။ ‘‘အဓိကကတော့ ဝက်သက် ဖြစ်တာပေါ့။ ကလေးတွေ ဝက် သက်ဖြစ်တယ်။ အဲဒီက သွေးအ ဖြေတွေကို မုံရွာကနေတစ်ဆင့် ရန်ကုန်ပို့တယ်။ ရန်ကုန်ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲခန်းဌာနက နေ လူနာသုံးဦးမှာ ဝက်သက်ပိုး တွေ့တယ်။ အဲဒါနဲ့ ဝက်သက်ရော ဂါအစုလိုက်ဖြစ်ပွားမှုလို့ သတ် မှတ်တယ်’’ ဟု ၎င်းက ပြောသည်။ အဆိုပါရောဂါ စတင်ဖြစ် ပွားချိန်တွင် ရောဂါအမျိုးအမည် တိကျစွာမသိရခြင်းကြောင့် အ မည်မသိသောကူးစက်ရောဂါဟု ကနဦး သတ်မှတ်ခဲ့ကြခြင်းဖြစ် သည်။ဇွန်လဆန်းမှ ရောဂါစတင် ဖြစ်ပွားခဲ့ကာ ကူးစက်ခံရသူ ၁၀၀နှင့် ၂၀၀ ကြားရှိပြီး သြဂုတ် ၅ရက်အထိ လဟယ်မြို့နယ်မှ ကျေးရွာငါးခု၌ လူဦးရေ ၂၅ဦး သေဆုံးခဲ့ပြီး နန်းယွန်းမြို့နယ်မှ ကျေးရွာလေးခုတွင် လူဦးရေ ၁၃ ဦးနှင့် စုစုပေါင်း ယင်းရောဂါကြောင့် သေဆုံးသူဦးရေမှာ ၃၈ ဦးရှိလာသည်။ ကလေး၊ လူကြီးမရွေးဖြစ် ပွားသော်လည်း သေဆုံးသူအများ စုသည် ကလေးငယ်များဖြစ်ပြီး ကလေးငယ်များသည် ကိုယ်ခံ အားနည်း၍ ရောဂါပိုးဝင်ရောက် ချိန်တွင် အဆိုပါရောဂါဒဏ်ကို မ ခံစားနိုင်သဖြင့်သေဆုံးသည်ကို တွေ့ရကြောင်း နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဦးကေ ဇီရန်ကပြောသည်။ ထို့ကြောင့် ယင်းဒေသများ တွင် ဝက်သက်ရောဂါထိန်းချုပ် ခြင်း၊ ဝက်သက်ကာကွယ်ဆေး ထိုးခြင်းနှင့် ကျေးရွာများသို့ အ ရောက်သွား၍ ဆေးကုသပေး ခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသိရသည်။ ‘‘ဒါတွေ ကွင်းဆင်းဆောင် ရွက်ပေးဖို့ ဗဟိုက အဖွဲ့သွားပါ ပြီ။ နေပြည်တော်တပ်မတော် ဆေးရုံက အထူးကုဆရာဝန်တွေ ရယ်၊ ခန္တီးက တပ်မတော်အထူး ကုဆရာဝန်တွေအကုန်ပေါင်းပြီး ရောဂါထိန်းချုပ်ရေးကို ဆောင် ရွက်သွားမှာပါ’’ဟု ဒေါက်တာ သန်းထွန်းအောင်ကဆက်လက် ပြောကြားသည်။ ‘‘အခုထိသေတဲ့သူတွေ တိုး နေသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအပြည့်အဝလိုနေ တယ်။ လက်ရှိမှာ ဖြစ်ပွားနေတဲ့ သူတွေရှိနေတုန်းပဲ။ ဖြစ်နေတဲ့ လူ ဦးရေက ၁၀၀ကနေ ၂၀၀ကြား ရှိ နေတယ်။ အဲဒီကျေးရွာတွေက သွားရင် ဆိုင်ကယ်တစ်ဝက်၊ခြေ လျင်တစ်ဝက်နဲ့ သုံးရက်လောက် အချိန်ယူရတယ်။ အခုထိတော့ တိုင်းကျန်းမာရေးအဖွဲ့ကပဲ ကျန်း မာရေးစောင့်ရှောက်မှုပေးနေတာ ရှိတယ်’’ဟု လဟယ်မြို့နယ်တိုင်း ဒေသကြီး(၁) လွှတ်တော်ကိုယ် စားလှယ်ဦးလော်ရုံကပြောသည်။ အစိုးရ၏ ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ဝက် သက်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၅ခုနှစ်မှ စတင်ထည့်သွင်းထိုးနှံပေးခဲ့သော်လည်း ဝေးလံခေါင်ဖျားသော ဒေသများတွင်မူ ကာကွယ်ဆေးထိုးလွှမ်းခြုံနိုင်မှု အားနည်းနေသေးကြောင်း သတင်းရရှိသည်။ #7day daily @LH ရောဂါကူးစက်ခံထားရသော ကလေးငယ်တစ်ဦး၏ ရင်ဘတ် (ဓာတ်ပုံ - U Aung Htut khamti)
Source : http://ift.tt/2aMXcB3
via IFTTT

No comments:

Post a Comment