ညှိနှိုင်းမှုအဆင်မပြေသဖြင့် မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် စဉ့်ကိုင် ပန်ဒါချည်မျှင်အထည်နှင့် အချော ကိုင်စက်ရုံ (ပလိပ်) မှ အလုပ်သမားများ (ရုပိသံ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းမှာရှိတဲ့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ (ပလိပ်)က အလုပ်သမားတွေဟာ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ကို လာ ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေးတွေ ရရှိရေးအတွက် ထိုင်သပိတ်အဖြစ် ဆန္ဒ ထုတ်ဖော်နေကြတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အခုလို မန္တလေးကို လာရောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
Source : http://ift.tt/2bctIfQ
via IFTTT
No comments:
Post a Comment