Wednesday, August 3, 2016

Eleven Media Group

တရုတ်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး ဖြတ်သန်း သွားလာသူအချို့ ပြုတ်ကျပျောက်ဆုံး တရုတ်နိုင်ငံတွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ပြီး လမ်းပိုင်းတစ်ခုပျက်စီးခဲ့ကာ ဖြတ်သန်းသွားလာသူ လူတစ်ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဟီနန်ပြည်နယ်ရှိ ကျန်းကျိုးမြို့ထဲတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ်အတွင်း ဖြစ်ပေါ်လာသည့် အလျား ၃၀ မီတာ၊ အကျယ် ၂၀ မီတာနှင့် ကိုးမီတာနက်သည့် တွင်းကြီးထဲသို့ လူသုံးဦးထက်မနည်း ပြုတ်ကျခဲ့သည်ဟု မျက်မြင်သက်သေများ၏ ပြောစကားကို Beijing Youth Daily သတင်းစာက ကိုးကားဖော်ပြခဲ့သည်။ ကနဦး စုံစမ်းစစ်ဆေးရာတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းအောက်တွင် မြှုပ်ထားသည့် ရေပိုက်များ ကျိုးပဲ့ခြင်းကြောင့် မြေပြိုကျမှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားကြောင်း ပြည်နယ်ရှိ မီးသတ်သမားများက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။ တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ပြုတ်ကျခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့သည်ဟု Beijing Youth Daily တွင် ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် ဩ ဂုတ် ၂ ရက်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် လျှပ်စစ်စက်ဘီး သုံးစီး၊ အိတ်များ၊ ဖိနပ်များနှင့် အ၀တ်အစားအချို့ကို တွေ့ရှိခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံ၏ တစ်ရှိန်ထိုး တိုးတက်လာမှုများကြောင့် တရုတ်နိုင်ငံတွင် တွင်းပေါက်များ ဖြစ်ပေါ်မှုသည် ထူးဆန်းသည့် အကြောင်းအရာ မဟုတ်ပေ။
Source : http://ift.tt/2ai4Zdk
via IFTTT

No comments:

Post a Comment