Pokemon Go ကို မြန်မာနိုင်ငံမှာ တရားဝင် ကစားနိုင်ပြီ (Unicode Version) ပြီးခဲ့တဲ့ ဇူလိုင်လက နေ့ချင်းညချင်း အောင်မြင်သွားတဲ့ Game လေး တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Pokemon Go ဆိုတဲ့ Game လေးပါပဲ။ Pokemon Go ကို စတင်အသုံးပြုခွင့်ပေးလိုက်တဲ့ အချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းအသုံးပြုသူပေါင်း ဘီလီယံနဲ့ ချီပြီး ရရှိသွားခဲ့ပါတယ်။ Pokemon Go ကို တီထွင်ဖန်တီးခဲ့တဲ့ ဖန်တီးရှင် John Hanke ဟာလည်း နေ့ချင်းညချင်းဆိုသလို အောင်မြင်မှု သရဖူကို ဆောင်းသွားနိုင်ခဲ့ပါတယ်။ Pokemon Go ရဲ့အောင်မြင်မှုကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးပြုနေကြသူများက လမ်းများပေါ်တွင် Pokemon Go မှာပါဝင်တဲ့ ဇာတ်ကောင်လေးတွေကို အလုအယက် ရှာဖွေကာ ကစားနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က မြန်မာနိုင်ငံမှာ ကစားခွင့် မပေးခဲ့သေးပါဘူး။ မြန်မာနိုင်ငံက Pokemon Go ကို ကစားချင်သူများကတော့ အမျိုးမျိုး နယ်မြေကန့်သတ်ချက်များကို ကျော်လွှားကာ ကစားခဲ့ကြပါတယ်။ အခုချိန်မှာတော့ Pokemon Go ကို မြန်မာနိုင်ငံမှာ တရားဝင် ကစားခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် လူတိုင်းက Pokemon Go ကို ကစားနေကြပါပြီ။ ပန်းခြံတွေ၊ လမ်းတွေပေါ်မှာ Pokemon Go ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်လေးတွေကို ဖမ်းဖို့အတွက် ကြိုးစားနေကြပါတယ်။ Pokemon Go ကို ဖန်တီးသူဟာ Google Map နဲ့ ပေါင်းစပ်ကာ ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ တည်နေရာကနေ Pokemon Go မှာ ပါဝင်တဲ့ ဇာတ်ကောင်လေးတွေကို ဖမ်းဖို့အတွက် အခြားတစ်နေရာကို သွားကာ ရှာဖွေရမှာဖြစ်ပါတယ်။ Pokemon Go ကို ကစားချင်သူများအနေနဲ့ Android မှာတော့ Google Play Store ကနေ ရှာဖွေကာ download လုပ် ကစားနိုင်သလို iOS အသုံးပြုသူများအနေနဲ့ကတော့ App Store မှာ ရှာဖွေကာ Download ပြုလုပ် ကစားနိုင်ပါတယ်။ Aung Ko Htet (Co- Founder of Software City) @LH
Source : http://ift.tt/2aBYhAs
via IFTTT
No comments:
Post a Comment