တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်တွင် သည်းထိတ်ရင်ဖို ဖန်သားလျှောက်လမ်းသစ်ဖွင့် တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်တွင် သည်းထိတ်ရင်ဖိုဖြစ်ဖွယ်ရာ ဖန်သားဖြင့် ပြုလုပ်ထားသည့် ကောင်းကင် လျှောက်လမ်းသစ် တစ်ခုကို တီယန်မင် တောင်ကမ်းပါးယံ၌ တည်ဆောက်ပြီးစီးခဲ့၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် သြဂုတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။ အရှည်မီတာ ၁ဝဝ (၃၂၈ပေ) နှင့် မြေပြင်မှ အမြင့်ပေ ၄၆ဝဝ (၁၄ဝ၂ မီတာ) ရှိ ပျော့ပျောင်းသည့် ဟန် အနေအထားရှိသော Coiling Dragon Cliff ဖန်သား လျှောက်လမ်းကို ကျန်ကျာကျီ အမျိုးသား သစ်တော ဥယျာဉ်ရှိရာ ဟူနန်ပြည်နယ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရန် ရည်ရွယ်ကာ သြဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွားများသည် ဖန်သား လျှောက်လမ်းပေါ်မှ နေ၍ ဟူနန်ပြည်နယ် အတွင်းရှိ ကျေးလက်ဒေသနှင့် သဘာဝ တောတောင်အလှကို ရှုမြင် ခံစားနိုင်မည်ဟု သိရသည်။
Source : http://ift.tt/2aFG2ri
via IFTTT
No comments:
Post a Comment