Saturday, August 6, 2016

ငွေကြေးအခြေခံ အဆောက်အအုံ မတည်ငြိမ်မီ SME များကို ငွေချေးပါက ဈေးကွက်မတည်မငြိမ်ဖြစ်နိုင်ြေ�

ငွေကြေး အခြေခံ အဆောက်အအုံ မတည်ငြိမ်မီ SME များကို ငွေချေးပါက စျေးကွက် မတည်မငြိမ် ဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော (ပြည်သိမ်း) အသေးစားနှင့်အလတ် စားလုပ်ငန်း(SME)များကို ဘဏ် စနစ်နှင့် ချိတ်ဆက်ပြီး ချေးငွေရ ယူလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်က ပြောကြား သော်လည်း ငွေကြေး အခြေခံအဆောက်အအုံ အားနည်းချက် ကြောင့် ချေးငွေများ ထုတ်ပေးပါက ငွေကြေးစျေးကွက်မတည်ငြိမ်မှုများဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောသည်။ လက်ရှိအစိုးရသည် နိုင်ငံ့ စီးပွားရေးမြှင့်တင်ရန် အသေးစား နှင့် အလတ်စား လုပ်ငန်းများကို ကျောရိုး ထားကြောင်း သြဂုတ် ၃ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ယူနိုက်တက် အမရာဘဏ်တို့ ၏ Trad Finance Program လက်မှတ်ရေးထိုးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ‘‘ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို မြှင့်ဖို့အတွက် ကျွန်တော် တို့ မျှော်မှန်းထားတာကတော့ SME မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကို SME ကို ကျောရိုးထားထူထောင် ချင်ပါတယ်’’ ဟု ဝန်ကြီးချုပ်က ပြောသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်ရန် အလတ်စားစီးပွားရေး တိုးတက်ရန် လိုအပ်ပြီး အကြီးစား လုပ်ငန်းများ ကိုလည်း အချိန် ယူလုပ်ဆောင်နိုင်မည်ဟု ဝန်ကြီး ချုပ်က ပြောသည်။ အသေးစား၊ အလတ်စား လုပ်ငန်းများကို ဘဏ်စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မှု သည် ဂျာမနီနိုင်ငံတွင် များစွာ အောင်မြင်မှုရရှိပြီး ယင်း နိုင်ငံ စီးပွားရေး၏ အဓိက မောင်းနှင်အား တစ်ခုဖြစ်ခဲ့ကြောင်း ၎င်းက ဆို သည်။ ‘‘SME တွေကို ငွေများများ ချေးဖို့ ဝန်ကြီးချုပ်က ပြောသွား တယ်။ ဒါ မှန်ပါတယ်။ ဒါပေမဲ့ SME တွေကို ငွေချေးဖို့အတွက် အခြေခံအဆောက်အအုံတွေ လို ပါတယ်။ အခြေခံအဆောက်အအုံ မရှိဘဲ ငွေများများ သွားချေးလိုက် မိရင် ငွေကြေးကဏ္ဍကြီးတစ်ခုလုံး ရဲ့တည်ငြိမ်မှုကို ထိခိုက်လိမ့်မယ်’’ ဟု ဒေါက်တာဆက်အောင် က ပြောသည်။ အခြားသော နိုင်ငံများ၏ ဘဏ်များတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ငွေချေး မည်ဆိုပါက ၎င်းတို့နှင့် ပတ်သက်သည့် အသေးစိတ် သတင်း အချက်အလက် ကျွမ်းကျင်သူ ပညာရှင်များနှင့် စိစစ်ပြီးမှ ငွေချေးလေ့ရှိသည်။ ထို့အပြင် ငွေရေးကြေးရေး အခြေခံအဆောက်အအုံပိုင်းနှင့် ပတ်သက်၍ ဘဏ်အတွင်းသာမ က ဘဏ်ပြင်ပ၌ ရှိသော ငွေကြေး လုပ်ငန်းအားလုံး၏ သတင်းအ ချက်အလက်များသိရှိရန် ချေးငွေနှင့်ဆိုင်သော သတင်း အချက်အလက် ဗျူရို (Credit Information Bureau)ကို ဖွဲ့စည်းရန် လိုအပ် ကြောင်း ဒေါက်တာဆက်အောင် က ပြောသည်။ ချေးငွေနှင့် ဆိုင်သော သ တင်းအချက်အလက်ဗျူရိုဖွဲ့စည်း ပါက အသေးစား၊ အလတ်စား လုပ်ငန်းများသာမက ဘဏ်ဝန် ဆောင်မှုကို အသုံးပြုနေသော ဖောက်သည်များထံမှ သတင်းအ ချက်အလက်ရရှိသဖြင့် ၎င်းတို့ကို ဘဏ် အဖွဲ့အစည်းက ပိုမိုယုံ ကြည်မှုရရှိမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။ အသေးစား၊ အလတ်စား လုပ်ငန်းများကို ငွေချေးမည်ဆိုပါ က လက်ရှိ အာမခံအဖြစ် အပေါင်ထားရှိရသည့် မြေ၊ ခြံများသာမက ရွေ့လျားနိုင်သည့် ကျွဲ၊ နွား၊ ထွန် စက်တို့အပြင် အနာဂတ်တွင် လုပ် ဆောင်မည့် စီမံချက် များကိုလည်း အပေါင်ထားခွင့် ပေးရမည်ဖြစ် သည်။ ထို့ကြောင့် ချေးငွေနှင့်ဆိုင်သော သတင်း အချက်အလက် ဗျူရို အဖွဲ့အစည်း မရှိလျှင် ငွေကြေး ကဏ္ဍ တည်ငြိမ်မှုအား ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဦးဆက်အောင်က ပြောသည်။
Source : http://ift.tt/2aPNcID
via IFTTT

No comments:

Post a Comment