လှည်းတန်းတ၀ိုက်တွင် အများပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေသည်အထိ လိုက်လံတောင်းရမ်းနေသည့် ကလေးငယ် ဆယ်ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်း(ရုပ်သံ) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်တန်းအနီးတ၀ိုက်မှာ အများပြည်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အထိ လိုက်လံတောင်းရမ်းနေတဲ့ ကလေးငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်က ကမာရွတ်မြို့နယ်၊ လှည်းတန်း လူကူးခုံးကျော်တံတားအနီးမှာ ကလေးငယ် တစ်စုက ခရီးသွားလာနေတဲ့ ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ အတင်းအကြပ် လိုက်လံ တောင်းရမ်း နေတယ်လို့ သတင်းပေး တိုင်ကြားတာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာ၀န်ရှိသူတွေက သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Source : http://ift.tt/2aC9IYE
via IFTTT
No comments:
Post a Comment