မိုင်တဲလ်က ဖိုက်ဘာအင်တာနက်လိုင်းရောင်းချသည့် ဈေးကွက်သို့ ဝင်ရောက်မည်ဟုဆို ဆက်သွယ်ရေးအော် ပရေတာသစ် မိုင်တဲလ်က ဖိုက် ဘာအင်တာနက်လိုင်းရောင်းချ သည့် ဈေးကွက်သို့ ဆက်လက် ဝင်ရောက်မည်ဟု မိုင်တဲလ်အော် ပရေတာ ပြင်ပဆက်ဆံရေးအရာ ရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။ မိုင်တဲလ်အော်ပရေတာအနေဖြင့် လပိုင်းအတွင်း စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်ကို ဖိုက်ဘာ အင်တာနက်လိုင်းရောင်းချခဲ့ သည်ဟု ၎င်းက ဆိုသည်။ ‘‘Broadband ကို ဖိုက်ဘာ ပေါ်ကနေ ရောင်းချပေးနေတာ ပါ’’ဟု ဦးဇော်မင်းဦးက ပြောသည်။ ဖိုက်ဘာအင်တာနက်လိုင်း ကို စီးပွားရေးလုပ်ငန်းသုံးအနေ ဖြင့်သာ ရောင်းချပြီး ကြိုးမဲ့အင် တာနက်လိုင်းစနစ်ကို ရောင်းချ ရန် အစီအစဉ်မရှိသေးကြောင်း ၎င်းက ပြောသည်။ မိုင်တဲလ်သည် အမြန်နှုန်း 5Mbps, 10Mbps, 15Mbps သုံးခုကို ရောင်းချသည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ တပ်ဆင်ကြေး ကျပ် ၆၀,၀၀၀ ကောက်ခံသည့် အဆိုပါအမျိုးအစားသုံးခုအတွက် တစ်လ သုံးစွဲခ ကျပ် ၄၉,၀၀၀ မှ ကျပ် ၁၂၂,၀၀၀ အထိ ကောက်ခံခဲ့ သည်။ ဖိုက်ဘာအင်တာနက်လိုင်း ရောင်းချသည့် ဈေးကွက်သည် ၂၀၁၇ ဇွန်လကစ၍ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး လက်ရှိတွင် အော် ပရေတာများပါဝင်ပါက ကုမ္ပဏီ၁၀ ခုနှင့်အထက် ဈေးကွက်အ တွင်း ပြိုင်ဆိုင်နေသည်ဟု 5BB ဖိုက်ဘာအင်တာနက် ကုမ္ပဏီ ဈေးကွက်တာဝန်ခံ ဦးမျိုးမြင့်ညွန့် က ပြောသည်။ ‘‘ပြိုင်နေကြတာပဲ။ ရေရှည် မှာတော့ ဈေးကွက်ထဲမှာ ဘယ် သူကျန်ခဲ့မလဲတော့မသိဘူး။ ရေ ရှည်ရပ်တည်နိုင်ဖို့က အခက်အခဲ ရှိတယ်။ စောင့်ကြည့်ရမှာပဲ’’ဟု ၎င်းက ပြောသည်။ အော်ပရေတာများအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီနောသည် ကိုယ်ပိုင်အ နေဖြင့် ဖိုက်ဘာအင်တာနက်လိုင်း ကို ရောင်းချပြီး အူရီးဒူးသည် ရတနာပုံတယ်လီပို့ အများပိုင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ဖိုက်ဘာ အင်တာနက်လိုင်းရောင်းချသည်။
Source : https://ift.tt/2zbpCon
via IFTTT
No comments:
Post a Comment