စိတ်ဓာတ်ကျနေတဲ့အခါ စားသင့်တဲ့ အစားအစာ ၈ မျိုး စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ဆက်စပ်နေပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါတရားထိုင်၊ အလုပ်လုပ်၊ မိသားစု သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပြီး ကုသနိုင်သလို ဒီလိုအစားအစာတွေ စားသုံးပြီးတော့ သက်သာအောင် လုပ်ကြည့်လို့ရပါတယ်။ ဒါကြောင့် သင်ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတဲ့အခါ ဒီအစားအစာ ၈ မျိုးကို စားသုံးကြည့်ပါ။ (၁) လက်ဖက်စိမ်း ၂၀၀၉ ခုနှစ်က လေ့လာတွေ့ရှိချက်အရ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့အတွက် လက်ဖက်စိမ်းဟာ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။ လက်ဖက်စိမ်းသောက်သုံးခြင်းက သင့်ကိုကျန်းမာစေသလို သူ့မှာပါဝင်တဲ့ဓာတ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ (၂) မက်မွန်စေ့ မက်မွန်စေ့က မဂ္ဂနီဆီယမ်ဓာတ်ပြည့်ဝစွာပါဝင်ပြီး ဦးနှောက်ထဲမှာ ကောင်းမွန်တဲ့ခံစားချက်ကို ပေးတဲ့ Serotonin ကို ထုတ်ပေးပါတယ်။မဂ္ဂနီဆီယမ်ဓာတ်နည်းပါးတဲ့အခါ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေတာကြောင့် မဂ္ဂနီဆီယမ်ဓာတ်ပြည့်ဝ စွာပါဝင်တဲ့အစားအသောက်ကို စားသုံးပါ။ (၃) ဆော်လမွန် ဆော်လမွန်ငါးတွေမှာ စိတ်ဓာတ်ကျခြင်းကို တိုက်ခိုက်ပေးမယ့် အိုမီဂါ ၃ ဖက်တီး အက်ဆစ်ပါဝင်ပါတယ်။ ဆော်လမွန်ငါးဟာ သွေးလည်ပတ်ခြင်းကို အားကောင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ချေလျော့နည်းစေပါတယ်။ (၄) ဥ ဥတွေက ပရိုတင်းဓာတ်နဲ့ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သူတို့တွေကလည်း စိတ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ (၅) ငှက်ပျောသီး ငှက်ပျောသီးမှာလည်း Serotonin ဓာတ်ကို မြင့်စေတဲ့ Tryptophan ကြွယ်ဝစွာပါဝင်ပါတယ်။ အိပ်မပျော်ခြင်းနဲ့ အခြားသော စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ရောဂါလက္ခဏာအချို့ကို ငှက်ပျောသီးနဲ့ ကုသနိုင်ပါတယ်။ (၆) ထောပတ်သီး ထောပတ်သီးမှာလည်း အိုမီဂါ ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးနဲ့ ဦးနှောက် လုပ်ဆောင်မှုအတွက် အရးပါတဲ့ ပိုတက်စီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။ (၇) ဟင်းနုနယ်ရွက် ဟင်းနုနယ်ရွက်မှာက ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ ဇင့် ဓာတ်တွေပါဝင်ပြီး စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ် ပေးနိုင်ပါလိမ့်မယ်။ (၈) ကညွတ် ကညွတ်ဟာလည်း ဗီတာမင်ဘီ 12 ဖောလစ်အက်ဆစ်နဲ့ Tryptophan တွေလည်း ပါဝင်တာကြောင့် စိတ်ကျန်းမာရေး အတွက် အထောက်အကူပြုပါတယ်။ ကဲ… ဒါဆိုရင် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတဲ့အခါ ဒီလိုအစားအစာတွေ စားသုံးကြည့်လိုက်ပါဦး။ The post စိတ်ဓာတ်ကျနေတဲ့အခါ စားသင့်တဲ့ အစားအစာ ၈ မျိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2Kpyv2M
via IFTTT
No comments:
Post a Comment