ကြောင်လေးတွေကို ဂရုစိုက်ဖို့ အခြေခံအချက်များ ကြောင်လေးတွေကိုချစ်သူတိုင်း ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ချင်ကြမှာပါပဲ။ အခြေခံကျန်းမာရေး အချက်အလက် တွေကို သိထားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ မရှိတော့မှာမလို့ အိမ်ကကြောင်လေး တွေကို ဂရုစိုက်ဖို့ အရေးပါတဲ့အချက်လေးတွေဝေမျှ လိုက်ရပါတယ်။ (၁) အစာကျွေးမွေးခြင်း ကြောင်စာဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေ သေချာကြည့်ပြီး ဝယ်ပါ။ ကြောင်လေးတွေက Taurine နဲ့ Amino Acid ဓာတ်တွေလိုအပ်ပြီး အဲ့ဒီအရာတွေက သူတို့အတွက်မျက်စိနဲ့ နှလုံးအားကောင်းစေပါတယ်။ ဒါ့အပြင် သောက်ရေကို နေ့စဉ်ပုံမှန်လဲလှယ်ပေးပါ။ အချို့သောကြောင်တွေက ကြက်သွန်နဲ့ ဂျင်းပါတဲ့အစာတွေကို စားရင်အဆိပ်ဖြစ်တတ်တာ ကြောင့် သင့်ကြောင်က အစာနဲ့ပတ်သက်ပြီး ကြေးများတဲ့အခါ အတင်းမကျွေးပါနဲ့။။ (၂) အမွှေးအမျှင်ဖြီးပေးခြင်း ကြောင်အများစုက ရေချိုးပေးဖို့မလိုပေမယ့် ပုံမှန်အမွှေးတွေကို ဘရပ်ရှ်နဲ့ ဖြီးတာမျိုးလုပ်ပေးသင့်ပါတယ်။ ပုံမှန် အမွှေးအမျှင်ဖြီးပေးခြင်းအားဖြင့် သန့်ရှင်းစေပြီး အမွှေးကျွတ်ခြင်းကို လျော့နည်းစေပါတယ်။ (၃) ပွေ့ချီခြင်း သင့်ကြောင်လေးကို ချီမတဲ့အခါ ရှေ့ခြေနှစ်ချောင်းကနေ ဆွဲမတာမျိုး၊ ဂုတ်ကနေ ဆွဲမတာမျိုးမလုပ်သင့်ပါဘူး။ သူတို့ကို ညင်သာစွာနဲ့ သက်တောင့်သက်သာခံစားရအောင် ပွေ့ချီပါ။ (၄) နေရာ သူတို့အိပ်လေ့ရှိတဲ့ နေရာကိုမှတ်ထားပါ။ သူတို့က သက်သောင့်သက်သာရှိပြီး နွေးထွေးတဲ့ နေရာမျိုးမှာ အိပ်လေ့ ရှိတဲ့အတွက် အဲဒီ့နေရာကို သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။ (၅) ကျန်းမာရေး တချို့သောဆေးတွေကို တိရစ္ဆာန်ဆရာဝန်ရဲ့ ခွင့်ပြုချက်မပါဘဲ မတိုက်ပါနဲ့။ ဒ့ါအပြင် ကာကွယ်ဆေးနဲ့ သန္ဓေတား ဆေးကို ပုံမှန်ထိုးတာမျိုးလုပ်ပေးပါ။ သင့်ကြောင်လေးက ၂ ရက်ထက်ပိုပြီး အော့အန်မယ်၊ အစာမစားဘူး၊ ဝမ်းပျက် ဝမ်းလျှောဖြစ်နေမယ်ဆိုရင် ဆေးခန်းကိုသွားပါ။ ကဲ … အိမ်ကကြောင်လေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ သေချာဂရုစိုက်ကြည့်လိုက်ပါ။ The post ကြောင်လေးတွေကို ဂရုစိုက်ဖို့ အခြေခံအချက်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2tSwVvu
via IFTTT
No comments:
Post a Comment