အလှအပနဲ့ ကျန်းမာရေးအတွက် နွားနို့ရဲ့ အသုံးဝင်ပုံများ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ် များစွာ ပါဝင်တဲ့ နွားနို့ဟာ သောက်သုံးရုံ အတွက်သာမက အလှအပနဲ့ ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတတယ်။ ဒါကြောင့်မို့လို့ ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာရေးအတွက် နွားနို့ရဲ့ အသုံးဝင်ပုံနည်းလမ်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိနိုင်အောင် ရေးသား ဖော်ပြ လိုက်ပါတယ်။ (၁) နွားနို့ဟာ အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရသူတွေအတွက်တော့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ Tryptophan ဓာတ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တာကြောင့် အိပ်ရာ မဝင်ခင် နွားနို့ ပူပူနွေးနွေးလေးတခွက် သောက်သုံးပေးခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။ (၂) မျက်နှာအသားအရေပေါ်က ဝက်ခြံတွေအတွက်လည်း နွားနို့ဟာ အသုံးဝင်လှပါတယ်။ ဝက်ခြံဖြစ်ပေါ်နေတဲ့ အသားအရေနေရာပေါ်ကို နွားနို့အနည်းငယ်စွတ်ထားတဲ့ ဂွမ်းစလေးနဲ့ သုတ်လိမ်းပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ (၃) အသားအရေ နေလောင်တာနဲ့ အင်းဆက်ပိုးမွှားတွေ ကိုက်ခဲတဲ့ အခါမျိုးတွေမှာ နွားနို့ လက်ဖက်ရည်ဇွန်းတဇွန်းနဲ့ ရေအနည်းငယ်တို့ကို ရောပြီးလိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။ (၄) နွားနို့ဟာ ဆံကေသာအတွက် ဆံပင်ပျော့ဆေးအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ နွားနို့ကို သံလွင်ဆီ အနည်းငယ် ဒါမှမဟုတ် ရှာလကာရည်အနည်းငယ်ကို ရောပြီး ခေါင်းမလျှော်ခင် ဆံသားပေါ်ကို လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအား ဖြင့် ဆံသားတွေကိုပျော့ပျောင်း သန်မာစေမှာ ဖြစ်ပါတယ်။ (၅) ဘယ်အသားအရေအမျိုးအစားတွေအတွက်မဆို နွားနို့ကို အသုံးပြုပြီး Facial Mask အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေ အဆီပြန်သူတွေအနေနဲ့ နွားနို့နဲ့ ခရမ်းချဉ်သီး အရည်ကို ရောပြီး မျက်နှာပေါင်းတင် ပေးခြင်းအားဖြင့် အဆီပြန်ခြင်းကိုသက်သာစေပြီး အသားအရေ ကြည်လင်စေမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေ ခြောက်သွေ့သူတွေ အနေနဲ့တော့ နွားနို့ကို ပန်းသီးတလုံးနဲ့ ရောပြီး ကြိတ်ချေထားတဲ့ အရောကို မျက်နှာပေါင်းတင်ပေးခြင်းအားဖြင့် အသားအရေစိုပြည်စေမှာ ဖြစ်ပါတယ်။ ပုံမှန်အသားအရေရှိသူတွေ အနေနဲ့တော့ နွားနို့ကို နို့မှုန့်အနည်းငယ်နဲ့ရောပြီး ပေါင်းတင်ပေးရုံနဲ့ သန့်ရှင်းကြည်လင်တဲ့ အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Ref ; steptohealth.com The post အလှအပနဲ့ ကျန်းမာရေးအတွက် နွားနို့ရဲ့ အသုံးဝင်ပုံများ appeared first on ဧရာဝတီ.
Source : https://ift.tt/2Nqsl0x
via IFTTT
No comments:
Post a Comment