စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ကို ပထမအကြိမ် ရုံးထုတ် Facebook လူမှုကွန်ရက်၌ ပုဂ္ဂိုလ်ရေး ဝေဖန် ရေးသားသည်ဆိုကာ ဖမ်းဆီးခံရသော စစ်တွေ မြို့မိမြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို ယနေ့ မွန်းလွဲပိုင်းက ပထမအကြိမ် စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်သည်။ တရားစွဲခံရသော ဦးအောင်သန်းဝေသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး(ဟောင်း) ဖြစ်သူ ဦးတင်မောင်ဆွေကို ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှ ဝေဖန်ရေးသားမှုနှင့် ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် ပြည်နယ်စိုး ရအဖွဲ့ရုံးမှ အရာ ရှိတဦးက အမှုဖွင့်တိုင် ကြားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးတရားစွဲခံရသူ ဦးအောင်သန်းဝေက“ရခိုင်ပြည်နယ်အစိုးရ ကိုယ်စားအတွင်းရေးမှူး ဦးတင် မောင်ဆွေက လက်မှတ်ထိုးပြီး ကျနော်ကို တိုင်ခဲ့တယ်လေ ။ ဘယ်လိုတရားလိုမျိုး၊ ဘယ်လိုသက်သေ တွေနဲ့ဘယ်လို စွပ်စွဲမလဲ ဆိုတာကို စောင့်ကြည့်ရပါမယ်”ဟု တရားရုံးထုတ်လာစဉ် သတင်းမီဒီယာ များသို့ ပြောကြား ခဲ့သည်။ ဦးအောင်သန်းဝေ ဖမ်းဆီးခံရခြင်းမှာ ရခိုင်ပြည်နယ်မှနေ စစ်ကိုင်းတိုင်းဒေသကြီးတို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင် ခွင့်ကျထားသူ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေအား မပြောင်းရွေ့ရသေးမီ ရက်ပိုင်းအလိုက ပုဂ္ဂိုလ်ရေး ထိခိုက်သည့် စကားများကို ပြောဆိုခြင်း၊ “လူသတ် လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ” ဆိုသည့် စာသားကို ဦးတင်မောင်ဆွေ၏ ခါးကြားတွင် သေနတ်ထိုးထားသည့် ဓာတ်ပုံနှင့် တွဲကာ ဖေ့စ်ဘုတ်၌ တင်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အမှုဖွင့်တိုင်ကြားခံခဲ့ရ သည့် အတွက် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းလည်း ဖြစ်သည်။ ဖမ်းဆီးခံ ဦးအောင်သန်းဝေအား ယနေ့ ရုံးထုတ်ရာတွင် မြို့ခံများနှင့် ၎င်းတို့ မိသားစုဝင်များက လာ ရောက်ဝန်းရံခဲ့ကြပြီး ဇူလိုင်လ ၁၁ ရက်နေ့ကို ဒုတိယအကြိမ်မြောက် ရုံးချိန်းပေး လိုက်ကြောင်း လည်း သိရသည်။ ဦးအောင်သန်းဝေ၏ ဇနီးဖြစ်သူ ဒေါ်အောင်သန်းမြ ကတော့ ခင်ပွန်းဖြစ်သူတွင် အပြစ်မရှိကြောင်းကို တရားဥပဒေကြောင်း အရ ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း သတင်းမီဒီယာများသို့ ပြောကြား ခဲ့သည်။ ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်အမှုအား လိုက်ပါကူ ညီဆောင်ရွက်ပေးနေသူ တဦး ဖြစ်ပြီး၊ အရပ်ဘက် လူမှု အဖွဲ့အစည်း နှင့် ပြည်နယ် အစိုး ရအဖွဲ့တို့ တွေ့ဆုံသည်ပွဲများတွင် အစိုးရ အဖွဲ့၏ အားနည်းချက်များကို ဝေဖန် ထောက်ပြတတ်သူ တဦးလည်း ဖြစ်သည်။ ၎င်းအား အမှုဖွင့်တိုင်ကြားသည့် ပုဒ်မ ၂ ခုတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) မှာ အာမခံရ သော်လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ သည် အာမခံမ ရသဖြင့် အကျဉ်းထောင် အချုပ်ထဲမှနေ တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။ ဆက်စပ်ဖတ်ရှု့ရန် – Facebook ၌ ဝေဖန်ရေးသားမှုကြောင့် စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ဖမ်းခံရ The post စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ကို ပထမအကြိမ် ရုံးထုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2KyNPKO
via IFTTT
No comments:
Post a Comment