တကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ရှိတဲ့ “အဆိုတော်ချမ်းချမ်း” အသံပါဝါ ေကာင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းများစွာကို သီဆိုခဲ့ပြီး ပရိသတ်ကြိုက်နှစ်သက်မှုများစွာကို ရရှိထားတဲ့ တေးသံရှင် ချမ်းချမ်းကတော့ သူမရဲ့ တကိုယ်တော် aဖျာ်ဖြေပွဲများကို သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်သွားဖို့ရှိတယ်လို့ ဧရာဝတီကိုပြောပါတယ်။ “သြစတြေးလျမှာကျတော မြန်မာနိုင်ငံအခြေစိုက် မြန်မာနိုင်ငံကအင်ဂျင်နီယာတွေ ရန်ပုံငွေရှာတဲ့ ပွဲလေးပါ။ ဒါပေမယ့် အစ်မရဲ့ One Lady Show အနေနဲ့ ရန်ပုံငွေရှာပြီးတော့ ပြန်လှူဒါန်းမယ့် သဘောပါ။ ကျမ တတ်နိုင်သမျှ ဒီက သီချင်းလေးတွေရော သူတို့ကြိုက်တဲ့သီချင်းတွေရော လေ့လာပြီးတော့ ဆိုမယ်ပေါ့။ ဟိုမှာလည်း မိသားစုတွေရှိတယ်။ ကျမရဲ့ အစ်မ မိသားစုတွေ ရှိတယ်။ လည်ပတ်ပြီးတော့မှ ပြန်လာမယ်ပေါ့နော်” လို့ ချမ်းချမ်းက ပြောပါတယ်။ ချမ်းချမ်းရဲ့ တကိုယ်တော်ဖျော်ဖြေပွဲများကို သြစတြေးလျနိုင်ငံမှာတော့ စက်တင်ဘာလထဲထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်မှာတော့ ဒီဇင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲ ၂ခုရဲ့ကြားထဲမှာလည်း စင်ကာပူမှာ 3 Lady Show ပြုလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ “သြစတြေးလျနိုင်ငံမှာ က်မရဲ့ One Lady Show လုပ်ဖို့အတွက် စက်တင်ဘာလထဲမှာ သွားမယ်။ ၁၀လပိုင်းမှာတော့ 3 Lady Show လုပ်ဖို့ရှိတယ်။ ဒီနှစ် ၁၂လပိုင်းမှာတော့ ရန်ကုန်မှာ က်မရဲ့ One Lady Show လုပ်ဖို့ရှိတယ်။ အဲဒါတွေအတွက် ပြင်ဆင်နေတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။ တကိုယ်တော်ဖျော်ဖြေမှုများအတွက် ပြင်ဆင်မှုများပြုလုပ်နေတဲ့အပြင် သူမရဲ့မကြာသေးမီက ထွက်ရှိထားတဲ့ “သို့..ချစ်နေတုန်းပဲ” တကိုယ်တော်အခွေရဲ့ Music Video ကိုလည်း ကမ်းခြေတခုမှာ ရိုက်ဖို့ရှိတယ်လို့ ပြောပါတယ်။ “ကြားထဲမှာတော့ “သို့..ချစ်နေတုန်းပဲ” အခွေအတွက် VCD ရိုက်မယ်။ ဒီလ ၂၀ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ကမ်းခြေမှာ သွားရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ Music Video ကတော့ အခုခေတ် ပရိသတ်တွေ ကြိုက်နေတဲ့ ရေစီးကြောင်းပုံစံလေးတွေလည်းပါမယ်။ ပြီးတော့ အစ်မသီချင်းနဲ့ လိုက်ဖက်မယ့် ပုံစံလေးတွေ ရိုက်ဖို့ စိတ်ကူးထားပါတယ်” လို့ ချမ်းချမ်းက ပြောပါတယ်။ အဲဒီ “သို့..ချစ်နေတုန်းပဲ” အခွေရဲ့ Music Video ကိုတော့ ဒီနှစ်ကုန်မှာ ပရိသတ်တွေက ကြည့်ရှု အားပေးရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ The post တကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ရှိတဲ့ “အဆိုတော်ချမ်းချမ်း” appeared first on ဧရာဝတီ.
Source : https://ift.tt/2lPWdqk
via IFTTT
No comments:
Post a Comment