Tuesday, July 3, 2018


ဂူပိတ်မိနေတဲ့ ထိုင်းကျောင်းသားတွေ ပြန်လည်တွေ့ရှိမှုအပေါ် “ဒါရိုက်တာ ကြည်ဖြူသျှင်” ရဲ့ ပြောစကား လက်ရှိထိုင်း- မြန်မာနယ်စပ်မှာဖြစ်ပေါ်လာတဲ့ ဂူထဲကိုရောက်ရှိနေတဲ့ ထိုင်းကလေးငယ်များနဲ့ပတ်သက်တဲ့ သတင်းက အထူးစိတ်ဝင်စားဖွယ်ရာ သတင်းတပုဒ်ဖြစ်နေပါတယ်။ ဂူထဲမှာ ၁၀ ရက်ကြာပြီးမှ အသက်ရှင်လျက်ပြန်လည်တွေ့ရှိတဲ့အတွက် တကမ္ဘာလုံးက စောင့်ကြည့်နေသူများပါ ဝမ်းသာသတင်းအနေနဲ့ ကြားသိခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အမျိုးသမီးဒါရိုက်တာ ကြည်ဖြူသျှင်ကလည်း သူရဲ့ အမြင်များကို ဧရာဝတီကို အခုလိုဆိုထားပါတယ်။ “ကလေးတွေစုပြီး ဂူထဲကိုရောက်နေလို့ ပျောက်နေတယ်ဆိုကတည်းက ပြန်တွေ့ဖို့မလွယ်လောက်တော့ဘူးထင်နေတာ။ မိုင်းဖုန်းဆရာတော့ကြီးက အသက်ရှင်လျက်ပြန်တွေ့မယ်လို့ ပြောတယ်။ ဆရာတော်ကြီးက တွေ့မယ်လို့ပြောပေမယ့် ဟုတ်ကောဟုတ်ရဲ့လား။ ဘာသာပြန်ပဲ မှားနေတာလားပေါ့ဆိုပြီး ထင်မိတယ်” “အကယ်လို့ တွေ့ခဲ့ရင်တောင် အသက်ရှင်လျက်တွေ့ပါ့မလားလို့ စိုးရိမ်စိတ်ကြီးက ဖြစ်နေတယ်။ မနက်နိုးတော့ အွန်လိုင်းမှာ ကလေးတွေ အသက်ရှင်လျက်ပြန်တွေ့ပီဆိုတော့ အရမ်းအံ့သြသွားတယ်။ ဆရာတော်ကြီး မိန့်တဲ့အတိုင်း ဖြစ်တယ်ပေါ့။ ဒီထက်အံ့သြတာက ဂူထဲကကလေးတွေက ၁၀ရက်လောက်ပိတ်မိနေပေမယ့် လန်းလန်းဆန်းဆန်းနဲ့ အဲ့တာ ပိုအံ့သြတယ်” “ပုံမှန်အားဖြင့်ကိုယ်တွေတောင် အဆာခံနိုင်ဖို့မလွယ်ဘူးလေ။ သူတို့ဆီက ကျောင်းတွေက Trainer တွေရဲ့ Train တာတွေ အရမ်းတော်တယ်။ သူတို့စည်းလုံးညီညွှတ်စွာနဲ့ အန္တရာယ်ကင်း ဘေးကင်းစွာ ခေါင်းဆောင်တော်လို့ သူတို့ခုလို ပြန်တွေ့နိုင် တာပါ။ အခုကလေးတွေပြန်တွေ့ရတော့ ဝမ်းသာစရာ ကောင်းပါတယ်။ သူတို့နိုင်ငံမှာနောက်ပိုင်း အဲ့တာကို ဇာတ်ကား တကား အနေနဲ့ ပြန်ရိုက်ကြမယ် လို့တောင် ထင်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။ ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားတွေဟာ ဇွန်၂၃ရက်နေ့က ပျောက်ဆုံးနေတာဖြစ်ပြီး ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာက ပညာရှင်များနဲ့ အစွမ်းကုန်ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ ကျောင်းသားများကို ဇွန်လိုင် ၂ရက်နေ့ ညမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒိကျောင်းသားတွေကို အပြင်ကို ပြန်လည်ခေါ်ယူဖို့လည်း အခက်အခဲများရှိနေပေမယ့် ထိုင်းအစိုးရ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ The post ဂူပိတ်မိနေတဲ့ ထိုင်းကျောင်းသားတွေ ပြန်လည်တွေ့ရှိမှုအပေါ် “ဒါရိုက်တာ ကြည်ဖြူသျှင်” ရဲ့ ပြောစကား appeared first on ဧရာဝတီ.
Source : https://ift.tt/2u4ZqpY
via IFTTT

No comments:

Post a Comment