Tuesday, July 3, 2018


မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းလိုက်ပြီ မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဆယ်စုနှစ်တခုကျော် ၎င်းတည်ထောင်ခဲ့သော နိုင်ငံတော်ပိုင်ရံပုံငွေတရပ်တွင် အဂတိလိုက်စားခဲ့မှုဖြင့် ဖမ်းဆီးလိုက်ပြီး ၎င်းကို ဗုဒ္ဒဟူးနေ့၌ တရားရုံးတွင် စစ်ဆေးမည်ဟု မလေးရှားအာဏာပိုင်များက ပြောကြောင်း သိရသည်။ မေလတွင် ၎င်း၏လမ်းညွှန်သူအဖြစ်မှ ရန်သူဖြစ်သွားခဲ့သည့် မဟာသီယာမိုဟာမက်ကို ရွေးကောက်ပွဲတွင် တုန်လှုပ်ဖွယ်ရာ ရှုံးနိမ့်ခဲ့ရပြီးနောက် တိုင်းပြည်ပြင်ပ ထွက်ခွာခွင့် ပိတ်ပင်တားဆီးခံခဲ့ရသည့်အပြင် နာဂျစ်၏ ပိုင်ဆိုင်မှုများနှင့်ဆက်စပ်နေသည့် ဒေါ်လာသန်းပေါင်းများစွာကို စောင့်ကြည့်စစ်ဆေးခဲ့သည်။ နာဂျစ်ကို ဖမ်းဆီးရန် ရမန်အော်ဒါယူပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နာဂျစ်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူတဦးက ချက်ချင်း သဘောထား မှတ်ချက်မပေးဘဲ နာဂျစ်သည် အမှားအယွင်း ဘာမှမလုပ်ခဲ့ဟုသာ ဆိုသည်။ ၂၀၀၉ ခုနှစ်က နာဂျစ် တည်ထောင်ခဲ့သော 1MDB ကို ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှု စွဲချက်များဖြင့် အနည်းဆုံးနိုင်ငံပေါင်း ၆ နိုင်ငံတွင် စုံစမ်းစစ်ဆေးနေသည်။ အမေရိကန်တရားရေးဌာနက တင်သွင်းသော အရပ်ဘက်တရားစွဲမှုတွင် 1MDB မှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံနီးပါးကို ရှုပ်ထွေးသည့်ငွေလွှဲကွန်ရက်နှင့် ကုမ္ပဏီ အကာအကွယ်ယူလျက် ငွေကြေးခဝါချမှု ကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ထားသည်။ သို့သော် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(MACC) ၏ စုံစမ်းစစ်ဆေးမှုတွင် ကနဦး အာရုံစိုက်ထားသည့်အချက်မှာ SRC International ထံမှ နာဂျစ်၏ဘဏ်စာရင်းထဲသို့ ရင်းဂစ်ငွေ ၄၂ သန်း(ဒေါ်လာ ၁၀ ဒသမ ၆ သန်း) မည်သို့မည်ပုံရောက်ရှိသွားသည်ဟူသော အချက်ဖြစ်သည်။ SRC ကို ၂၀၁၁ ခုနှစ်တွင် စွမ်းအင်ရင်းမြစ်များအတွက် နိုင်ငံရပ်ခြားမှ ရင်းနှီးမြှပ်နှံမှုများ ဆွဲဆောင်နိုင်စေရန် နာဂျစ်အစိုးရက တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မလွှဲပြောင်းမီအထိ SRC သည် 1MDB ၏ ယူနစ်တခုအဖြစ် ရှိနေခဲ့သည်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က SRC ထံမှ ငွေကြေး စီးဆင်းသည့် လမ်းကြောင်းကို ခြေရာခံနိုင်ခဲ့ပြီဖြစ်သည်။ အာဏာပိုင်များက 1MDB နှင့်ပတ်သက်နေသော ဘဏ်စာရင်း ၄၀၀ ထက်မနည်းကို ထိန်းချုပ်လိုက်ပြီးနောက် ယင်းဘဏ်စာရင်းထံမှ ဒေါ်လာ ၂၇၅ သန်းနီးပါးတန်ဖိုးရှိသည့် လက်ဝတ်ရတနာများ၊ လက်ဆွဲအိတ်များ၊ လက်ပတ်နာရီများ၊ ငွေသားများမှာ နာဂျစ်နှင့်ဆက်စပ်နေသဖြင့် သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ နာဂျစ်ကို ဖမ်းဆီးကြောင်း သတင်းထုတ်လိုက်ချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က နာဂျစ်၏ဇနီး ရို့စ်မက်ကိုလည်း မေးမြန်းစစ်ဆေးနေသည်။ နာဂျစ်၏သား ရီဇာအဇစ်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့ ကြေညာချက်တစောင် ထုတ်ပြန်ပေးပို့ခဲ့ရသည်။ The post မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းလိုက်ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2z30mRj
via IFTTT

No comments:

Post a Comment