Tuesday, July 3, 2018


ကလေးငယ်များအတွက် ရေငုပ်မျက်နှာဖုံးငယ်များ လှူရန် ထိုင်းအာဏာပိုင်များ ဖိတ်ခေါ် လိုဏ်ဂူအတွင်း ၁၀ ရက်ကြာ ပိတ်မိနေသော ထိုင်းကလေးငယ် ၁၂ ဦးနှင့် နည်းပြတဦးတို့ကို ကယ် ဆယ်ရန် အထူး အငယ် စား ရေငုပ်မျက်နှာဖုံးများ လှူဒါန်းပေးကြရန် ထိုင်းကယ်ဆယ်ရေး တာဝန်ရှိ သူများက ယနေ့ တိုက်တွန်းနှိုးဆော်လိုက် ကြောင်း Khaosad သတင်းကဆိုသည်။ အရေးပေါ်အဖွဲ့များကလည်း ပိတ်မိနေသူများကို ကယ်ထုတ်ရာတွင် ရေနည်းသည့် လိုဏ်ခေါင်းလမ်း ကြောင်းကို သုံး၍ဖြစ် စေ၊ ကလေးငယ်များကို ရေငုပ်စေခြင်းဖြင့်ဖြစ်စေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။ “ဒီလို မျက်နှာဖုံးမျိုးနဲ့ဆို တပ်ထားပြီး အသက်ရှူလို့ရတယ်။ ရေဘယ်လိုငုပ်ရတယ်ဆိုတာ သိထားဖို့ မလိုပါဘူး။ အဲဒါ မျက် နှာဖုံးကို အောက်စီဂျင်ဗူးနဲ့ ချိတ်ထားရုံပဲ၊ ကျနော်က ကလေးတွေဆီ ဒါတွေယူ သွားပြီး အပြင်ထွက်နိုင်ဖို့ အရင်ဆုံး ကြိုးစားစေချင်တယ်” ” ဟု ရမ်ကာတန်ယု ကယ်ဆယ်ရေး ဖောင်ဒေးရှင်းမှ ဆုပနက် တီတီကရန်က လက်ထဲတွင် မျက်နှာဖုံးတခုကိုင်ရင်း ရှင်းပြသည်။ ၎င်းတို့အဖွဲ့ထံတွင် အငယ်စားမျက်နှာဖုံး ၁၅ ခုလိုနေကြောင်း၊ အကြီးစားမျက်နှာဖုံးမှာ အသက် ၂၅ အရွယ်ရှိ နည်းပြနှင့် သာ တော်မည်ဖြစ်ပြီး၊ သမရိုးကျ ရေငုပ်ကိရိယာများမှာ ပါးစပ်ဖြင့်ငုံထားရသည့် အရာပါဝင်သဖြင့် ကလေးများအတွက် အန္တရာယ်များလွန်းကြောင်း သူက ဆိုသည်။ အငယ်စားမျက်နှာဖုံးမှာ တခုလျှင် ဘတ်ငွေ ၂သောင်းခွဲမှ ၃ သောင်းအထိ ကျသင့်မည်ဖြစ်ပြီး ထိုင်း Navy Seal (ကလည်း မျက်နှာဖုံးများ လှူဒါန်းကြရန် နှိုးဆော်ပေးနေသည်။ ရေတပ်ဗိုလ်ချုပ်ကြီး အပရွန် ယုကွန်ကယောက်ကမူ “ရေငုတ်ကိရိယာတွေနဲ့ သူတို တောဝက်အသင်း သား ၁၃ ယောက် ကို သယ်လာဖို့၊ သူတို့ကို အခြေခံရေငုပ်နည်း သင်ပေး ဖို့ အပါအဝင် သူတို့ကို ကယ်ဖို့ အစီအစဉ်တွေ အများကြီးလုပ် ထားတယ်”ဟု ဆိုသည်။ ရေဖုံးနေသော လိုဏ်ဂူထဲမှ ရှောင်လွှဲနိုင်မည့်နေရာများကို ကယ်ဆယ်ရေးသမားများက ရှာဖွေစူးစမ်း နေကြောင်း အမျိုးသား ဥယျာဉ် ဒုတိယညွှန်ကြားရေးမှူး ဝိုရာပွန်စသွန်က ပြောသည်။ ရေတပ်အဖွဲ့သည် ရေကင်းလွတ်မည့် လိုဏ်ဂူလမ်း ကြောင်းများကိုလည်း စူးစမ်းလျက်ရှိကြောင်း သိရသည်။ The post ကလေးငယ်များအတွက် ရေငုပ်မျက်နှာဖုံးငယ်များ လှူရန် ထိုင်းအာဏာပိုင်များ ဖိတ်ခေါ် appeared first on ဧရာဝတီ.
Source : https://ift.tt/2z8Oc9C
via IFTTT

No comments:

Post a Comment