တနှစ်တာအတွင်း အရောင်းရဆုံး ဖြစ်ခဲ့တဲ့ “The Greatest Showman’” ရုပ်ရှင်ဇာတ်ဝင်တေး ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ “Justin Timberlake နဲ့ Kanye West” တို့ကို ဖယ်လိုက်မယ်ဆိုရင် မင်းသား “Hugh Jackman” ဟာ ဂီတဘုရင်နေရာကို ရယူခွင့်ရှိတယ်ဆိုတာ မြင်တွေ့လိုက်ရပြီဖြစ်ပါတယ်။ ယခု ၂၀၁၈ ခုနှစ်အတွင်းမှာ Cardi B နဲ့ Taylor Swift တို့အပါအဝင် တကယ့် ထိတ်ထိတ်ကြဲ ဂီတပညာရှင်တွေဟာ သီချင်း Album အသစ်တွေကို ဖြန့်ချိခဲ့ပေမယ့် P. T. Barnum နဲ့ သူ့ရဲ့ the Barnum & Bailey Circus အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ “The Greatest Showman” ရုပ်ရှင်ဇာတ်ဝင်တေးတွေက တနှစ်တာအတွက် အရောင်းရဆုံး Album ဖြစ်လာခဲ့ပါတယ်။ Bloomberg Business မီဒီယာရဲ့ အဆိုအရ အဲဒီဇာတ်ဝင်တေးဟာ ကမ္ဘာတဝန်းမှာ ကော်ပီအချပ်ရေ ၄ သန်း နီးပါး ရောင်းချခဲ့ရပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုမျိုး စံချိန်တင်အောင် ရောင်းချလိုက်ရတာဟာ အမျိုးမျိုးသော မီဒီယာ ပလက်ဖောင်းတွေကနေတဆင့် အံ့သြလောက်ဖွယ် ပမာဏနဲ့ Streaming ပြုလုပ်ခဲ့ကြလို့ ဖြစ်ပြီး “The Greatest Show” ဆိုတဲ့ သီချင်းကတော့ Spotify မှာ Stream လုပ်တဲ့အကြိမ်ရေ သန်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ မင်းသား Jackman၊ Michelle Williams, Zendaya နဲ့ Zac Efron တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ “The Greatest Showman” ရုပ်ရှင်ဟာ ဖြန့်ချိခဲ့ချိန်မှာ သာမန် သုံးသပ်ချက်လောက်သာ ရရှိခဲ့ပြီး ရုံဝင်ငွေ စာရင်းမှာလည်း ဦးဆောင်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုလိုမျိုး ဇာတ်ဝင်တေးကြောင့် ရုပ်ရှင်ဟာ လူကြိုက်များမှုကို ရရှိခဲ့ပါတယ်။ Warner Music ရဲ့ အဆိုအရ The Greatest Showman ဇာတ်ဝင်သီချင်းဟာ ၂၀၁၄ ခုနှစ်တုန်းက “Frozen’’ ရုပ်ရှင် ဇာတ်ဝင်သီချင်း နောက်ပိုင်း အရောင်းရဆုံး ဇာတ်ဝင်သီချင်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ Album ဟာ UK နိုင်ငံမှာ “ထိပ်တန်း Album ၅ ချပ်” စာရင်းမှာ သီတင်းပတ် ၂၃ ပတ် ဆက်တိုက် ရပ်တည်ခဲ့ပြီး ဆယ်စုနှစ် ၃ ခုကျော်ကြာ အချိန်တခုအတွင်းမှာ အချိန်အကြာဆုံး ဇယားတွင်း ရပ်တည်ခဲ့တဲ့ Adele ရဲ့ “21” အယ်လ်ဘမ် စံချိန်ကို ကျော်တက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ စင်ကာပူ၊ သြစတေးလျ နဲ့ တောင်ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံ ၁၀ ခုကျော်မှာလည်း ပလက်တီနမ်အဆင့် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အဆိုတော် Drake ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Scorpion” ဟာ Streaming စံချိန်တွေကို ချိုးဖျက်နေတဲ့ အတွက် ဒီနှစ်အတွက် အကောင်းဆုံး Album အနေနဲ့ “The Great Showman” ကို ကျော်တက်နိုင်ဖို့ သိပ်မလိုတော့တာ ဖြစ်ပေမယ့် အခုလောလောဆယ် အထိတော့ မင်းသား Jackman နဲ့ အပေါင်းအဖော်တွေဟာ ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။ Ref: etcanada The post တနှစ်တာအတွင်း အရောင်းရဆုံး ဖြစ်ခဲ့တဲ့ “The Greatest Showman’” ရုပ်ရှင်ဇာတ်ဝင်တေး appeared first on ဧရာဝတီ.
Source : https://ift.tt/2IShn08
via IFTTT
No comments:
Post a Comment