Wednesday, July 4, 2018


Oriental Spa ပြည့်တန်ဆာအမှု စတင်စစ်ဆေး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင်း Oriental Spa အမည်ရှိ အလှပြင်ဆိုင်၌ ပြည့်တန်ဆာခေါင်း လုပ်ကိုင်နေသည် ဆိုကာ ပုဒ်မ ၅ (၁) ဖြင့်တရားစွဲခံရသော ဆိုင်မန်နေဂျာအပါအဝင် ဝန်ထမ်း ၁၁ ဦးကို ယနေ့ တောင်ဥက္ကလာပ မြို့နယ် တရား ရုံး၌ စတင်စစ်ဆေးပြီဖြစ်ကြောင်း သိရသည်။ မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် ၁၁ ဦး (အမျိုးသား ၇၊ အမျိုးသမီး ၄) ကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ် တင့်လွင်ဦးက တရားလိုပြု တိုင်တန်းထားခြင်း ဖြစ်သည်။ တရားစွဲ ခံထားရသည့် ပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက တနှစ်အောက် မနည်းသော အလုပ်ကြမ်းနှင့် ထောင်ဒဏ် (သို့) သုံးနှစ် ထက် မပိုသည့် ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ တောင်ဥက္ကလာပ မြို့နယ်စခန်းမှူး ဒုရဲမှူး ရွှေဌေး၏ ပြောဆိုချက်အရ မန်နေဂျာ တရုတ်နိုင်ငံသား ၂ ဦးသည် ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုကြောင့် လဝကဥပဒေများဖြင့်လည်း ဆက်လက် တရားစွဲဆို ခံရနိုင်ဖွယ် ရှိကြောင်း သိရသည်။ “ပြည့်တန်ဆာခေါင်းမှု ဒီနေ့ စစစ်တယ်။ မနက်ပိုင်းမှာ တရားလိုရဲအုပ် တင့်လွင်ဦးကို အပြီးစစ်ပြီး ညနေပိုင်းကျတော့ ရဲ သက်သေ နှစ်ယောက်ကို စစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းက ပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းသည် ပုဒ်မ ၅ (၁) ဖြင့် တရားစွဲဆို ခံထားရသူများအနက် မြန်မာနိုင်ငံသား အမျိုးသမီး ၄ ဦး အတွက် အမှုလိုက်ပေးနေသူ ဖြစ်သည်။ ၎င်း၏ပြောပြချက်အရ ယင်းအမျိုးသမီး ၄ ဦးသည် လားရှိုး၊ ကွတ်ခိုင်တို့မှ လာရောက်ခြင်းဖြစ်ပြီး အလုပ်ခေါ်စာကို အွန်လိုင်းမှတဆင့် တွေ့ရှိလျှောက်ထားကာ အစမ်းခန့်အဖြစ် လစာ ကျပ် ၂ သိန်းခွဲဖြင့် လာရောက် လုပ်ကိုင်နေစဉ် ရက်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ဦးမြင့်သန်းက “ကျနော့်အမှုသည် ကောင်မလေး ၄ ယောက်က အလုပ်သမား။ အလုပ်သမားဆိုတာ အလုပ်ရှင်ဆီကရတဲ့ လုပ်ခလစာပေါ်မှာ သူတို့က အသက်မွေးဝမ်းကြောင်းပြုတာ။ ပြည့်တန်ဆာလုပ်ငန်းက ရတဲ့ ပိုက်ဆံပေါ်မှာ အသက်မွေး ဝမ်းကြောင်းပြုတာ မဟုတ်ဘူး” ဟု ပြောဆိုသည်။ ပုဒ်မ ၅ (၁) ဖြင့် တရားစွဲခံထားရသူများ အနက်တွင် Oshin သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာ ၁ ဦးနှင့် သန့်ရှင်းရေးလုပ်သား ၂ ဦး စုစုပေါင်း အမျိုးသား ၃ ဦးပါဝင်ပြီး ၎င်းတို့အတွက် ကုမ္ပဏီက သီးသန့်ရှေ့နေ ငှားပေး ထားကြောင်း Oshin မှ စာရေးမ မနွယ်နွယ်စန်းက ပြောသည်။ ပြီးခဲ့သည့် မေ ၂၂ ရက်က တိုင်းရဲတပ်ဖွဲ့မှူးနှင့် တောင်ဥက္ကလာရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ် အမှတ် ၈ ရပ်ကွက်၌ Oriental Spa အမည်ဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ အလှပြင်ဆိုင်ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိ၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသား ၁၉ ဦး (ကျား ၂၊ မ ၁၇) အပါအဝင် စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (က)/(ခ)၊ ကျန် ၁၁ ဦးကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် ဇွန် ၆ ရက်က တောင်ဥက္ကလာ မြို့နယ်တရားရုံး၌ တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။ တရားခံပြေးအဖြစ် ကြေညာထားသည့် Oriental Spa ၏ ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား မစ္စတာဝမ်ကို ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါ။ Oriental Spa အမှုရုံးချိန်းများကို ၂ ပတ် ၁ ကြိမ် ပုံမှန်ရုံးထုတ် စစ်ဆေးမည်ဖြစ်သောကြောင့် နောက်လာမည့် ရုံးချိန်းသည် ဇူလိုင် ၁၈ ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဟု သိရသည်။ The post Oriental Spa ပြည့်တန်ဆာအမှု စတင်စစ်ဆေး appeared first on ဧရာဝတီ.
Source : https://ift.tt/2NpU29J
via IFTTT

No comments:

Post a Comment