ကျောင်းသားတွေ လှိုဏ်ဂူထဲမှာ ကျန်းမာရေး ကောင်းမွန်စွာရှိနေ မယ်ဆိုင်ဂူထဲမှာ ပျောက်ဆုံးပြီး ၁ဝ ရက်မြောက်နေ့မှာ ပြန်တွေ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ နည်းပြတဦးတို့ဟာ အဟာရဓာတ်ခန်းမှုဖြစ်ခဲ့ပေမယ့် ကျန်းမာရေး ကောင်းမွန်စွာရှိနေကြောင်း သိရပါတယ်။ အားလုံးကျန်းမာစွာရှိနေကြောင်း လေ့ကျင့်မှုတချို့ပြုလုပ်ပေးထားကြောင်းနဲ့ နှုတ်ဆက်မှုတွေ ပါဝင်တဲ့ ကျောင်းသားတွေကို ဂူထဲမှာ ရိုက်ကူးထားတဲ့ ရုပ်သံတခုကို ထိုင်းတော်ဝင်ရေတပ်က မကြာခင်မီနစ်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၇ နာရီခွဲအထိတော့ သူတို့အထဲက တယောက်မှ ဂူပြင်ကို ခေါ်ဆောင်လာနိုင်ခြင်း မရှိသေးပါဘူး။ ခေါ်ထုတ်နိုင်ဖို့အတွက်တော့ ထိုင်းအားဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။ ရုပ်သံ - Thai NavySEAL
Source : https://ift.tt/2KJq0yU
via IFTTT
No comments:
Post a Comment