မှိုစားသုံးခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေလဲ အခုလို မိုးရာသီကာလမှာ ပေါပေါများများ တွေ့နိုင်တဲ့ မှိုဟာ အရသာလည်း ရှိသလို လူကြိုက်များတဲ့ အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။ စစ်တမ်းတွေအရ မှိုစားသုံးမှုဟာ အခုနောက်ပိုင်းမှာ နိုင်ငံနဲ့အဝှမ်း ုမြင့်မားလာပြီး မှိုစားသုံးခြင်းဟာ ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ (၁) မှိုဟာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် နေရောင်ခြည် ကောင်းမွန်စွာ မရနိုင်တဲ့ ကမ္ဘာ့မြောက်ပိုင်း ဒေသမှာတော့ မှိုကို ဖြည့်စွက် အစားအစာအဖြစ် စားသုံးလေ့ ရှိကြပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်ဆီယမ်စုပ်ယူမှုကို အထောက်အပံ့ ပေးတာကြောင့် အရိုးတွေ သန်မာစေအောင် ကူညီပေးနိုင်ပါတယ်။ (၂) မှိုမှာ ကယ်လိုရီ နည်းပါးစွာ ပါဝင်ပြီး အဆီဓာတ်နဲ့ ကစီဓာတ် ပါဝင်မှုတန်ဖိုး နည်းပါးတာကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် အထူး သင့်တော်လှပါတယ်။ (၃) ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရ မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ ရောဂါကို ကာကွယ် တိုက်ဖျက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ (၄) အမေရိကန်နိုင်ငံ အာဟာရသုတေသနပညာရှင်အသင်းရဲ့ လေ့လာချက်တွေအရ မှိုမှာ တခြားသော ဟင်းသီး ဟင်းရွက်အစားအစာတွေထက် ဖောလစ်အက်ဆစ် ပါဝင်မှု များပြားတာကြောင့် သွေးအားနည်းရောဂါကို ကာကွယ် နိုင်ပါတယ်။ မှိုမှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ပဲအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းဓာတ်ထက် ပိုမိုများပြားတာကြောင့် အသားစားနည်း သူတွေနဲ့ သက်သက်လွတ်စားသူတွေအတွက် အထူးသင့်လျော်တဲ့ အစားအစာ တမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ (၅) မှိုမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး မှိုမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်ထက် ပိုမိုပါဝင်တာကြောင့် သွေးဖိအားကို ညီမျှစေပြီး ခန္ဓာကိုယ်တွင်းက ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ Ref ; mushroom-appreciation.com The post မှိုစားသုံးခြင်းက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ဖြစ်စေလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2MQr69w
via IFTTT
No comments:
Post a Comment