Wednesday, July 4, 2018


၂၁ ရာစု ပင်လုံ ညီလာခံသို့ မြောက်ပိုင်း လက်နက်ကိုင်များ တက်မည် တတိယ အကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၇ ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ FPNCC အဖွဲ့ဝင် ၇ ဖွဲ့ကို အစိုးရဘက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ တဆင့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ရာ FPNCC အဖွဲ့ဝင်များ လက်ခံ ရရှိခဲ့ပြီးနောက် တက်ရောက်ရန် အတည်ပြု ပြောကြားခြင်း ဖြစ်သည်ဟု FPNCC က ပြောသည်။ FPNCC အဖွဲ့ဝင် ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဟုတ်ကဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ဖို့ မနေ့က ကျနော်တို့ ဖိတ်စာ ရလာတယ်။ တက်ဖို့လည်း ကျနော်တို့ မူလ FPNCC ရဲ့ ဆုံးဖြတ်ချက်အတိုင်း FPNCC အဖွဲ့ဝင် အားလုံးကို ဖိတ်လို့ရှိရင် ကျနော်တို့ တက်မယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ချက် ချထားတယ်။ အခုလည်း အားလုံးကို ဖိတ်ကြားတဲ့ အတွက် ကျနော်တို့ တက်မယ်ပေါ့”ဟု ပြောပြသည်။ ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်သွားမည် ဖြစ်သော်လည်း မည်သူ တက်ရောက်မည်၊ မည်သည့် အကြောင်း အရာ များကို ဆွေးနွေးသွားမည် ဆိုသည့်အပေါ် FPNCC အတွင်း ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် မပြောနိုင်သေး ကြောင်း လည်း ၎င်းက ဆိုသည်။ ဗိုလ်မှူး မိုင်းအိုက်ကျော်သည် FPNCC အဖွဲ့ဝင် တဖွဲ့ ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်သည်။ FPNCC အဖွဲ့ဝင်များကို တဖွဲ့ချင်း ဖိတ်ကြားခြင်းဖြစ်ပြီး တဖွဲ့လျှင် ဖိတ်စာ အမျိုးအစား ၃ မျိုးခွဲ ဖိတ်ကြားလာကြောင်း လည်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ပြောသည်။ ဗိုလ်မှူး မိုင်အိုက်ကျော်က “ဖိတ်စာကတော့ ၃ မျိုးရှိတယ်။ တခုက ဖွင့်ပွဲ အခမ်းအနား တက်ဖို့၊ တစောင်က ညစာ စားပွဲ တက် ဖို့၊ နောက် တစောင်က အစည်းအဝေး တက်ဖို့ ၃ ခုရှိတယ်။ လေ့လာသူ အနေနဲ့တော့ မပါဘူး။ အစည်းအဝေး တက် ဖို့ ပဲ ပါတယ်။ ညီလာခံ ကိုယ်စားလှယ် အနေနဲ့လည်း ထည့်ပြီး ဖော်ပြတာ မတွေ့ရဘူး”ဟု ပြောသည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ FPNCC အဖွဲ့ဝင်များ တက်ရောက်မည် ဆိုသော်လည်း ၎င်းတို့သည် တနိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များ မဟုတ် သည့် အတွက် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များ နည်းတူ ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် ရှိမည် မဟုတ်ကြောင်း လည်း သိရသည်။ FPNCC တွင် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA – မိုင်းလားအဖွဲ့)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ကြသည်။ ထိုအဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲ နေ့ကိုလည်း တက်ရောက်ခဲ့ဖူးသည်။ ယင်း အခမ်းအနား တက်ရောက်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ၄ ဖွဲ့ တစုနှင့် ၃ ဖွဲ့ တစု ခွဲ၍ သီးသန့် တွေ့ဆုံခဲ့ကြသေးသည်။ FPNCC အဖွဲ့ဝင်များ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးလာရေး အစိုးရ ဘက်မှ ကြိုးပမ်း နေသော်လည်း အဆင်မပြေသေးကြောင်း သိရသည်။ The post ၂၁ ရာစု ပင်လုံ ညီလာခံသို့ မြောက်ပိုင်း လက်နက်ကိုင်များ တက်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2tU9ZwF
via IFTTT

No comments:

Post a Comment