Monday, April 30, 2018

7Day News Journal

စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားအနီးရှိ သက်တမ်း နှစ်၄ဝဝ ခန့်ရှိပြီး ယိုးဒယားနံရံဆေး ရေးပန်းချီများရှိသော ရှေးဟောင်း သိမ်ကျောင်းကို ထိုင်းဘတ်ငွေ သုံးသန်းကျော်သုံးစွဲကာ ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာသိမ် တော်ကျောင်းတိုက်ဆရာတော် ဦးသုမင်္ဂလက မိန့်သည်။ အဆိုပါသိမ်ကျောင်းသည် ပေ ၄ဝ၊ ပေ ၆ဝ ခန့်ကျယ်ဝန်းပြီး သိမ်ကျောင်းအတွင်း ယိုးဒယားနံရံဆေးရေးပန်းချီလက်ရာများ တည်ရှိသည်။ လွန်ခဲ့သည့် နှစ် ၄ဝဝ ခန့်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ သိမ်ကျောင်းအတွင်းရှိ နံရံဆေး ရေးပန်းချီများသည် ယိုးဒယားကို စစ်နိုင်ရာမှ ခေါ်ဆောင်လာ သော ယိုးဒယား လက်မှုပညာရှင် များ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ နံရံဆေးရေးပန်းချီများ၏ သက်တမ်းသည် နှစ် ၂ဝဝ ခန့်ရှိပြီဖြစ်ကြောင်း မန္တလေးမြို့နေ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။ သိမ်ကျောင်းကို ထိန်းသိမ်း ရန် ယိုးဒယားရှေးဟောင်းယဥ် ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့က ဧပြီ ၂၉ ရက်တွင် အလှူငွေများ လှူဒါန်းခဲ့သည်ဟု ဆရာ တော် ဦးသုမင်္ဂလက မိန့်သည်။ ‘‘ဒီသိမ်ကျောင်းက ရေဝင်တဲ့ဒေသဖြစ်နေတော့ နှစ်စဥ်ရေမြုပ် နေတာ။ ရေငွေ့တွေရိုက်တော့ ဒီရှေးဟောင်းအဆောက်အအုံက ပျက်စီးမှုတွေလည်း ရှိလာတယ်။ သိမ်ကျောင်းအပေါ်မှာလည်း ချုံ နွယ်တွေနဲ့။ ဒါကြောင့် သဘာဝ ဘေးကာကွယ်တဲ့အနေနဲ့ သိမ် ကျောင်းအပေါ်ကနေ အမိုးတွေ လုပ်မယ်၊ ရေတားနံရံတွေ လုပ် မယ်။ ကျောင်းတိုက်ကိုတော့ ဘာ မှ မပြုပြင်ပါဘူး’’ဟု ဆရာတော် ဦးသုမင်္ဂလက မိန့်သည်။ လာမည့် မေလ ဒုတိယအ ပတ်က စတင်ကာ သိမ်ကျောင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ရေနစ်မြုပ်မှုမရှိစေရန် ရေတားနံရံများ တည်ဆောက်ခြင်းနှင့် ကျောင်းတိုက်၏ ပေ ၄ဝ အကွာမှ သံဖရိန်ဖြင့် အမိုးများ တည်ဆောက်ခြင်း ဆောင်ရွက်မည်ဟုဆိုသည်။ ‘‘ဒီနံရံဆေးရေးပန်းချီတွေက ကျွန်တော်တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်လောက်ကနဲ့ ယှဥ်ရင် သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့ တာ။ ကျွန်တော်တို့လည်း ပြင်ဖို့ ကြိုးစားခဲ့တယ်။ ရှေးဟောင်းအ ဖွဲ့က သူတို့ပဲ ပြုပြင်ပါမယ်။ ပြင်ပ ပုဂ္ဂိုလ်တွေ ပြင်လို့မရဘူးလို့ ပြော ခဲ့တယ်။ အဆောက်အအုံက နှစ် စဥ်ရေတွေက ဝင်တယ်။ အပေါ် ကနေလည်း မိုးရေက စိမ့်ကျတော့နံရံဆေးရေးပန်းချီတွေက ပျက်စီး ကုန်တာပေါ့’’ဟု သိမ်ကျောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ တာ ဝန်ယူဆောင်ရွက်မည့် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။ အဆိုပါ သိမ်ကျောင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာရာ နေရာအဖြစ် ဖော်ဆောင်ရန် စီစဥ်ထား ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားထားသည်။
Source : https://ift.tt/2raRCBh
via IFTTT


လာမည့်လအတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် လာမည့်လအတွင်း တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်သည်။ ပြီးခဲ့သည့် သောကြာနေ့က ကင်ဂျုံအန်းနှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်တို့ ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲအတွင်း စစ်ပြေငြိမ်းခဲ့သည့် ပန်မွန်ဂျုံရွာတွင် တွေ့ဆုံပြီးနောက် ဒေသတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် အတူ အရာရာတိုင်းအတွက် အာမခံချက်ပေးသဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တွေ့ဆုံဆွေးနွေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ တောင်- မြောက် နှစ်နိုင်ငံအကြား တွေ့ဆုံပြီးနောက် ကိုရီးယား ကျွန်းဆွယ် နျူလက်နက်ကင်း စင်ရေးကို နှစ်ဘက် သဘောတူညီခဲ့သလို၊ မြောက်ကိုရီးယားမှ နျူကလီးယား စမ်းသပ်သည့် နေရာကို မေလအတွင်း ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သကဲ့သို့ အမေရိကန် လက်နက်ကျွမ်းကျင်သူများကိုလည်း လာရောက်စစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မစ်ချီဂန်ပြည် နယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုခြင်းဖြစ်ပြီး၊ “နောက် ၃ပတ် သို့မဟုတ် ၄ပတ် အတွင်း တွေ့နိုင်မယ်လို့ ထင်ကြောင်း၊ ဒါဟာ အရေးကြီးတဲ့ တွေ့ဆုံမှုဖြစ်ပြီး၊ ဘာတွေဆက်ဖြစ်လာ မယ်ဆိုတာကို မြင်ရမှာဖြစ်တယ်လို့လည်း ဆိုသည်။ “ကျနော်တို့အစွမ်းသတ္တိကနေ နျူကလီးယားစစ်ကနေ ရှောင်လွဲနိုင်ခဲ့ပါပြီ။ စစ်ဖြစ်မယ့်ဘက်ကို ကျနော်တို့ မသွားတော့ ပါဘူး၊ နောက်ဘာတွေပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျနော်လုပ်သွားနိုင်မယ်ဆိုတာ ကြည့်လိုက်ပါ။ မလုပ်နိုင်ဘူးဆိုရင်လည်း ကျနော်ထွက်မယ်” သမ္မတ ထရမ့်က ပြောသည်။ သမ္မတဟောင်း အိုဘားမား လက်ထက် အီရန်နှင့် နျူကလီးယား ကင်းစင်ရေး သဘောတူညီချက် အပေါ် လုပ်မှားကိုင်မှား ဖြစ်ခဲ့ခြင်းကို သူ့အနေဖြင့် ရှောင်ရှားသွားမည်ဖြစ်ကြောင်း ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် မိုက်ပွန်ပီယိုကလည်း ဝါရှင်တန်အနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်လုပ်ဆောင်ဖို့ ရှိကြောင်း ဆိုသည်။ ပြီးခဲ့သည့် စနေနေ့ စောစောပိုင်းက သမ္မတ ထရမ့်သည် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးထံ ဖုန်းဆက်ပြီး အရာရာတိုင်းဟာ အကောင်းဘက်ကို ဦးတည် နေတယ်လို့ ပြောခဲ့ပြီး၊ သမ္မတဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တွေ့ဆုံပွဲကို မွန်ဂိုလီးယား သို့မဟုတ် စင်ကာပူမှာ လုပ်နိုင်တယ်လို့ CBSသတင်းက ဆိုသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည်လည်း ယခုတပတ်အတွင်း မြောက်ကိုရီးယားကို သွားရောက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ မစ္စတာ ဝမ်ယိရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးခရီးစဉ်ဖြစ်ပြီး၊ ယခုလအတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို ဘေဂျင်းကို လာရောက်စဉ်က တွေ့ဆုံခဲ့ပြီးဖြစ်သည်။ The post လာမည့်လအတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2r7Lz1s
via IFTTT


မဂ္ဂဇင်းတခုမှာ ဖော်ပြခဲ့ဖူးတဲ့ အဝတ်ဗလာဓါတ်ပုံအတွက် တောင်းပန်မှာမဟုတ်ဘူးလို့ အဆိုတော် Miley Cyrus ပြောကြား အဆိုတော် Miley Cyrus ဟာ ၂၀၀၈ ခုနှစ်က Vanity Fair မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ အငြင်းပွားဖွယ် ဓါတ်ပုံအတွက် တောင်းပန်မှုကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ Disney စတားဟောင်းတဦး ဖြစ်တဲ့ Miley ဟာ အခုလိုမျိုး ဝတ်လစ်စ လစ်နီးပါးဖြစ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို အဖြူရောင် ပိတ်စနဲ့ သာ ဖုံးအုပ်ထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံး ဓါတ်ပုံကြောင့် သူ့ရဲ့ “Hannah Montana” ပုံရိပ်ကို ထိခိုက်စေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၁၅ နှစ်သာ ရှိသေးတဲ့ Miley ရဲ့ လူငယ်ပရိသတ်တွေက နာမည်ကျော် ဓါတ်ပုံဆရာ Annie Leibovitz ရိုက်ကူူးခဲ့တဲ့ ဓါတ်ပုံကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ လူငယ်တွေကတော့ ဆယ်ကျော်သက်တဦးကို အမြတ်ထုတ်တဲ့ ဓါတ်ပုံတခုဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ အဲဒီအချိန် တုန်းကတော့ Miley က “ကျမ တော်တော်လေးရှက်တယ်လို့ ခံစားရပါတယ်၊ ဒီလိုမျိုး ဘယ်တော့မှ ဖြစ်မလာအောင် နေထိုင်ပါ့မယ်” လို့ တောင်းပန်ခဲ့ပါတယ်။ အခုတော့ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာ “Malibu” သီချင်းအဆိုတော် Miley က သူ့ရဲ့ တောင်းပန်မှုကို ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ နယူးယောက်ပို့စ် သတင်းစာ မျက်နှာ ဖုံးမှာ “Miley ရဲ့ အရှက်” ဆိုတဲ့ စကားလုံးတွေပါဝင်တဲ့ ဓါတ်ပုံကို Twitter မှာ တင်ခဲ့ပါတယ်။ အဲဒီပုံထဲမှာတော့ “တီဗီထဲ က Hannah ကတော့ ဝတ်လစ်စလစ်နီးပါးဓါတ်ပုံအတွက် တောင်းပန်လိုက်ပါပြီ” လို့လည်း ဖော်ပြ ထားတာ ကိုတွေ့ရပါ တယ်။ Twitter မှာတင်ခဲ့တဲ့ အဲဒီပုံစာမှာတော့ “ကျမကတော့ တောင်းပန်မှာမဟုတ်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။ အခုလိုမျိုး သူ့ရဲ့ ရေးသားချက်ဟာ Vanity Fair မဂ္ဂဇင်းနဲ့ ၂၀၀၈ ခုနှစ်မှာ လုပ်ခဲ့တဲ့ အင်တာဗျူး မှာ ပါဝင်ခဲ့တဲ့ ဖော်ပြချက်တွေကို ထပ်ဆောင်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက အခုလိုမျိုး အငြင်းပွားဖွယ် ဖြစ်ရတာကို စိုးရိမ်ကြောက်ရွံ့ပါသ လားလို့ မေးမြန်းခဲ့ရာမှာတော့ Miley က “ မကြောက်ပါဘူး၊ ကျမမှာ စောင်အကြီး တထည်အပေါ်မှာ အုပ်ထားတယ်လေ၊ ပြီးတော့ လှပတယ်၊ သဘာဝကျတယ်လို့ ကျမထင်တယ်၊ လုံးဝအနုပညာဆန်တယ်လို့လည်း ကျမထင်တယ်” လို့ ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံကြောင့် သူ့ရဲ့ ပုံရိပ်ကို ကာကွယ်ဖို့ ကြေညာချက်တခုကို Disney ကထုတ်ပြန်ခဲ့ရပါတယ်။ aceshowbiz The post မဂ္ဂဇင်းတခုမှာ ဖော်ပြခဲ့ဖူးတဲ့ အဝတ်ဗလာဓါတ်ပုံအတွက် တောင်းပန်မှာမဟုတ်ဘူးလို့ အဆိုတော် Miley Cyrus ပြောကြား appeared first on ဧရာဝတီ.
Source : https://ift.tt/2HFGkfk
via IFTTT


ထောင်ချခံရသော ဒုရဲမှူး မိုးရန်နိုင် လာမည့်ရုံးချိန်း တက်မှာလား ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသော ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှု နှင့် ဧပြီလ ၂၇ ရက်နေ့မှာ ရဲတရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်ကို ပို့ထားကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ ရဲမှူးကြီး မျိုးသူစိုး က “ဟုတ်ပါတယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတရားရုံးကနေပြီးတော့မှ ပြစ်ဒဏ်ချတာပါခင်ဗျ။ ပြစ်ဒဏ်ချပြီးတော့ ကျနော်တို့ အကျဉ်းဦးစီး (အင်းစိန်) ကိုလွှဲထားပြီးသွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဧပြီလက ထုတ်ပြန်ထားသော ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အခန်း ၁၆ (ခ) နှင့် အခန်း ၂၂ တိုု့အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ရဲတရားရုံးက ထောင်ဒဏ် တနှစ် ချမှတ်နိုင်ကြောင်း သိရသည်။ ရိုက်တာသတင်းထောက် ၂ ဦးအား အမှုဆင် ဖမ်းဆီးကြောင်း ထွက်ဆိုသည့် ဧပြီလ ၂၀ ရက် နေ့မှာပင် ဒုရဲမှူး မိုးရန်နိုင်၏ တရားရုံးထွက်ချက် များသည် ရဲတပ်ဖွဲ့ထံ ထွက်ချက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၁၅၅(၃) အရ မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် တရားလို ရှေ့နေများက လျှောက်ခဲ့ကြသည်။ တရားလိုဘက်မှ လျှောက်ထားမှုအပေါ် မေ ၂ ရက်နေ့ရုံးချိန်းတွင် မြောက်ပိုင်း ခရိုင်တရား ရုံးက ဆုံးဖြတ်ချက် အမိန့်ချမည်ဖြစ်သည်။ ဧပြီလ ၂၅ ရက်နေ့က ရုံးချိန်းတွင်လည်း ဒုရဲမှူး မိုးရန်နိုင်ကို ရုံးထုတ်ခဲ့ခြင်း မရှိဘဲ တရားသူကြီးက မေ ၂ ရက် ရုံးချိန်း တက်ရန် တောင်းဆိုထားသည်။ ထို့ကြောင့် ဧရာဝတီက အဆိုပါရုံးချိန်းကို ဒုရဲမှူး မိုးရန်နိုင် တက်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းရာ ရဲမှူးကြီး မျိုးသူစိုးက မသိဟုသာ ဖြေဆိုသည်။ ရိုက်တာသတင်းထောက် ၂ ဦးအား ဖမ်းဆီးရန် အမှုဆင်ခိုင်းသူမှာ ရဲမှူးချုပ် တင်ကိုကို ဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင် က တရားရုံးတွင် ထွက်ဆိုခဲ့အပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားကာ နောက်ဆက်တွဲအနေဖြင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့က ထောင်ဒဏ်ချလိုက်သည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရဲမှူးချုပ် တင်ကိုကို ကိုမူ ယခုအချိန်အထိ စစ်ဆေးအရေးယူခြင်း၊ ရာထူးရွေ့ပြောင်းခြင်း မရှိကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနှင့် ထောင်ချလိုက်ပြီဆိုသည့် သတင်းကို သတင်းမီဒီယာများ၏ ဖော်ထုတ် ရေးသားချက်များ အရ ကြားသိရသော်လည်း ထိုသို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ မိသားစုကို အသိပေး၊ အကြောင်းကြားခြင်း၊ ဆက်သွယ်ခြင်း မရှိသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နောင်ထားခြင်းကိုပင် မသိရကြောင်း ဒုရဲမှူး မိုးရန်နိုင်၏ ညီဖြစ်သူ ဦးရဲဝင်းနိုင် က ပြောသည်။ ဦးရဲဝင်းနိုင် က “မနက်ကပဲ ဂျာနယ်ထဲမှာ သူ့ကို တနှစ်ချလိုက်ပြီဆိုတာ တွေ့တယ်ဗျ။ မိသားစုကိုတော့ အကြောင်းကြားတာ မရှိဘူးဗျ။ အခုတော့ ကျနော်တို့က သူနဲ့ တွေ့ချင်တာပါပဲ။ သွားတွေ့ဖို့လည်း ကြိုးစားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အတူ ဒုရဲမှူး မိုးရန်နိုင်၏ မိသားစုလည်း ဇာတိမြို့ ခင်ဦးသို့ ပြန်သွားပြီဟု ဆိုသည်။ ဒုရဲမှူးမိုးရန်နိုင်သည် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနှင့် အတူ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ၂ ဦးအဖမ်းခံခဲ့ရသော ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပါတည်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ ဆက်စပ် ဖတ်ရှုရန် – ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာသင့်မသင့် လာမည့်ရုံးချိန်းဆုံးဖြတ်မည် ဒုရဲမှူး မိုးရန်နိုင် ဘယ်ရောက်နေသလဲ The post ထောင်ချခံရသော ဒုရဲမှူး မိုးရန်နိုင် လာမည့်ရုံးချိန်း တက်မှာလား appeared first on ဧရာဝတီ.
Source : https://ift.tt/2JGeSPt
via IFTTT

burma.irrawaddy.com

ထိန်ပင်အမှိုက်ပုံမီးလောင်မှု မီးတောက်များမရှိတော့ဟု မီးသတ်ဦးစီး ပြောဆို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှု ဖြစ်ပွားခြင်း ယနေ့ ၁၀ ရက်မြောက်နေ့တွင် လောင်ကျွမ်းနေသော မီးတောက်များ မရှိတော့ဘဲ မီးခိုးငွေ့အနည်းသာ ကျန်ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ ဦးမျိုးဝင်းက “အောက်ကအပူကြောင့် အငွေ့တွေ တက်တာပဲ ရှိတော့တယ်။ မီးခိုးက ၃၀၊ ၃၅ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ မီးလောင်ကျွမ်းမှု၊ မီးတောက်ကတော့ မရှိတော့ဘူး ကျန်တာ မီးခိုးလေးတွေပဲ ရှိတော့တာပေါ့” ဟု ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိ အဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ ယနေ့ အထိ လောင်ကျွမ်းမှု ရှိနေဆဲ ဖြစ်သော်လည်း မီးခိုးငွေ့သာ ကျန်ရှိတော့ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှာ ၈ ရက်မြောက်နေ့ဖြစ်သည့် ဧပြီ ၂၈ ရက် (ယနေ့) တွင် မီးလောင်ကျွမ်းမှု ၉၈ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီး မီးခိုးထိန်းသိမ်းမှုမှာ ၇၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ အဆိုပါ အမှိုက်ပုံ မီးလောင်ပြင်ကို အပိုင်း ၄ ပိုင်းပိုင်းကာ တနေ့လျှင် တပိုင်း မီးငြှိမ်းသတ်မှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် မီးခိုးထွက်မှုများလည်း လျော့နည်းသွားပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ဧရာဝတီသို့ ပြောသည်။ “မနေ့က ထိုင်းပညာရှင်အဖွဲ့ရယ်၊ အာဆီယံပညာရှင်အဖွဲ့ရယ် နောက်မီးသတ်က ဦးစီးပြီးတော့မှ မီးလောင်ပြင်ကြီးကို ဘယ်လိုငြှိမ်းသတ်ကြမလဲ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ အမှိုက်ပုံကြီးကို အပိုင်း ၄ ပိုင်း ပိုင်းပြီးတော့ A,B,C,D ကို တရက်ချင်းစီ မီးငြှိမ်းသတ်မယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြပါတယ်” ဟု ၎င်းက ဆိုသည်။ ဆက်လက်ပြီး ဒေါက်တာအောင်မြင့်မော်က “ဆုံးဖြတ်ချက်နဲ့အညီပဲ မနေ့တုန်းက A အပိုင်း ကို စုပေါင်းပြီးတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်မီးသတ်အဖွဲ့၊ ရဲအဖွဲ့ရယ် အကုန်ပူးပေါင်းပြီးတော့ ငြှိမ်းသတ်လိုက်တာ ပြီးသွားတယ်။ ဒီနေ့ B အကွက်ကို လုပ်တယ်။ B အကွက်ကို လုပ်နေရင်းနဲ့ပဲ A အကွက်မှာ ထလောင်ရင် ငြှိမ်းသတ်လို့ရအောင် အရံတွေလည်း ထားခဲ့တယ်။ ဒီနေ့ B ပြီးအောင်လုပ်မယ်”ဟု ရှင်းပြသည်။ ထိုအမှိုက်ပုံမီးအား မီးငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့သော်လည်း အမှိုက်ပုံ၏ အောက်ခြေ အမှိုက်များမှ လှိုက်ပြီး လောင်ကျွမ်းနေမှုကြောင့် မီးခိုးများ ထွက်ရှိခဲ့ပြီး ပတ်ဝန်းကျင် မြို့နယ်များနှင့် ကျေးရွာများသို့ မီးခိုးများ ပျံ့နှံ့ခဲ့ရုံ သာမက ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများသို့ ညှော်နံ့များပါ လွင့်ပါခဲ့သည်။ အမှိုက်ပုံမီး စတင်လောင်ကျွမ်းသည့်နေ့မှ ဧပြီ ၂၉ ရက်နေ့အထိ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူသူ ၃၃ ဦးနှင့် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူသူ ၂၉ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ဆေးကုသမှုခံယူသောလူနာများ၏ သွေးအတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးခဲ့ရာ ပုံမှန်ပမာဏအတွင်းသာရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆေးရုံတက်ရောက်သောလူနာများမှ ရောဂါသက်သာသွားသည့် သူများကိုု ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ယနေ့အချိန်ထိ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် လူနာ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း လှိုင်သာယာ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက အတည်ပြုပြောကြားသည်။ The post ထိန်ပင်အမှိုက်ပုံမီးလောင်မှု မီးတောက်များမရှိတော့ဟု မီးသတ်ဦးစီး ပြောဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2jiF5Za
via IFTTT


အတိုးနှုန်းတွေ လျှော့ချ ပြောင်းလဲ လိုက်တဲ့ KBZ ဘဏ်နှင့် တွေ့ဆုံခြင်း KBZ ဘဏ်၏ အဖွဲ့အစည်းများ စားရင်းသေအပ်ငွေ စာရင်းတွင် ယခင် အပ်ငွေ အတိုးနူန်းမှာ ၁ လလျှင် ၉ ရာခိုင်နှုန်း၊ ၃ လလျှင် ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၆ လလျှင် ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ၉ လလျှင် ၉ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ၁ နှစ်နှင့် အထက် ၁၀ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ ယခု ပြင်ဆင် လျှော့ချလိုက်သော အတိုးနှုန်းများမှာ ၃ လလျှင် ၆ ရာခိုင်နှုန်း၊ ၆ လလျှင် ၆ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၉ လ လျှင် ၆ဒသမ၅ ရာခိုင်နှုန်း၊ ၁နှစ်လျှင် ၆ဒသမ၇၅ ရာခိုင်နှုန်း၊ ၂ နှစ်လျှင် ၇ ရာခိုင်နူန်းနှင့် ၃ နှစ်လျှင် ၈ ရာခိုင်နှုန်း သို့ လျှော့ချ သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း KBZ ဘဏ် က ထုတ်ပြန်ထားသည်။ တဦးချင်းစီ၏ စာရင်းသေ အပ်ငွေစာရင်းတွင် အပ်ငွေ အတိုးနှုန်းမှာ ၁ လလျှင် ၈ ရာခိုင်နှုန်း၊ ၃ လလျှင် ၈ ဒသမ၂၅ ရာခိုင်နှုန်း၊ ၆ လလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၉ လလျှင် ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ ၁ နှစ်လျှင် ၉ ရာခိုင်နှုန်း၊ ၂ နှစ်လျှင် ၁၀ ရာခိုင်နှုန်းနှင့် ၃ နှစ်လျှင် ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ပေးသွားမည် ဖြစ်ကြောင်း၊ ဘဏ်၏ အပ်ငွေ အတိုးနှုန်း များ ကို မေလ ၁ ရက်မှ စတင် ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။ ကာလရှည် အပ်ငွေစာရင်းများ၏ အတိုးနှုန်း ရရှိမည့်ပမာဏကိုမူ ၈ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း အတွင်း ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲသတ်မှတ် သွားမည်ဖြစ်ပြီး ကာလတို အပ်ငွေနှုန်းထားများကို ၂၀၁၈ ခုနှစ် မေလ ၁ရက်မှ စ၍ အနည်းငယ် ပြောင်းလဲ သွားမည်ဖြစ်ကြောင်း KBZ ဘဏ်က ကြေညာထားသည်။ ယခင် စာရင်းသေ အပ်ငွေများမှာ မူလနှုန်းဟောင်းဖြင့် အပ်နှံထားသည့် ကာလအထိ ပြောင်းလဲမှုမရှိဘဲ အတိုး ဆက်လက် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။ မေလ ၁ ရက်နေ့မှ စတင်၍ အသစ် အပ်နှံသော စာရင်းသေ အပ်ငွေများနှင့် သက်တမ်းတိုး အပ်နှံသော စာရင်းသေ အပ်ငွေများသည် ယခုပြောင်းလဲ သတ်မှတ်သည့် အတိုးနှုန်း အသစ်ဖြင့်သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကာလရှည် ဘဏ်ချေးငွေများ ထုတ်ချေး ပေးသွားနိုင်ရန် အတွက်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၁၈ မေလ ၁ ရက်မှ စတင်ပြီး ကာလရှည် အပ်ငွေ ပုံစံအသစ်ကို စတင် သွားမည် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ အပြောင်းအလဲများနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ် (KBZ) ကုမ္ပဏီ လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မျိုး နှင့် ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။ မေး။ ။ KBZ ဘဏ်ရဲ့ အပ်ငွေအတိုးနှုန်း လျှော့ချလိုက်တာက ဘာကြောင့်ပါလဲရှင့်။ ပြောင်းလဲလိုက်တဲ့ အတိုးနှုန်းထား ပုံစံလေးကိုလည်း ရှင်းပြပေးပါရှင့်။ ဖြေ။ ။ ကျနော်တို့ အတိုးနှုန်းက ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ထားတဲ့ အတိုးနှုန်းက ငွေစုဘဏ်အပ်ငွေပေါ်မှာ အတိုးနှုန်း ၈ ရာခိုင်နှုန်း ပေးရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း ရှိပါတယ်။ အဲဒီစည်းမျဉ်းအတိုင်းပဲ ပေးထားပါတယ်။ ဘာဖြစ်လို့ ပြန်လျှော့လိုက်သလို ပြောင်းလဲတာလဲလို့ ပြောလို့ ရှိရင် ယခင်တုန်းက အဲဒီ အတိုးနှုန်း ၈ ရာခိုင်နှုန်းထက် ပိုပေးထားပါတယ်။ ၈ ဒသမ ၂၅ ရာခိုင်နှုန်း ဆိုပြီး ပိုပေးထားပါတယ်။ အခု နဂို ရာခိုင်နှုန်းအတိုင်း ပြန်ထားခြင်း ဖြစ်ပါ တယ်။ သဘောကတော့ ဘဏ်တွေက ပြိုင်ဆိုင်ပြီးတော့ Customer တွေ၊ ဘဏ်တွင် ငွေအပ်နှံသူ (Depositor)တွေကို ဆွဲဆောင် ကြတယ်။ ဈေးကွက်ကို ရအောင်လုပ်ကြတယ်။ အဲဒီ အခါမှာတော့ တဘဏ်နဲ့ တဘဏ် ပြိုင်ဆိုင်ပြီးတော့ အတိုးနှုန်းက ၈ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ ဒါကြောင့်အခု ကျနော်တို့က မူလ အတိုးနှုန်းဖြစ်တဲ့ ၈ ရာခိုင် နှုန်း ကိုပဲ ပြန်ထားခြင်း ဖြစ်ပါတယ်။ အခု ကျနော်တို့ဘဏ်က ပေးတဲ့ အတိုးနှုန်းထားအသစ်ကိုက ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ပေးထားပါတယ်။ ကာလရှည် ၃ နှစ်ကာလ စာရင်းသေအပ်ငွေကို ၁၀ ရာခိုင်နှုန်းအထိ ပေးထားပါတယ်။ နောက်တခါ ကျနော်တို့ အထူး သတ်မှတ်ထားတဲ့ အတိုးနှုန်းအဖြစ် ဘယ်လောက်အထိ ပေးသွားမလဲ ဆိုရင် ၃ နှစ် အပ်ငွေကို ရချင်ပါတယ်။ ရချင်တဲ့ အတွက် ၁၀ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ပေးဖို့လည်း အခု စီစဉ်ထားပြီး ပါပြီ။ သို့ပေမယ့် ဒီမှာတော့ ဒီအပ်ငွေကို ဘဏ်တွေက အသုံးချမယ်။ အပ်ငွေကို အပ်နှံမယ့်သူဆီက လက်ခံမယ်။ လုပ်ငန်း လုပ်နေတဲ့ သူတွေကို ချေးငွေလိုအပ်ရင် ထုတ်ချေးပေးရမယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ကျနော်တို့ကို ၃ နှစ်ကာလ ချေးငွေ ထုတ်ချေးခွင့် ပြုပေးထားပါတယ်။ အဲဒီလို ၃ နှစ် ထုတ်ချေးနိုင်ဖို့ အတွက် အပ်ငွေရှိဖို့ ဘဏ်တွေမှာ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ၃နှစ် အပ်ငွေအတွက်ကို စာရင်းသေ အတိုးနှုန်း အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းပေးထား ပြီးတော့ အထူး နှုန်းထားဖြစ်တဲ့ ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးဖို့လည်း ရည်ရွယ်ထားပါတယ်။ အဲဒါကတော့ အပ်ငွေပမာဏနဲ့ ကာလအပေါ် မူတည်ပြီး ကျနော်တို့ ပေးမှာပါ။ ဒါကတော့ သီးသန့် ထပ်လာမှာပါ။ မေး။ ။ ဒီလိုမျိုး အပ်ငွေ လျှော့ချလိုက်တဲ့အခါမှာ တခြားဘဏ်တွေကလည်း ပြိုင်ဆိုင်မှုကရော ဘယ်လိုမျိုး ဖြစ်လာ နိုင်ပါသလဲ။ KBZ က ပြည်တွင်းမှာ အပ်ငွေအများစု အပ်တဲ့ ဘဏ်တခု အနေနဲ့ Customer လျော့ကျသွားမှာကိုရော စိုးရိမ်မှု ရှိပါသလား။ ဖြေ။ ။ ကျနော်တို့ကတော့ မုဒိတာ ပွားပါတယ်။ Banking လုပ်ငန်းတွေထဲမှာ ကျနော်တို့တွေက ညီနောင်ဘဏ်တွေ ဖြစ်ပြီးတော့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုကိုတော့ အပြိုင်ပေးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအခါမှာ မြန်မာနိုင်ငံ တော် ဗဟို ဘဏ်က ဘဏ်အသစ်တွေကို ဖွင့်ခွင့်ပေးထားပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဘဏ်ကလည်း Deposit Market ရယ်ကို ပိုပြီး ရထားပါတယ်။ အပ်ငွေ ဈေးကွက်ဝေစု ပိုရထားပါတယ်။ ဒါကြောင့် တချို့တချို့သော သူတွေက ကျနော်တို့ အတိုးနှုန်းပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်တဲ့ အပေါ်မှာ ကျနော် တို့ ဆီကနေ ပြန်ထုတ်ပြီးတော့ လိုအပ်နေသော ဘဏ်တွေကို သွားပြီး အပ်နှံမယ်ဆိုရင် ကျနော်တို့က မုဒိတာပွားပါ တယ်။ သဘောက ကျနော်တို့က အဲဒီလို တခြားဘဏ်တွေကို သွားအပ်မယ်ဆိုရင် ဘာပဲပြောပြော အပ်ငွေ လိုအပ်နေတဲ့ ဘဏ်တွေ အတွက်လည်း အပ်ငွေရသွားပါတယ်။ မေး။ ။ အပ်ငွေတွေကို အတိုးနှုန်းလျှော့ချသလို ချေးငွေတွေကို KBZ ဘဏ်ကနေ တဆင့် လုပ်ငန်းရှင်တွေ ပြန်ချေးတဲ့ ချေးငွေ ပေါ်မှာရော အတိုးနှုန်း လျှော့ချဖို့များ ရှိပါသလား။ ဖြေ။ ။ တကယ်တမ်းကျတော့ ချေးငွေပေါ် အတိုးနှုန်းက အပ်ငွေပေါ် အတိုးနှုန်းထက် တိုက်ရိုက်ပတ်သက် ပါတယ်။ တကယ်လို့သာ အပ်ငွေပေါ်အတိုးနှုန်းကို သက်သောင့်သက်သာ လေးနဲ့သာ ကျနော်တို့ဘဏ်တွေက ပေးရမယ်ဆိုရင် ချေးငွေပေါ်မှာ ကောက်ယူမယ့် အတိုးနှုန်းကိုလည်း လျှော့ပေါ့ ပေးနိုင်တာပေါ့။ ဒါက သီအိုရီလေးအရ ပြောတာပါ။ ဒါပေမယ့် ဒီအပ်ငွေတွေကို အပ်ငွေနဲ့ အတိုးပေးတာနဲ့ ချေးငွေပေါ်မှာ အတိုးပေးတာတွေကို ကောက်ယူခြင်း ကိစ္စတွေ မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခုတော့ လွတ်လပ်စွာ ခွင့်မပြုသေးပါဘူး။ နောင်တချိန် အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လွတ်လွတ်လပ်လပ် ပေးလာပြီ ဆိုရင် တော့ ချေးငွေပေါ်မှာ အတိုးနှုန်း လျှော့ပေးဖို့ သင့်လျော်တယ်။ လျှော့ပေးနိုင်ခြေ ရှိပါတယ်။ အကောင်းဆုံး ဥပမာ တခုကို ပြောရမယ်ဆိုရင် ကျနော်တို့ ကမ္ဘောဇဘဏ်ကို JICA (ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က ချေးတဲ့ငွေကို Two Step Loan နဲ့ ချေးငွေ ထုတ်ချေးထားတာ ရှိပါတယ်။ ဒါက SME (အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ)ကို ဦးစားပေး ချေးခဲ့ပါတယ်။ ကျနော်တို့ဘဏ်ကို ပေးရတဲ့ ငွေက ဟာ ၄ ရာခိုင်နှုန်းပဲ အတိုးပေးရတဲ့ အတွက်ကြောင့် Two Step Loan ချေးငွေကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင် နှုန်းနဲ့ ချေးခဲ့ပါတယ်။ သဘောက အပ်ငွေပေါ်ကို ပေးရတဲ့အတိုးနှုန်း၊ သဘောက ကျနော်တို့ကို အခြားက လာကူညီတဲ့ ချေးငွေပေါ်ပေးရတဲ့ အတိုး နှုန်း သာ သက်သာရင် ကျနော်တို့ဘဏ်က ပြန်ချေးပေးရတဲ့ အတိုးနှုန်းကလည်း လိုက်ပြီး သက်သာသွားမှာ ဖြစ်ပါ တယ်။ မေး။ ။ ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသေးလဲရှင့်။ ဖြေ။ ။ ကျနော်က မြန်မာနိုင်ငံဘဏ်များ အသင်းမှာလည်း အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ဒီလို အပ်ငွေတွေနဲ့ အတိုးနှုန်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြပါတယ်။ ဆွေးနွေးကြတဲ့အခါ ဒီအပ်ငွေပေါ်မှာ Call Deposit ကို လည်း ကျနော်တို့ လျှော့ခဲ့ပြီးသား ရှိပါတယ်။ လျှော့တဲ့အပေါ်မှာလည်း အပ်ငွေပမာဏ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒီလိုပဲ ဘဏ်တွေ အားလုံးကိုလည်း ရေရှည်ကို ကြည့်ပြီးတော့ နှစ်ရှည်၊ ကာလရှည် အပ်ငွေရမယ်ဆိုရင် နှစ်ရှည် ချေးငွေ ထုတ်ချေးနိုင်ဖို့ကို ရည်ရွယ်ပြီးတော့ ယခုလို အတိုးနှုန်းထားတွေ ပြုပြင်ပြောင်းလဲ ကြောင်းပဲ ပြောချင်ပါတယ်။ ကျနော်ရဲ့ ပြုပြင်ပြောင်းလဲတဲ့ ကာလအတွင်းတော့ အတိုးနှုန်း ပြောင်းလဲတာကို အများကြီးမလုပ်ဘူး။ လုပ်ချင်လည်း အကြိမ် အရေအတွက် နည်းပါတယ်။ လုပ်သင့်တယ်လို့တော့ ကျနော် အကြံပြုချင်ပါတယ်။ ။ The post အတိုးနှုန်းတွေ လျှော့ချ ပြောင်းလဲ လိုက်တဲ့ KBZ ဘဏ်နှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2HFt76e
via IFTTT


တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ရေး မြစ်ကြီးနားတွင်ဆန္ဒပြ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့မနက်ပိုင်းက တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် အစိုးရကကူညီပေးရန် ကချင်လူထု ၅၀၀၀ ကျော် စုဝေးပြီး ဆန္ဒပြ၍ တောင်းဆိုခဲ့ကြသည်။ အဆိုပါ လူဦးရေ ၅၀၀၀ ကျော်သည် မနက် ၇ နာရီတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်းတွင် စုဝေးပြီးမနက် ၉ နာရီဝန်းကျင်တွင် မနောကွင်းမှ စထွက်ပြီး မြို့ပတ်ကာ ၎င်းတို့တောင်းဆိုချက်များကို နှုတ်ဖြင့် တောင်းဆိုခဲ့ကြသလို စာရွက်များ၊ ဗီနိုင်းများကို ကိုင်ဆောင်တောင်းဆိုသည်ကိုတွေ့ရသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ထိုအထဲတွင် “ပိတ်မိပြည်သူများရဲ့ အသက်ကိုလျစ်လျူမရှုပါနဲ့”၊ “နှစ်ဖက်စစ်တပ်ကြား ပိတ်မိနေသော ပြည်သူများ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ဒို့အရေး”၊ “လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကျဲခြင်း ချက်ချင်းရပ်”၊ “စစ်ပွဲကြောင့် ပိတ်မိပြည်သူများအား စားနပ်ရိက္ခာ အမြန်ထောက်ပံ့ပေးပါ”၊ “ကိုယ်ဝန်ဆောင် မိခင်များစစ်ပွဲကြားပိတ်မိခြင်းမှ လွှတ်ပေးပါ”၊ “ ပြည်သူနဲ့ အတူလို့ ပြောတဲ့အစိုးရ ပြည်သူနဲ့ အတူဒုက္ခ ခံပေးပါ” ဟု တွေ့ရသည်။ ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင် ကော်မတီဝင် ဒေါ်နန်ပူ က “ပိတ်မိသူတွေ ဆင်းရဲဒုက္ခရောက်နေတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေ ၅ နှစ်အောက် ကလေးတွေ အရမ်းဒုက္ခရောက်နေတာ ကြားတယ်။ ဒါ့ကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရစစ်တပ်ကလည်း ပြည်သူတွေကို သနားဂရုဏာထားပြီး လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်” ဟု ပြောသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) တောအတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များအပြင် မြို့ပေါ်သို့ ရောက်လာပြီး ဘာသာရေး ကျောင်းများတွင် ခိုလှုံနေကြသူများမှာလည်း ဟောခန်းများတွင် စုပြုံနေထိုင်နေရသဖြင့် နေရာထိုင်ခင်း အခက်အခဲ ရှိနေပြီး စားနပ်ရိက္ခာ မလုံလောက်မှုများလည်း ရှိနေသည်ဟု ဒေါ်နန်ပူက ဆိုသည်။ “အသင်းတော်တွေ ဘုရားကျောင်းတွေက ရှိတာနဲ့ ထုတ်ကျွေးနေပါတယ်။ မနေ့ကဆိုသူတို့ ကုလားပဲအရည်ကြဲပဲ သောက်ရတယ်။ မနေ့ညနေပိုင်းကမှ ကြာဇံလေးနည်းနည်းပါပြီဆိုတော့ ကျမတို့ စိတ်မကောင်းဘူး။ တတ်နိုင်သလောက် လှူနေပေမယ့် အရမ်းများလာတော့ မတတ်နိုင်တွေ ရှိတယ်” ဟု ဒေါ်နန်ပူက ရှင်းပြသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ဆန္ဒထုတ်ဖော်ပြီး အဓိကတောင်းဆိုလိုသည့် အချက်များမှာ တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများလုံခြုံရေးနှင့် ဘေးကင်းသည့် နေရာရောက်ရှိနိုင်ရေးအတွက် အစိုးရက ကူညီထောက်ပံ့ပေးရန်၊ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်၊ ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးထိခိုက်နေသည်များကို အစိုးရက ထိရောက်စွာကာကွယ် စောင့်ရှောက် ပေးရန် နှင့် နိုင်ငံရေးအရ ဖြစ်နေသည့် ပြဿနာများကိုစစ်ရေးဖြင့် ဖိအားမပေးပဲ နိုင်ငံရေးအရသာ ဆွေးနွေး ဖြေရှင်းကြရန်တို့ ဖြစ်သည်ဟု သိရသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ယနေ့ထိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်စခန်း ၁၆၀ ခန့်တွင် ယနေ့ထိ နေထိုင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည် တသိန်းကျော် ရှိသည်။ ယခုဧပြီလအတွင်း တပ်မတော်မှ KIA ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာမှ ဒေသခံ ၂၀၀၀ ခန့်၊ ဖားကန့်မြို့နယ်၊ လိုင်နောင်ခူးဒေသမှ ဒေသခံ ၁၆၀ ကျော်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ကျေးရွာမှ ဒေသခံ ၁၀၀၀ ကျော် ၊ အင်ဂျန်းယန်မြို့နယ်ရှိရွာ ၁၀ရွာမှ ဒေသခံ ၂၀၀၀ ခန့် တို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ၃၀၀၀ ခန့်မှာနီးစပ်ရာ မြို့ရှိဘာသာရေး ကျောင်းများတွင် ခိုလှုံနေကြသော်လည်း ၂၀၀၀ ခန့်မှာ ထွက်ပြေးမရဘဲ တိုက်ပွဲများ ဖြစ်ပွားနေသည့် တောအတွင်းပိတ်မိနေကြဆဲ ဖြစ်သည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) တနိုင်းမြို့နယ်၊ အောင်လော့ဒ်ဒေသမှ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀ ကျော်မှာ ဧပြီလ ၁၁ ရက်မှ ယနေ့ ထိတောအတွင်း ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ဘာသာရေးဆရာများ၊ ကချင်အရပ်ဘက် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ တို့မှ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတပ်မတော် တာဝန် ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။ တနိုင်းမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ၊ ဒုဥက္ကဋ္ဌ ဦးနော်တောင်က “သူတို့ ပိတ်မိနေတုန်းပဲ။ မြို့ပေါ်ကို ထွက်မလာနိုင်သေးပါဘူး။ ကျနော်တို့နဲ့တော့ ပိတ်မိနေသူတွေ ဧပြီလ ၁၇ ရက်က နောက်ဆုံး ဖုန်းအဆက်အသွယ် ရပါတယ်။ နောက်ပိုင်းတော့ မသိတော့ပါဘူး”ဟု ပြောသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ထိုကဲ့သို့ ပိတ်မိနေသူများက ဧပြီလ ၁၁ ရက်မှ ၁၇ ရက်တွင်း ဖုန်းလိုင်းမိစဉ်မှာ ၎င်းတို့ကိုကယ်ထုတ်ပေးရန်၊ တောတွင်း ဒုက္ခရောက်နေကြောင်း၊ စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဖုန်းဖြင့် ပြောဆိုမှုများရှိသည်ဟု ဦးနော်တောင်က ပြောသည်။ ယနေ့ မြစ်ကြီးနားမြို့ရှိ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူအဖြစ် ပါဝင်သည့် မြစ်ကြီးနားခရစ်ယာန် အသင်းတော်များ ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးဘောက်လာကလည်း “စစ်ဖြစ်နေတာ နှစ်ဖက် စစ်တပ်တွေ ဖြစ်လို့ အမြန်ဆုံး စစ်ရှိန်လျော့နည်းအောင် နိုင်ငံတော် အစိုးရကလည်းကောင်း ဖျန်ဖြေပေးဖို့ ကျနော်တို့က လိုချင်ပါတယ်” ဟု ပြောသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ဆန္ဒပြပွဲကို ကချင်လူငယ်ထု သပိတ်စခန်းဦးဆောင် ကော်မတီက ဦးစီးကာ အာဏာပိုင်များထံတွင် ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေအရခွင့်ပြုချက် တောင်းခံပြီး ဆန္ဒထုတ်ဖော်ပွဲကျင်းပခြင်း ဖြစ်ပြီး ကချင်နှစ်ခြင်း၊ ကတ်သလစ်နှင့် ဗုဒ္ဒဘာသာ ဆရာတော်များ ၊ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး တတ်ကြွ လှုပ်ရှားကြသူများနှင့် မြစ်ကြီးနား ဒေသခံများ ပါဝင်ခဲ့ကြသည်။ ဆန္ဒပြပွဲသို့ လာရောက်ကြသည့် မြစ်ကြီးနားဒေသခံများထဲတွင် အသက် ၈၀ ကျော် အဖိုးအဘွားများလည်း တွေ့ရသည်။ စစ်ပွဲကြားပိတ်မိနေသည့် ဒုက္ခသည်များ လွတ်မြောက်ရေး မြစ်ကြီးနားတွင် ဆန္ဒပြ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ) ဆန္ဒထုတ်ဖော်ပွဲတွင် လာရောက်ပူးပေါင်းသည့် ဆရာတော် အရှင်ပညာဝံသ ကလည်း “တောင်ကိုးရီးယားနဲ့ မြောက် ကိုရီးယားတောင် ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ကြိုးစားနေတဲ့ အချိန်မှာ ကျုပ်တို့နိုင်ငံက တိုင်းရင်းသား ညီအကိုချင်း ဘာ့ကြောင့်များ အခုလို လက်တွဲပြီး စားပွဲဝိုင်းမှာ အဖြေရှာပြီး ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင် ရတာလဲ” ဟု မိန့်သည်။ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်တွင် နေထိုင်ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် လာရောက် ပါဝင်သည့် ဦးလဒွန်နော် ကလည်း တိုက်ပွဲဖြစ်သည့် ဒေသမျာတွင် တပ်မတော်မှ ဒေသခံ ကချင်လူထုကို ရိုက်နှက်ခြင်း၊ KIA ဟုစွပ်စွဲ ခြင်း၊ တောတောင် လယ်ယာအတွင်း တွေ့ပါက KIA ဟုစွပ်စွဲပြီးသတ်ဖြတ်ခြင်းနှင့် နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းများကို မပြုလုပ်ရန် တောင်းဆိုချင်ကြောင်း ပြောသည်။ ထို့ပြင် ပိတ်မိနေသူများ လွတ်မြောက်ရေး အတွက် အစိုးရမှ ဆောင်ရွက်ပေးရန်လည်းဦးလဒွန်နော်က ပြောသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီလ ၂၈ ရက်တွင် လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သတ် အသိပေးစာများ ရေးသားထားသည့် လက်ကမ်းစာစောင်များ ဝေငှခဲ့ပြီးထိုထဲတွင် တိုက်ပွဲများမှာ KIA ကို တိုက်ခိုက်နေခြင်း ဖြစ်ပြီး အရပ်သား ပြည်သူများကို မတိုက်ခိုက်ကြောင်း၊ ပြည်သူများ အနေဖြင့် ရပ်ရွာများသို့ ပြန်ကြရန် ၊ ပြန်မည်ဆိုပါက စားနပ်ရိက္ခာနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းရေးသားထားသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) မှ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာ က “ပြည်သူတွေက ဓားစာခံဖြစ်နေတာ သူတို့ ဒေသပြန်ဖို့ လုံခြုံတယ်လို့ စိတ်ခံစားရမှ ပြန်နိုင်မှာ ဖြစ်တယ်။ အခုချိန်မှာတော့ ပြန်ဖို့ မဆုံးဖြတ်နိုင်ကြပါဘူး။ အခုကတော့ ပြည်သူလူထုသဘောဆန္ဒကို ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်တာပါ။ အစိုးရ၊ တပ်မတော်တို့က ဒီကဆန္ဒကို အရေးယူဆောင်ရွက် ပေးမယ်လို့ ထင်ပါတယ်” ဟု လည်းပြောသည်။ ဆန္ဒပြပွဲကိုယနေ့ညနေပိုင်းတွင် တကြိမ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး တိုက်ပွဲများအကြား ပိတ်မိနေသူများ မလွတ်မြောက်သေးလျှင် ဆန္ဒပြပွဲများကို ဆက်တိုက်ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ The post တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ရေး မြစ်ကြီးနားတွင်ဆန္ဒပြ appeared first on ဧရာဝတီ.
Source : https://ift.tt/2KnWw6Y
via IFTTT


အသားအရေဖြူ ဝင်းစေမယ့် မန်ကျည်းသီး Scrub အိမ်မှာ အလုပ်တကူ လုပ်ကြမယ် အိမ်က မီးဖိုချောင်ထဲမှာ ရှိတဲ့ မန်ကျည်းသီးကို ဒီအတိုင်းမထားပဲနဲ့ အသားအရေအတွက် လှပအောင် အသားအရေ ဖြူဝင်းစေမယ့် မန်ကျည်းသီး Scrub ကို အိမ်မှာ အလွယ်တကူပဲ စမ်းကြည့်ကြရအောင်။ မန်ကျည်းသီးက အင်တီအောက်ဆီးဒင့်ဓာတ်နဲ့ ဗီတာမင် C, A တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မန်ကျည်းသီးကို အရေပြားမှာ လိမ်းကြည့်ရင် အသားအရေ ဝင်းလက်စေပြီး အမဲစက်တေ ွပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အညစ်အကြေးနဲ့ ဆဲလ်အသေတွေကိုလည်း ပျောက်ကင်းစေပါတယ်။ နနွင်းနဲ့ မန်ကျည်းသီးရောပြီး လုပ်ထားတဲ့ Scrub က အဆီပြန်ပြီး ဝက်ခြံများတဲ့ အရေပြားအတွက် သင့်လျော်ပါတယ်။ ဒါပေမယ့် Shaving (အမွေးရိတ်ခြင်း) သို့မဟုတ် Waxing (ဖယောင်းဖြင့် အမွေးချွတ်ခြင်း) တို့ ပြုလုပ်ပြီးတဲ့ အရေပြားပေါ် လိမ်းတဲ့ရင် ဓာတ်မတည့်တာနဲ့ ယားယံတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ချက်ချင်း မလိမ်းမိဖို့ သတိပြုပါ။ မန်ကျည်းသီး Scrub လုပ်လို့ရတဲ့ နည်းလမ်းတွေ ရေးသား ဖော်ပြသွားပါမယ်။ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့် – မန်ကျည်းသီး – နနွင်းနဲ့ သကြား မန်ကျည်းသီးကို ဒီအတိုင်းမျက်နှာမှာ လိမ်းတဲ့အခါ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်တဲ့အတွက် အရင်ဆုံးရေနွေးနဲ့ ပြုတ်ပါ။ ပြီးမှ အနှစ်ကို နနွင်းနဲ့ရောပါ။ သကြား (သို့မဟုတ်) Scrub Salt နဲ့ ရောနှောပြီး ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ ခန္ဓာကိုယ်မှာ လိမ်းကြည့်ပါ။ နာရီဝက်ခန့် ထားပြီး ရေဆေးချတဲ့အခါ သိသိသာသာ ဝင်းလက်လာတဲ့ အရေပြားကို တွေ့ရမှာပါ။ ဒီလို Scrub လုပ်တာကို တပတ် တကြိမ်လောက် လုပ်ပါ။ ကြာတဲ့အခါ သူများနဲ့မတူ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပြီမှာပါ။ Ref : babitajaishankar.com The post အသားအရေဖြူ ဝင်းစေမယ့် မန်ကျည်းသီး Scrub အိမ်မှာ အလုပ်တကူ လုပ်ကြမယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2FtPFF9
via IFTTT


ကုလ လုံခြံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ပြီ မြန်မာ အစိုးရ၏ ဖိတ်ကြားမှုဖြင့် ရခိုင်အရေး လေ့လာရန် ရောက်ရှိလာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး ၎င်းတို့ အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပထမဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တွေ့ဆုံမည် ဖြစ်ပြီး ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဂျေယောဂူတို့နှင့် လွှတ်တော် အဆောက်အဦ I – 5 တွင် တွေ့ဆုံရန် ရှိပြီး ည ၇ နာရီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ဦးကျော်တင့်ဆွေနှင့်အတူ အမျိုးသား လုံခြုံရေး အကြံပေး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHED ညှိနှိုင်းရေးမှူး ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်မည် ဖြစ်သည်။ မေလ ၁ ရက်နေ့တွင် နေပြည်တော်တွင် အစိုးရ မဟုတ်သော အရပ်ဘက် အဖွဲ့များနှင့် တွေ့ဆုံရန် ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နေ့ချင်းပြန်ခရီးသွားရောက်မည် ဖြစ်ကြောင်း၊ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံရန် ရှိနေသည်။ ထို့နောက် မွတ်စလင် ကျေးရွာများသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်မည် ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အခြေအနေများ၊ ဒုက္ခသည်များ ယာယီနေထိုင်မည့် ကြားစခန်းများကို သွားရောက် လေ့လာမည် ဖြစ်သည်။ အပြန် စစ်တွေလေဆိပ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများများနှင့် တွေ့ဆုံဦးမည်ဟု သိရသည်။ မြန်မာပြည်မှ ပြန်မထွက်မီ ညနေပိုင်းတွင် နေပြည်တော် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပရန်လည်း ရှိနေသည်။ The post ကုလ လုံခြံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2HZWu6R
via IFTTT


Taylor Swift ရဲ့ ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် စံချိန်တင်များပြား အဆိုတော် Taylor Swift ဟာ သူ့ရဲ့ မကြာမီပြုလုပ်တော့မယ့် Reputation နယ်လှည့်အစီအစဉ်ရဲ့ ပထမဆုံး ပွဲကို University Of Phoenix Stadium မှာ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ပရိသတ်အရေအတွက် စံချိန်တင်ခဲ့ တယ်လို့ ဆိုပါ တယ်။ ပေါ့ပ်စတား တဦးဖြစ်တဲ့ Swift ဟာ မေ ၈ ရက်၊ အရီဇိုးနားပြည်နယ်၊ Glendale မြို့မှာ နယ်လှည့်ပွဲကို စတင်ဖို့ သီတင်းတပတ်လောက်ပဲ လိုတော့တာ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်က One Direction အဖွဲ့တင်ထားတဲ့ လာရောက်ကြည့်ရှု သူ ပရိသတ်အများဆုံးစံချိန်ကို ရိုက်ချိုးခဲ့နိုင်တာလည်း ဖြစ်ပါတယ်။ အဲဒီပွဲကို ပရိသတ် ၅၆၅၂၄ ဦးတက်ရောက်ခဲ့ပေမယ့် သူ့ရဲ့ ပွဲကို အဲဒီလူအရေအတွက်ထက် ကျော်လွန်လိမ့်မယ်လို့ ခန့်မှန်းထားပုံရပါတယ်။ အဲဒီပွဲပြီးတဲ့နောက် တက်ရောက်လာတဲ့ပရိသတ် အတိအကျကို မသိနိုင်ခဲ့ ပေမယ့် အရီဇိုးနား အားကစားနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ရဲ့ စီအီးအိုနဲ့ ဥက္ကဌ Tom Sadler က Swift ရဲ့ ဖျော်ဖြေပွဲ ဟာ စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ တကယ့်ပွဲကြီးစဖို့ ၁၁ ရက်လောက် လိုသေးပေမယ့် One Direction အဖွဲ့ရဲ့ပွဲ လူလာရောက်နှုန်းကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Swift ရဲ့ ပထမဆုံး ဖျော်ဖြေပွဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ Camila Cabello နဲ့ Charli XCX တို့ ပါဝင်လာမှာ ဖြစ်ပြီး မေ ၁၁ နဲ့ ၁၂ ရက်မှာ Santa Clara မြို့ကပွဲတွေနဲ့ မေ ၁၈ နဲ့ ၁၉ ရက်တို့မှာ Pasadena မြို့က ပွဲတွေမှာလည်း သုံးဦးသား ဖျော်ဖြေကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်လှုပ်ရှားနေတဲ့ အဆိုတော် Swift က ပွဲမစမီ ရက်ရေတွက်တဲ့ အစီအစဉ်တခု ကို စတင်ခဲ့ပြီး ဖျော်ဖြေပွဲတခုချင်းစီတိုင်းရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကို ပရိသတ်တွေထံ ပြောကြား ပေးမယ် လို့ ကတိပေးထားပါတယ်။ ဧပြီ ၂၅ ရက်စလို့ Instagram ဗီဒီယိုတခုကနေ တဆင့် နေ့စဉ်အသေးစိတ်အချက်အလက်တွေကို တင်ပြခဲ့ပြီး သူမထွက်ရှိ ထားတဲ့ အယ်လ်ဘမ်တွေထဲက သီချင်းဘယ်နှပုဒ်ကို ပရိသတ် တွေက ကြားချင်ပါသလဲဆိုတဲ့ မေးခွန်း မေးမြန်းခဲ့တဲ့ အပြင် သီချင်း ၁၀ ပုဒ် သီဆိုမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “Love Story” သီချင်းအဆိုတော ် Swift က အစမ်း လေ့ကျင့် နေတဲ့အချိန်အတွင်းမှာ ပူအိုက်ပြီး ချွေးထွက်နေတဲ့ သူမရဲ့ အဖြူအမည်း ဓါတ်ပုံကိုလည်း တင်ခဲ့ပါတယ်။ aceshowbiz The post Taylor Swift ရဲ့ ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် စံချိန်တင်များပြား appeared first on ဧရာဝတီ.
Source : https://ift.tt/2Kp8Gwc
via IFTTT


ဝမ်းသာရတော့မယ့် ညီညီမောင် (စမ်းချောင်း)တို့ အချစ်ရေး ပရိသတ်တွေ စိတ်ဝင်စားတဲ့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း) တို့ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကတော့ မကြာခင်မှာ ဝမ်းသာရတော့မယ်လို့ ပြောပါတယ်။ “အချစ်ရေးကတော့ ဝမ်းသာရမှာပေါ့။ သုသုတို့ ၂ယောက်ကတော့ မချစ်လို့ ရန်ဖြစ်လို့ကွဲတာမှ မဟုတ်တာ ဒီလိုပါပဲ တယောက်နဲ့ တယောက် အားပြိုင်ကျရင်းနဲ့ကွဲကြတာ အဆင်မပြေ ခဏဖြစ်တာ ဒါကတော့ မိသားစုတိုင်း အိမ်ထောင်ရေးတိုင်းမှာလည်း အမြဲတမ်းအဆင်ပြေနေတာမှ မဟုတ်တာ ချစ်ပြီဆိုမှတော့ ရန်ဖြစ်ကြ စိတ်ကောက်ကြတာတွေ ရှိကြတာပါပဲ။ ဒါပေမယ့် သုသုတို့ နှစ်ယောက်က အခုတော့ အဆင်ပြေပါတယ်” လို့ ဆိုလိုက်ပါတယ်။ ပရိသတ်တွေက “သုသု” လို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ထက်အသက် ၁၁နှစ်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေက မိန်းမလျာ အိမ်ထောင်ရေး ဖြစ်ပေမယ့်လည်း ချစ်ခင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ “မိန်းမလျာ အိမ်ထောင်ရေးပေမယ့် ကိုယ်တွေက ယောင်္ကျား၊ မိန်းမအိမ်ထောင်ရေးလိုနေတဲ့အတွက် သုသုတို့ကို ချစ်ကြတယ်လို့ ထင်ပါတယ်။ စိတ်ပူပေးကြတဲ့သူတွေကိုလည်း စိတ်ပူသွားစေတဲ့အတွက် အများကြီး တောင်းပန်ပါ တယ်။ သုသုတို့က ခဏခဏ ရန်ဖြစ်နေကျပါ။ သတိထားမိသွားကြတယ်ဆိုတာ အခုမှ Hot ဖြစ်နေတာမလို့ ထင်ပါတယ်။ အမြဲတမ်းကတော့ သတ်နေကျပါ” ဆိုပြီး ညီညီမောင် (စမ်းချောင်း) က ရှင်းပြပါတယ်။ ညီညီမောင် (စမ်းချောင်း)ကတော့ ချစ်သူနဲ့ပြန်လည်အဆင်ပြေသွားရင် သူ့ အနေနဲ့ ဘန်ကောက်မှာ သွားရောက်ကာ ဖန်ပြွန်သန္ဓေသားယူဖို့အတွက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပါသေးတယ်။ The post ဝမ်းသာရတော့မယ့် ညီညီမောင် (စမ်းချောင်း)တို့ အချစ်ရေး appeared first on ဧရာဝတီ.
Source : https://ift.tt/2FsIVHH
via IFTTT


ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလာတဲ့ Beauty Blogger နေခြည်ဦး မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ Beauty Blogger နေခြည်ဦးက ဆိုးဝါးတဲ့ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ ရပေမယ့် ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ဧရာဝတီနဲ့ မေးမြန်းမှုမှာ ပြောပါတယ်။ “ဝေဖန်မှုတွေ အတွက်ကတော့ ကောင်းတာပဲပြောပြော ဆိုးတာပဲပြောပြော လူတွေရဲ့ ပါးစပ်ဖျားမှာ ပြောတယ်ဆို က တည်းကိုက ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အမြဲတမ်း ကိုယ့်အကြောင်းကို ပြောပေးနေဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဝေဖန်တာပဲဖြစ်ဖြစ် ချီးကျူးတာပဲဖြစ်ဖြစ် တိုက်ခိုက်တာပဲဖြစ်ဖြစ် နေခြည်အားလုံးကို လက်ခံတယ်။ အချိန် ပေးပြီး ပြောပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခုပြောတာတွေက နေခြည့်အတွက် အဆိုးဆုံးမှ မဟုတ်တော့တာ နေခြည့်အတွက်က အဆိုးဆုံးအချိန်တွေ အများကြီးကြုံပြီးပြီ အခုချိန်မှာ ကိုယ့်ကို ပုံတွေနဲ့ တိုက်ခိုက်တာတွေက Entertainment တခုအနေနဲ့ပဲ မြင်ပါတယ်” လို့နေခြည်ဦးက ပြောပါတယ်။ နေခြည်ဦးကတော့ လတ်တလောတွင် ကြော်ငြာများရိုက်ကူးလျက်ရှိပြီး သူမရဲ့ beautybynaychi အတွက်လည်း သေချာလေး လုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။ နေခြည်ဦးရဲ့ ကိုယ်ပိုင်Brand ထုတ်ဖို့အတွက်နဲ့ ပတ်သက်ပြီးတော့လည်း “နေခြည့်ကိုယ်ပိုင် Brand ထုတ်ဖို့အတွက် စီစဉ်နေတာ တနှစ်တောင်ကျော်လာခဲ့ပြီ။ သေချာလေးလုပ်ဖို့အတွက် လုပ်နေပါတယ်။ နာမည်စဉ်းစား ပြီးပြီ။ နေခြည့် ပရိသတ်တွေ ပေးထားတဲ့ “Chi” ဆိုတဲ့နာမည်ပဲပေးဖြစ်မှာပါ။ နေခြည့်မှာ “Chillies Fandom” ဆိုတဲ့ Group ရှိတယ်။ သူတို့တွေပြောတဲ့စကားဆိုရင် နေခြည်အမြဲနားထောင်တယ်။ သူတို့တွေပြောတဲ့ ပစ္စည်းလေးတွေရှိတယ်။ ဈေးနှုန်း တွေကအစပေါ့။ အဲဒီစကားတွေကို နားထောင်ပြီး ထုတ်ဖြစ်မှာပါ ” လို့ နေခြည်ဦးက ပြောပါတယ်။ လတ်တလောမှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လူအများက စိတ်ဝင်စားလျက်ရှိပါတယ်။ နေခြည်ဦးက သူမရဲ့ Relationship နဲ့ ပတ်သက်ပြီးတော့လည်း “နေခြည့်ရဲ့ Relationship ကိုတော့ သေချာရင် ပြောပြပါမယ်။ ဝေဖန်ခံရမှာစိုးတာထက် ကိုယ်နဲ့ပတ်သက်ရမယ့်သူကို ထိခိုက်မှာကို ပိုစိုးရိမ်တယ်။ နေခြည့်အတွက်က ဝေဖန်မှု ဆိုတာ ရိုးနေပြီ နေခြည်နဲ့ ပတ်သက်တဲ့သူကို ဝေဖန်ခံရမှာကိုကျတော့ မမျှတဘူးလို့ ထင်တယ်” လို့ ဆိုပါတယ်။ Beauty Blogger တဦးဖြစ်တဲ့နေခြည်ဦးဟာ မိန်းကလေးတော်တော်များများရဲ့ အားပေးမှုများစွာကို ရရှိထားပြီး ကြော်ငြာများနှင့် ရုပ်ရှင်ဇာတ်ကားကြီး တကားကိုလည်း ရိုက်ကူးထားပါတယ်။ The post ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလာတဲ့ Beauty Blogger နေခြည်ဦး appeared first on ဧရာဝတီ.
Source : https://ift.tt/2FsNxO0
via IFTTT

ဧရာဝတီ - Covering Burma and Southeast Asia

ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီကမ်းခြေရှိ Amara Ocean Resort (AOR) ၏ ပိုင်ရှင် ဖြစ်သူကို တရားစွဲဆိုရန် အတွက် ဂျာမန် စီးပွားရေး လုပ်ငန်းရှင် တဦးက ရန်ကုန်မြို့တွင် တိုင်ကြားထားကြောင်း သိရသည်။ ယခုအမှုတွင် တရားလိုဖြစ်သူ ဖေးလစ်ပ် ကွက် Philipp Quack ၏ ရှေ့နေအဖြစ် (ယာယီ) ကူညီဆောင်ရွက်ခဲ့သူ ဦးသက်နိုင်က ၎င်းတို့ အနေဖြင့် ရန်ကုန်ရှိ မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြထွန်းကျော် နှင့် ဧပြီ လ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး အပန်းဖြေစခန်းပိုင်ရှင် ဒေါ်ကလျာမိုးအား တိုင်တန်းသည့်စာကို ပေးအပ်ခဲ့ကြောင်း အတည်ပြုပြောကြားသည်။ အမှုကို လက်ခံရန် သင့်မသင့် နှင့် အမှုဖွင့်လှစ်ရန် ပုဒ်မ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည့် အတွက် နောက်ထပ် အချက်အလက်များပေးရန် ရှေ့နေ ဦးသက်နိုင်က ငြင်းဆန်ခဲ့သည်။ အမှုကို လက်ခံထားခြင်း ရှိ/မရှိကို သိရှိနိုင်ရန် ဧရာဝတီက မင်္ဂလာဒုံ မြို့မ ရဲစခန်းသို့ သွားရောက်ခဲ့ရာတွင် အဆိုပါရဲစခန်း ၌ လတ်တလောတွင် မည်သည့် နိုင်ငံခြားသားကမျှ အမှုဖွင့် တိုင်ကြားထားခြင်း မရှိကြောင်း ရဲအုပ်တဦးက ပြောသည်။ ဒုရဲ မှူး မြထွန်းကျော်ကလည်း အင်တာဗျူး ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ ဒေါ်ကလျာမိုးက သူ့အနေဖြင့်လည်း ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ယင်းအမှုကို သိရှိခြင်းပင် မရှိဟု သူ့အားဖြေဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၂၇ ရက်) ညနေပိုင်းတွင် ပြောကြားသည်။ ဖေးလစ်ပ် ကွက်က ဂျာမနီ အခြေစိုက် DJE Kapital group ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ယန်စ်ယားဟာ့ Dr. Jens Ehrhardt ၏ ကိုယ်စား တရားလို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာ ယန်စ်ယားဟာ့နှင့် နီးစပ်သည့် အရင်းအမြစ်များ၏ ပြောပြချက်အရသိရပါသည်။ အဆိုပါ ကုမ္ပဏီသည် in-house financing (ဖောက်သည်က ပစ္စည်း နှင့် ဝန်ဆောင်မှုများ ဝယ်ယူနိုင်ရန် ငွေထုတ်ချေးပေးခြင်း) နှင့် စီးပွားရေး လုပ်ငန်းများသို့ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး များဝန်ဆောင်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ဒုရဲမှူး နှင့် တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း ဖေးလစ်ပ် ကွက်က အတည်ပြုပြောဆိုခဲ့ပါသည်။ သို့သော် အသေးစိတ်ထုတ်ပြောရန် ငြင်းဆိုပါသည်။ ၂၀၀၉ ခုနှစ်တွင် ဒေါ်ကလျာမိုးသည် ထိုစဉ်က သူ၏ ခင်ပွန်းဖြစ်သော ဂျရတ် ရှုရိုင်ဘာ Gerald Schreiber နှင့် အခြား ဂျာမန် ရင်းနှီးမြှုပ်နှံသူ တဦး ဖြစ်သော အီဗာ ဖလ်တန် Eva Felten တို့သည် ငပလီကမ်းခြေရှိ ၁၇ ဧကကျယ်ဝန်းသော ကမ်းခြေမြေကွက်တခု ဝယ်ယူခဲ့ပြီး ၆ ဧက ဝန်းကျင် ကျယ်ဝန်းသော ရေချိုဆည် စီမံကိန်းတခုကို အကျိုးမြတ်ခွဲဝေသည့် စနစ်ဖြင့် အကောင်အထည်ဖော်ရန် ပူးတွဲသဘောတူညီချက်စာချုပ်ကို ဂျာမနီ တရားမ ဥပဒေအရ လက်မှတ်ထိုးခဲ့ကြသည်။ ယင်းအပန်းဖြေစခန်း စီမံကိန်းမှာ သံတွဲလေဆိပ်နောက်ဖက် မိုင်အနည်းငယ်အကွာရှိ ဂေါ ကျေးရွာရွာအနီးတွင် တည်ရှိသည်။ သဘောတူညီချက် အရ ဒေါ်ကလျာမိုးနှင့် ဂျရတ် ရှုရိုင်ဘာတို့က စီမံကိန်းတွင် တဦးလျှင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး အီဗာ ဖလ်တန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး လက်အောက်တွင် ရှိနေခဲ့သည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလွန် အန္တရာယ်များသော ကာလဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်မှုကို မြန်မာနိုင်ငံတွင် ဥပဒေဖြင့် တရားဝင် တားမြစ်ထားသည်။ ထို့ကြောင့် ၎င်းတို့ သုံးဦးက ကုမ္ပဏီကို မြန်မာနိုင်ငံသား တဦး၏ အမည်ဖြင့် မှတ်ပုံတင်ရန် သဘောတူညီခဲ့ကြပြီး ဒေါ်ကလျာမိုးက ပိုင်ရှင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အီဗာ ဖလ်တန်က သူပိုင်ဆိုင်သော ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါက်တာ ယန်စ်ယားဟာ့သို့ အမေရိကန် ဒေါ်လာ ၂.၈ သန်းဖြင့် ရောင်းချခဲ့သည်။ ထိုနှစ် အတွင်းမှာပင် resort တည်ဆောက်မှု ပြီးစီးရေး အတွက် ဒေါက်တာ ယန်စ်ယားဟာ့ က စီမံကိန်းသို့ နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၄ သန်း ထုတ်ချေးခဲ့ကြောင်း စာချုပ်စာတမ်းများတွင် ဖော်ပြထားသည်။ ဒေါ်ကလျာမိုးနှင့် ဂျရတ် ရှုရိုင်ဘာတို့၏ အိမ်ထောင်ရေးမှာ အငြင်းပွားမှုများနှင့် အဆုံးသတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ တရားရုံးတွင် တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြသည်။ ဥပဒေကြောင်းအရ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ခွဲဝေကြသောအခါ ကာလရှည်ကြာသော အငြင်းပွားမှု ဖြစ်ပေါ်လျှက် ရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် တည်ရှိနေသော ပိုင်ဆိုင်မှုများအားလုံးမှာ ဒေါ်ကလျာမိုး၏ အမည်ဖြင့် မှတ်ပုံတင်ထားခြင်းကြောင့် ဖြစ်သည်။ ဒေါ်ကလျာမိုးက ငပလီရှိ ရင်းနှီးမြှုပ်နှံမှုမှ ဂျရတ် ရှုရိုင်ဘာ နှင့် ဒေါက်တာ ယန်စ်ယားဟာ့ တို့၏ ရှယ်ယာများကို ပြန်ပေးရန် သို့ မဟုတ် သူပိုင်ဆိုင်သော ၂၅ ရာခိုင်နှုန်းကို ရောင်းချရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဒေါက်တာ ယန်စ်ယားဟာ့ က ဒေါ်ကလျာမိုးကို မြူးနစ်မြို့ ရှိတရားရုံးတရုံးတွင် တရားစွဲဆိုခဲ့ရာ တရားသူကြီးက ဒေါက်တာ ယန်စ်ယားဟာ့ကို အနိုင်ပေးခဲ့ သည်။ ဒေါ်ကလျာမိုးက AOR စီမံကိန်း နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ တင်ပြနိုင်ခြင်း မရှိသည့် အ တွက် ဒဏ်ငွေ ယူရို ၁၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ လ ကျခံစေရန် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူက အထက်တရားရုံး တွင် အယူခံ ဝင်ထားကြောင်း ဂျရတ် ရှုရိုင်ဘာ၏ အဆိုအရ သိရသည်။ အယူခံရလဒ်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။ ဧပြီလ ၉ ရက်နေ့တွင် ဒေါ်ကလျာမိုး၏ နေအိမ်သို့ ဧရာဝတီသတင်းဌာနက သွားရောက်မေးမြန်းစဉ် သူက မြူးနစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝန်ခံခဲ့သည်။ သို့သော် ယင်းဆုံးဖြတ်ချက်မှ တရားမျှတမှုမရှိကြောင်း တရားရုံးက သူ၏နိုင်ငံသားကို ဘက်လိုက်ဆုံးဖြတ်ခြင်းဖြစ်ကြောင်းဆိုသည်။ သူလက်မှတ်ရေးထိုးခဲ့သော AOR ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက် သော စာရွက်စာတမ်းများကို ပေးရန် သို့မဟုတ် ပြသရန် ဒေါ်ကလျာမိုးက ငြင်းဆန်ခဲ့သည်။ မြူးနစ်တရားရုံးက ဒေါ်ကလျာမိုးကို စီရင်ချက်ချမှတ်ခဲ့သော်လည်း ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင် သက်ရောက်ခြင်း မရှိပါ။ မြန်မာနိုင်ငံတွင် လိုက်ပါဆောင်ရွက်မည့် အမှုကို DJE group က စတင်တိုင်တန်းခဲ့ပြီးဖြစ်သော်လည်း ယင်းအမှုကို ရာဇဝတ်ပြစ်မှုမြောက်မမြောက် စွဲတင်နိုင်ရေးအတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။ (အင်္ဂလိပ်ဘာသာဖြင့် German Investor in Ngapali Resort Eyes Legal Action against Ex-Partner တွင် ဖတ်ပါ။) The post appeared first on ဧရာဝတီ.
Source : https://ift.tt/2r9aukk
via IFTTT


ခန္ဓာကိုယ်ပေါ်က အဆီပို (Cellulite) တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းများ ခန္ဓာကိုယ် အလေးချိန် အတက်အကျ မြန်သူတွေရဲ့ ခါး၊ တင်ပါး နဲ့ ပေါင်မှာ ဖြစ်လေ့ရှိတဲ့ ပျော့တွဲနေတဲ့ ဒါမှမဟုတ် လိမ္မော်ခွံလို အရစ်ရစ်ထနေတဲ့ အဆီပိုတွေကို Cellulite လို့ ခေါ်ပါတယ်။ ဒီလိုမျိုး အဆီပိုတွေ တနေရာတည်းမှာ စုစည်းနေတဲ့ အရေပြား ပြဿနာကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုခံစားရလေ့ရှိပါတယ်။ အားကစားပြုလုပ်တဲ့ အမျိုးသမီးတွေမှာတော့ ဒီလိုမျိုး အဆီပိုတွေ စုဝေးတဲ့ ပြဿနာ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ အဝတ်အစား ခပ်ကျပ်ကျပ်တွေ ဝတ်တဲ့အခါ ကြည့်ရဆိုးစေတဲ့ ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အဆီပို Cellulite တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Cellulite (အဆီပို) တွေကို ဖယ်ရှားပေးနိုင်တဲ့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်း တခုကတော့ ကော်ဖီမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းလောက်နဲ့ ဆားအနည်းငယ်၊ အုန်းဆီထမင်းစားဇွန်း တဇွန်းတို့ကို ရောပြီး ပေါင်၊ တင်ပါး၊ ခါး အစရှိတဲ့ အဆီပိုတွေ စုဝေးနေတဲ့နေရာမှာ သုတ်လိမ်းပေးပြီး နာရီဝက်ထားပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြောပေးပြီး သုံးနေကျ Lotion တမျိုးမျိုး လိမ်းပေးပါ။ ဒီနည်းလမ်း အတိုင်းကို တပတ်မှာ နှစ်ကြိမ်ခန့် လုပ်ပေးခြင်းအားဖြင့် အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ Cellulite ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ အငန်ဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ စည်သွပ်ဘူး၊ ပြုပြင်ဖန်တီးထားတဲ့ အဆီဓာတ်များတဲ့ အစားတွေနဲ့ အသင့်စား အစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဆီပြင် စုဝေးမှုကို လျော့နည်းစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တဲ့ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်နဲ့ ရေများများ သောက်ပေးခြင်း အလေ့အကျင့်ကို ပြုလုပ်သင့်ပါတယ်။ သဘာဝ အစေ့အဆန်တွေ ဖြစ်တဲ့ ဖရုံစေ့၊ နေကြာစေ့နဲ့ အခွံမာသီးတွေရဲ့ အစေ့အဆန်တွေကို စားသုံးပေးခြင်းကလည်း မလိုအပ်တဲ့ အဆီပြင်တွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ Ref ; steptohealth.com The post ခန္ဓာကိုယ်ပေါ်က အဆီပို (Cellulite) တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2JE4TKx
via IFTTT


ကြည့်ရှုသင့်တဲ့၂၀၁၇ ခုနှစ်ထွက် ဟောလိဝုဒ် ဒရာမာဇာတ်ကား (၅) ကား ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒရာမာရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ ကြည့်ရှုပြီးတဲ့အထိကို စိတ်ကိုထိပြီး ခံစားစေနိုင်တဲ့ Drama ရုပ်ရှင်ဇာတ်ကားကောင်း စာရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Darkest Hour ဒါရိုက်တာ Joe Wright ရိုက်ကူးထားပြီး War Drama ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားမှာ Gary Oldman ကို ဝန်ကြီးချုပ် ဝင်စတန်ချာချီအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး နာဇီတွေရဲ့ ပရိယာယ်တွေကို ချာချီတယောက် ဘယ်လိုပါးပါးနပ်နပ် ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (၂) Dunkirk ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတာဖြစ်ပြီး အက်ရှင်ဒရာမာ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ Fionn Whitehead, Damien Bonnard, Tom Hardy တို့အပြင် အခြားသော သရုပ်ဆောင်များကလည်း ဒုတိယကမ္ဘာစစ်အတွင်းက လူသားတွေရဲ့ နိစ္စဓူဝဘဝတွေကို အနုစိပ်ပုံဖော်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (၃) Tulip Fever ဒါရိုက်တာ Justin Chadwick ရိုက်ကူးထားပြီး Romance , History ဒရာမာရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသား Danny Dehaan နဲ့ မင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ဲ ချစ်မေတ္တာမပါဘဲ လူချမ်းသာကြီးနဲ့ လက်ထပ်လိုက်ရတဲ့ ကောင်မလေးတယောက်၊ ပန်းချီဆရာတယောက်နဲ့ အမ်စတာ ဒန်ရဲ့ ၁၇ ရာစုကာလတွေကို နောက်ခံထားပြီး ရုပ်ရှင်နာမည်လှသလောက် ရုပ်ရှင်ကလည်း လှပလွန်း တာကြောင့် ကြည့်ရှု ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (၄) Lady Bird ဒါရိုက်တာ Greta Gerwig ရိုက်ကူးထားပြီး Comedy Drama ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မင်းသမီး Saoirse Ronan က အသက် ၁၇ နှစ်အရွယ် စူးစမ်းစွန့်စားချင်တဲ့ စိတ်ကူးယဉ်တတ်သူ အထက်တန်းကျောင်းသူလေးအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ချစ်စရာမိုက်ရူးရဲဆန်မှုတွေနဲ့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ခြယ်မှုန်း ပြသထားတဲ့ Drama ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။ (၅) The Zookeeper’s Wife ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး မင်းသမီး Jessica Chastain ၊မင်းသား Johan Heldenbergh နဲ့ Daniel Bruhl တို့ပါဝင်ထားတဲ့ True story War Drama ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဝါဆောမြို့ရဲ့ တိရစ္ဆာန်ရုံကို ထိန်းသိမ်း စောင့်ရှောက်သူလင်မယားနှစ်ယောက်ဟာ ဂျာမနီတွေကျူးကျော်ဝင်ရောက်တဲ့ စစ်အတွင်းကာလမှာ ရာပေါင်း များစွာ သောဂျူးလူမျိုးတွေနဲ့ တိရစ္တာန်ရုံတွင်းက တိရစ္တာန်တွေကို ကယ်ဆယ်ခဲ့တဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဒရာမာ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ Ref. https://www.ranker.com The post ကြည့်ရှုသင့်တဲ့၂၀၁၇ ခုနှစ်ထွက် ဟောလိဝုဒ် ဒရာမာဇာတ်ကား (၅) ကား appeared first on ဧရာဝတီ.
Source : https://ift.tt/2Fs4cS5
via IFTTT

Sunday, April 29, 2018


မောင်တော မြောက်ပိုင်း၌ ခိုးဝင် ဘင်္ဂါလီ ၃ ဦ ဖမ်းမိ၊ ရဲတပ်ဖွဲ့ စစ်ဆေးနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဧပြီလ ၂၈ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီ ၃ ဦးအား ဖမ်းဆီးရမိရာ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှု ရှိမရှိ ဆိုသည်ကို နယ်ခြား စောင့်တပ်ဖွဲ့ စစ်ဆေးနေကြောင်း သတင်းရသည်။ အဆိုပါ ဖမ်းမိသော ဘင်္ဂါလီ ၃ ဦးမှာ ကနဦး စစ်ဆေးချက်အရ တဘက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ပြန်လည်ခိုးဝင်လာသည်ကို မသိရှိကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က ပြောသည်။ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က “မနေ့ နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးရမိတာ၊ သူတို့ က တဘက်နိုင်ငံကို ထွက်ပြေးသွားတဲ့ သူတွေပါ ။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဝင်လာတာဆို တာ မသိရသေးဘူး ။ အခုသူတို့ကို သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ စစ်ဆေးနေတုန်းပဲ ရှိပါတယ်သေး ။” ဟု ဧရာဝတီသို့ ပြောသည်။ ဖမ်းမိသော ဘင်္ဂါလီ ၃ ဦးမှာ ၎င်းမြို့နယ် တပ်ချောင်းကျေးရွာတွင် နေထိုင်ခဲ့သူများ ဖြစ်ပြီး မနေ့က မောင်တော မြို့နယ် လဘော်ဇား ကျေးရွာအနီး တဲတစ်လုံးတွင် ခိုအောင်းနေထိုင်ကြောင်း ရွာသား များက သက်ဆိုင်ရာ နယ်ခြားစောင့်ရဲဌာနကို သတင်းပေးတိုင်ကြားခဲ့သည့်အတွက် ဝိုင်းဝန်းဖမ်းဆီးခဲ့ ကြောင်း သိရသည်။ ၎င်းတို့ ၃ ဦးထံမှ ဘင်္ဂလားဒေ့ရှ် ဆင်းမ်းကဒ် ထည့်သွင်းထားသည့် လက်ကိုင်ဖုန်း ၂ လုံး ၊ ဘင်္ဂလားဒေ့ရ်ှ ငွေစက္ကူ တချို့နှင့် ဓါးကောက် ၁ လက် ၊ ဓါးရှည် ၁ လက်တို့ကို ဖမ်းဆီးရမိခဲ့ သည့်အတွက် သက်ဆိုင်ရာ အမှတ် ၄ နယ်ခြားစောင့်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က မောင်တောဒေသအတွင်း နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကျော်ကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ARSA မှ လူအင်အားသုံးပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ရှိခဲ့ရပြီး ဒေသခံ တိုင်းရင်းသားများ သောင်းချီ ထွက်ပြေးတိမ်းခဲ့ရသလို တပ်မတော်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂါလီအမြောက်အများ တဘက်နိုင်ငံသို့ တိမ်းရှောင်သွားသည်။ The post မောင်တော မြောက်ပိုင်း၌ ခိုးဝင် ဘင်္ဂါလီ ၃ ဦ ဖမ်းမိ၊ ရဲတပ်ဖွဲ့ စစ်ဆေးနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2HFrAgy
via IFTTT

Saturday, April 28, 2018


ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂) ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ဟာ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ ခရောင်းလမ်းတွေထဲမှာ လက်ရှိအချိန်အထိ ရုန်းကန် နေကြရဆဲလို့ ဆိုပါတယ်။ သူတို့နှစ်ဦး အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ လတ်တလောမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ၊ မိသားစု ဘဝ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့ကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခနဲ့ ဧရာဝတီ Lifestyle အယ်ဒီတာ သီဟတိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။ “မုဒြာရဲ့ခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” က နာမည်လေးတွေပေးထားတာ ဆန်းတယ်ပေါ့၊ ဇာတ်ညွှန်းရှင်တွေ ကိုယ်တိုင်ကလည်း ဒီအကြောင်းလေးကို တချက်လောက်ပြောပြပေးပါဦး အဓိပ္ပာယ်လေးတွေ။ ဇဏ်ခီ။။ ကျနော်တို့ စစချင်း Deception လို့ပဲ လုပ်ထားတာ၊ ဒါပေမယ့် Dimension ထွက်လာတယ်၊ အဲမှာလူတွေက D နှစ်လုံးနဲ့ ပတ်ချာတွေ လည်ကုန်ရော။ Dimension, Deception နှစ်ခုလုံး ဘာမှန်း မသိတော့တဲ့အခါ၊ သူ (ခရစ္စတီးနားခီ) နဲ့ တိုင်ပင်လိုက်တယ်။ မြန်မာနာမည်နဲ့ ဦးတည်ရင် ကောင်းမယ်ဆိုပြီးတော့ Deception နဲ့ အကိုက်ညီဆုံး မြန်မာစကားလုံးကို တွေးရင်းတွေးရင်းနဲ့ “ဥပါယ်တံမျဉ်” သွားတွေ့တယ်။ ဆန်းလည်းဆန်းတယ်၊ ပါဠိစကားလုံးလို ဘာလိုလိုနဲ့ အရမ်း ဆန်းတယ်ပေါ့။ မေး။ ။ သူ့ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ။ ဇဏ်ခီ။။ “မာယာနဲ့ ဖျာယောင်းမှု” ဆိုတဲ့ အဲဒီအဓိပ္ပါယ်ရတယ်။ ဆိုတော့အဲဒါ ရွေးချယ်ဖြစ်သွားတာ။ ခရစ္စတီးနားခီ။။ “မုဒြာရဲ့ခေါ်သံ”ကတော့ “မုဒြာ”ဆိုတာ ဘုရားဟောတဲ့ထဲမှာ လက်ဟန်လေးတွေ ရှိတယ်လေ။ တရားဟောတဲ့ အခါကျရင် လက်ဟန်မျိုးစုံ ရှိတယ်။ ဒီဟာကို အစွဲပြုပြီးတော့ အစ်မက မုဒြာကို ပေးတာပေါ့။ မုဒြာဆိုတာက အစ်မတို့ ဒီ Culture နဲ့လည်း အများကြီးသက်ဆိုင်တယ်ပေါ့၊ နေရာတော်တော်များများမှာ ဘုရားရဲ့ ဒီလက်ဟန်က အများကြီး တွေ့နေရတယ်၊ အစ်မတို့ ဗမာအကမှာလည်း လက်ဟန်မျိုးစုံက မုဒြာရဲ့ပုံစံလေးတွေကို အသုံးပြုသွားတာ တွေ့ရမယ်။ အစ်မက ဒါကမြန်မာကို ကိုယ်စားပြုတဲ့ပုံစံမျိုး မုဒြာရဲ့ခေါ်သံကတော့ မြန်မာပြည်ကနေ ပြန်ခေါ်တဲ့ပုံစံမျိုးပေါ့။ မေး။ ။ မုဒြာရဲ့ခေါ်သံ”ရယ်၊ “ဥပါယ်တံမျဉ်”ရယ် နှစ်ကားစလုံးကို မြန်မာပရိသတ်တွေက အရမ်းကြိုက်တယ်၊ ဒါပေမယ့် အဲဒီ အထဲမှာမှ ဘာပြန်ထွက်လာသလဲဆိုတော့ ပရိသတ်က “မုဒြာရဲ့ခေါ်သံ”က ပိုကောင်းတယ်၊ “ဥပါယ်တံမျဉ်”က ပိုကောင်းတယ်။ ဆိုတော့ ဒီမှာကျတော့ ဇာတ်ညွှန်းနှစ်ခုစလုံးကိုရေးတဲ့သူက ဒီမှာရှိနေတယ်ဆိုတော့မေးကြည့်ရမှာပေါ့။ ဘယ်ကားက ပိုကောင်းလဲ။ ဇဏ်ခီ။။ ကောင်းပါတယ် နှစ်ကားလုံး၊ မုဒြာမထွက်ခင် အင်တာဗျူးတွေမှာ ကျနော် ဖြေသလိုပေါ့။ နန်းကြီးသုပ်နဲ့ ဘာဂါကို သွားယှဉ်လို့တော့ မရဘူး၊ နန်းကြီးသုပ်ကြိုက်တဲ့သူက နန်းကြီးသုပ်စား၊ ဟန်ဘာဂါ ကြိုက်တဲ့သူက ဟန်ဘာဂါစား၊ နန်းကြီးသုပ်ရော ဘာဂါနှစ်ခုလုံး ကြိုက်တဲ့သူက နှစ်ခုလုံးစားလို့။ ကျနော်ကတော့ မယှဉ်ပါဘူး။ သူ့ဟာသူ နှစ်ခုစလုံး ကောင်းတယ်လို့ ထင်ပါတယ်။ မေး။ ။ “မုဒြာရဲ့ခေါ်သံ”မှာ မင်းသမီး လှယဉ်ကျေးကို မြန်မြန်ဆန်ဆန်နဲ့ ပြထားတယ်။ ဒါစံပြ အနေနဲ့ ရိုက်ထားတာလား၊ ဘယ်လိုပုံစံမျိုးလဲ။ ခရစ္စတီးနားခီ။။ အဲလိုပြောလို့လည်း ရပါတယ်၊ ဟိုးတုန်းတည်းက အစ်မတို့က အဲဒီ Culture ကို ထည့်ချင်တာပေါ့၊ ဒါပေမယ့် တကယ်တမ်း ဖြစ်သွားတာတော့ မိဘရှာတဲ့ကားလေး ဖြစ်သွားတယ်။ သူ့ကိုကျတော့ ဘယ်လိုလဲဆိုတော့ အစ်မ မြန်မာပြည် ပြန်လာတဲ့အချိန် အစ်မတို့နိုင်ငံမှာ ကိုရီးယား Culture က တော်တော်ကြီးစိုးနေတာ တွေ့ရတယ်။ အားလုံးက အသားဖြူချင်တယ်၊ အသားဖြူဆေး ထိုးတယ်၊ ဆံပင်ကို ကိုရီးယားတွေလို လုပ်တယ်။ ကိုရီးယားတွေလို ဝတ်တယ်။ ကိုယ့်ရာသီဥတုနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်တာကို မဟုတ်ဘူး ကိုရီးယားလေးနဲ့ကို အရမ်းတူချင်ကြတယ်၊ စကားပြောတာလေးတွေကအစ ချွဲချွဲပျစ်ပျစ်လေးတွေနဲ့ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ပြောလာကြတယ်၊ ပြောနေကြတာတွေ့ရတယ်။ တွေ့ရတာ ကောင်းပါတယ်၊ ဒါက ကိုရီးယား Culture အရမ်းလွှမ်းမိုးနေတယ်ဆိုတာကို ကင်မ်ချီ သွားစားချင်တယ်၊ ကိုရီးယား ကိုရီးယားဖြစ်နေတယ်ပေါ့။ အစ်မက တွေးလိုက်တာက ဒီလို ကိုယ်မဟုတ်တဲ့ လူတယောက် ဘာကြောင့်ဖြစ်ချင်ရတာလဲ။ အစ်မတို့ဆို မဖြစ်ချင်ဘူး အမှန်အတိုင်း ပြောတာ၊ မြန်မာဆို မြန်မာပဲ။ ဘယ်နိုင်ငံရောက်ရောက် ကိုယ်မြန်မာပဲ။ ကိုယ့်အသားက ညိုညိုမဲမဲ ဒါ Original ပဲ။ ကိုယ့် Original လေးကို မပျောက်စေချင်ဘူး။ နှင်းသူဇာဆိုတဲ့ ကာရိုက်တာက ဗမာမ။ တကယ်တမ်း မြန်မာ မိန်းကလေး နည်းနည်းစစ်သွားလို့ရှိရင် မာနလည်း နည်းနည်း ကြီးတယ်။ ဒါအမှန် အတိုင်းပြောတာ။ မာနလည်း ကြီးမယ်။ ကိုယ်က ပညာတွေ နည်းနည်းတက်သွားလို့ရှိရင် ကိုယ့်ဂုဏ် သိက္ခာလေးနဲ့ နည်းနည်း မာဆတ်ဆတ်လေး နေတတ်တဲ့ ပုံစံလေးတွေရှိတယ်။ ထမီတွေ ဘာတွေဆိုတာလည်း မော်ဒယ် မဟုတ်ဘူးဆိုရင် အရမ်းကြီး သပ်သပ်ရပ်ရပ်နဲ့ အရမ်းကြီး ဖြစ်အောင်လည်းနေကြတာ မဟုတ်ဘူးလေ။ ပြည်ပလောကမှာ ရိုးရိုးသာမန် မိန်းကလေးတွေက ထဘီလေးနဲ့ပဲ သာမန် ဝတ်သွားစားကြတာပဲဆိုတော့ အစ်မအနေနဲ့က သူ့စိတ်နေ စိတ်ထားလေးတွေက ကိုရီးယား Culture အရမ်းကို ခေတ်စားလာတဲ့အချိန်မှာ ဒီလိုလေးလည်း မြန်မာလို ဖြစ်လို့ရတယ် ဆိုပြီးတော့ ကိုယ့် ပုံစံလေး အတိုင်းလေးပဲပေါ့။ မေး။ ။ ဒီ “ဥပါယ်တံမျဉ်” တို့ “မုဒြာရဲ့ခေါ်သံ” တို့ ထွက်ပြီးတဲ့နောက်ပိုင်းမှာ ဒီနှစ်ကားလုံးက အရမ်းကို အောင်မြင်တယ်၊ ပြည်တွင်းထဲမှာ ဆိုရင်လည်း ကြည့်ချင်တဲ့သူတွေ ထပ်စောင့်နေတာတွေရှိတယ်၊ စင်ကာပူမှာဆိုရင်လည်း အရမ်း ပေါက်တယ်လို့ ပြောလို့ရတယ်၊ အမေရိကားမှာလည်း ပြဖို့ရှိတယ်ဆိုတော့ ပရိသတ်တွေက အရမ်းကို အားပေးကြတယ် အောင်မြင်တယ်ပေါ့။ ဒီအပေါ်မှာ ဂုဏ်လည်းယူပါတယ်၊ ဒီအောင်မြင်မှုက ဘာကြောင့်ရလာတယ်လို့ မြင်လဲ၊ ကိုဇဏ်ခီ အရင်ဆုံး ပြောပြပေးပါ။ ဇဏ်ခီ။။ ကျနော်ထင်တာ ဒီအပြောင်းအလဲတခုကို ဆာလောင်နေတာ ကာလတော်တော်ကြာပြီ ထင်တယ်။ ကျနော်တို့ တခြား အင်တာဗျူးတွေမှာလည်း ပြောခဲ့တာရှိပါတယ်၊ မြန်မာပြည်မှာ လတ်တလောရှိနေတဲ့ Industry က Target လုပ်တဲ့ Population က မှားနေတယ်။ ကျနော် အမြဲပြောတယ် မြန်မာပြည်မှာ လူဦးရေ ၅၄ သန်း ရှိမယ်ဆိုရင် ကျနော်တို့ မြန်မာ့ ရုပ်ရှင်ကို ကြည့်တဲ့သူက ၁ သန်းတောင် မရှိဘူး ဖြစ်နေတယ်။ အဲ ၁ သန်း ပတ်ချာလည်ကို လုပ်စားနေရတဲ့ သဘော ဖြစ်နေတယ်။ ကျန်တဲ့ ၅၄ သန်းက မကြည့်ဘူး ဖြစ်နေတယ်။ ကိုရီးယားကားတွေ ကြည့်တာ များလာတယ်။ သူတို့ကားတွေက ပိုကောင်းတာကိုး။ ပိုပြီးတော့ အက်တင်တွေလည်း ကောင်းကြတယ်။ ဇာတ်လမ်းတွေလည်း ကောင်းကြတယ်၊ ငြင်းစရာကို မရှိဘူး။ အဲဒီမှာ ကျနော်တို့ကျတော့ Target က ၅၄ သန်းလုံး လူတွေဆီကို မြန်မာရုပ်ရှင် မကြည့်တဲ့သူတွေကို Target ထားတယ်၊ ကျနော်တို့ စလုပ်တုန်းကတော့ အိမ်မက်ကြီး တခုပေါ့၊ ရုံရှင်တွေကို ပြောပြတဲ့အချိန်မှာ တခြား ပရိုဂျူဆာတွေကို ပြောပြတဲ့အချိန်မှာ မယုံဘူး။ အဲဒီလူတွေက တကယ် ရှိလို့လား၊ တကယ်ပဲ ထွက်လာကြည့်မှာ မို့လို့လား၊ အဲဒါကျနော်လည်း မသိဘူး။ မသိဘူးဆိုတာ ထွက်လာကြည့်မှာလား ဆိုတာကို မသိတာ။ ရှိတယ်ဆိုတာကို သိတယ်၊ ကျနော်တို့ဒါကိုချပြလိုက်တဲ့ အချိန်မှာ ကျနော်တို့ လမ်းစမှု မှန်သွားတယ်လို့ ပြောလို့ရတယ်။ လူတွေက ကွာလတီကောင်းတဲ့မြန်မာကားကို တောင်းတနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ိလို့ ကွာလတီ ကောင်းကောင်း ဖြစ်စေချင်တယ်၊ ကိုရီးယားကားတေ ွကောင်းသလို၊ တခြားနိုင်ငံခြားကားတွေ ကောင်းသလို၊ မြန်မာကားကို ကောင်းစေချင်တယ်ဆိုတာ ဒါသက်သေပေါ့။ အဲဒါကြောင့် အောင်မြင်တယ်လို့ကျနော်မြင်ပါတယ်။ မေး။ ။ နောက်တခုမေးချင်တာက သိပ်မကြာသေးခင်က မခရစ္စ ရသွားတဲ့ အမျိုးသမီး စွမ်းဆောင်ရည်ဆုနဲ့ ပတ်သက်ပြီးတော့ တချက်လောက် ပြောပြပေးပါဦး။ ခရစ္စတီးနားခီ။။ “Intellectual Property Award” ကနေပြီးတော့ အဓိက “Intellectual Property Organizatio” က အစ်မရယ်၊ ဒေါက်တာ ချိုလဲ့အောင်ရယ်ကို ပေးတာ၊ ထန်းညှက်လုပ်တာလေ သူ့ရဲ့ Packing နဲ့ Quality လေးတွေက ကောင်းတယ်။ အဓိက အစ်မ ထင်တာကတော့ ဒါပထမဦးဆုံးကတော့ အမျိုးသမီး နှစ်ယောက်ကို ဒီနှစ်အတွက်က အမျိုးသမီးတွေကိုပဲ ရွေးချယ်ပြီးပေးတယ်ဆိုတော့ အစ်မတို့ အတွက်က ကောင်းတာပေါ့။ အလုပ်ထွက်လုပ်နေတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း အသိအမှတ် စပြုလာတာပါတယ်။ နောက်တခုကလည်း ဒီလမ်းကြောင်းလေးတွေကို အစ်မတို့လုပ်နေတာတွေ မှန်တယ်၊ ဆက်လုပ်ပါ ဆိုပြီးတော့ အစ်မတို့ကို အားအင်တခု ပေးလိုက်တဲ့ Award လို့သ တ်မှတ်ပါတယ်။ မေး။ ။ မခရစ္စတို့ ခီမောင်နှံက နိုင်ငံခြားမှာ နေထိုင်တာများတယ်၊ ရိုက်ပြတဲ့ကားတွေကလည်း မြန်မာအငွေ့အသက်တွေ မပျောက်ဘူး၊ မခရစ္စရဲ့ မြန်မာအမျိုးသမီးတွေအပေါ် သဘောထားတဲ့ စံနှုန်းလေးလည်း သိချင်ပါတယ်။ ခရစ္စတီးနားခီ။။ အစ်မကသိပ်ပြီးတော့ Culture နောက်ပြန်ဆွဲလားဆိုတော့လည်း မဆွဲဘူး၊ အရမ်း ခေတ်နောက်ပြန်လည်း မဆွဲသလို၊ ခေတ်နဲ့ပဲ နေနေတာပေါ့။ မော်ဒန်ခေတ်မှာဆိုတော့ မော်ဒန်လိုပဲ ဝတ်စားပြီးတော့ နေနေပါတယ်။ အစ်မက ယုံကြည်ထားတာတော့ တခုရှိတယ် မိမိမွေးဖွားရာ ဇစ်မြစ်ပေါ့၊ အစ်မတို့ အမေရိကားမှာပဲနေနေ၊ နိုင်ငံခြား တနိုင်ငံမှာပဲနေနေ၊ အစ်မတို့ကိုအမြဲတမ်း Where are you from? လို့ပဲ မေးတယ်၊ အစ်မတို့ကို ဘယ်သူကမှ အမေရိကန်လို့ မသတ်မှတ်ဘူး၊ သတ်မှတ်စရာလည်း မရှိဘူးလေ အစ်မတို့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီးလို့ရှိရင်၊ ဒီအတွက်ကြောင့်မို့လို့ အစ်မတို့ဟာ ကိုယ်မဟုတ်တဲ့ သူများဖြစ်ချင်စရာ အကြောင်းမရှိဘူး။ နောက်တခုက Culture ဆိုတဲ့နေရာမှာ ကိုယ့်မြန်မာမှ မဟုတ်ဘူး Culture ဆိုတာ အင်မတန် ချစ်စရာကောင်းတဲ့ အလေ့အထပေါ့။ တချို့ဆိုရင် Culture တောင်မရှိတဲ့ တိုင်းပြည်တွေရှိတယ်။ Culture အစစ်ကြီးတွေ ရှိမနေဘူးပေါ့၊ သူများဆီက ယူလိုက်ရတာတွေ ရှိတယ်ပေါ့။ အစ်မတို့ဆီမှာ Culture အများကြီးရှိတယ်။ ဒါအင်မတန် ချစ်စရာကောင်းတဲ့ အရာတခုပေါ့။ ဒါပေမယ့် မော်ဒန်ခေတ်ကို ပြောင်းသွားလို့ ရှိရင် ဒါတွေက တဖြည်းဖြည်း ပျောက်သွားတယ်၊ နောက်တခုက ဒီဟာတွေကို ထိန်းသိမ်းတဲ့ သင်တန်းတို့ သင်ရိုးတို့ ကျောင်းပညာ တွေမှာ မရှိတော့ဘူးဆိုရင် လူငယ်တွေက ခုနပြောသလို ကိုယ့် Culture မဟုတ်တဲ့ ကိုရီးယားယဉ်ကျေးမှု၊ ထိုင်းယဉ်ကျေးမှုတို့ ဒါတွေထဲကို ဝင်သွားရင်လည်း ဒါကြီးက နှမြောစရာကောင်းတယ်။ အစ်မက အရမ်းကြီး ဗမာ အရမ်းဆန်နေတဲ့ မိန်းမလား ဆိုတော့လည်း မဟုတ်ဘူး။ အစ်မက ချစ်တာ ဒီဟာလေးတွေကို ချစ်တာ။ နောက်တခုက အစ်မတို့ရိုက်မယ် ဆိုတုန်းကလည်း ဒီမြန်မာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေ ရိုက်ချင်တယ် ဆိုတာကလည်း ဘာဖြစ်လို့ ဘိုဇာတ်လမ်း ရိုက်မလဲ။ ဘိုဇာတ်လမ်းက ဟောလိဝုဒ်မှာ ကောင်းမွန်နေတာ ပြန်လန်နေတာပဲ၊ အစ်မတို့နိုင်ငံထဲက အစ်မတို့ဆီမှာရှိနေတဲ့ အရာလေးတွေထဲက မကုန်ဘူး ရိုက်ပြစရာတွေ၊ အဲအထဲက အများကြီး ပြွတ်သိပ်နေအောင် ရိုက်ပြစရာ မလိုဘူး။ တခုခုကို နည်းနည်းလေး ထည့်ပေးလိုက်လို့ရှိရင် ဒါက One Issue တခု ထည့်လို့ရတာပဲ။ အဲလိုသဘောနဲ့ပဲ အစ်မက အလုပ်လုပ်တာပါ။ မေး။ ။ ကိုဇဏ်ရဲ့သဘောထားလေးလည်း သိချင်ပါတယ်။ ဇဏ်ခီ။။ ကျနော်က ထပ်တူကျပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံး US မှာ ကြီးတယ်၊ ကျနော်တို့ US သူတို့ Culture နဲ့ Adapt လုပ်လိုက်ရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ Identity ကိုဘယ်တော့မှ မပျောက်အောင် ကြိုးစားတယ်။ ဥပမာ- ဂျပန်တို့၊ တရုတ်တို့ကို ကြည့်မယ်ဆိုရင် အရမ်းခေတ်မီကြပါတယ်။ သူတို့အဝတ်အစားတွေပဲ ပြောပြော၊ နည်းပညာပဲပြောပြော အရမ်း ရှေ့ပြေးတယ်။ ဒါပေမယ့် သူတို့ရဲ့ Identity ဘယ်တော့မှ မပျောက်ဘူး၊ Culture ထိန်းသိမ်းမှုကလည်း ကမ္ဘာနဲ့လည်း ရင်ဘောင်တန်းနိုင်တယ်၊ သူတို့ရဲ့ လူနေမှု စနစ်တွေက အရမ်းခေတ်မီတယ်။ ဒါပေမယ့်လည်း Culture ကို အရမ်းထိန်းသိမ်းတယ်။ အဲလိုမျိုး ဒီမှာဖြစ်စေချင်တာပေါ့။ Culture ဆိုပြီးတော့ ခေတ်နောက်ပြန်ဆွဲစရာ မလိုဘူး။ ဒါပေမယ့်လည်း ထိန်းသိမ်းရမယ်ပေါ့။ မေး။ ။ အွန်လိုင်းမှာရုပ်သံတခုတွေ့တယ် အဲဒါ ဘာလဲဆိုတော့ အစ်မ ကနေတယ်၊ ကနေတာကို တွေ့ရတော့ ပရိသတ်တွေ နည်းနည်း အံ့အားသင့်ပုံတွေ့ရတယ်၊ ဝိုင်း Share ကြတယ် အဲဒါကို၊ အစ်မ ကတတ်လိမ့်မယ်လို့ ထင်ထားပုံ မရကြဘူး၊ အဲဒါ အစ်မ အကပညာကို ဘယ်လိုစပြီးတော့ ကတတ်သွားတာလဲ။ ခရစ္စတီးနား။။ အစ်မကတော့ ၇ နှစ်သမီးလောက်က စမယ်ထင်တယ်၊ ဒီလိုပဲ Summer ဆိုရင် မိဘတွေက စီးပွားလုပ်တယ်၊ အမေက ဗိုလ်ချုပ်ဈေးမှာ ဆိုင်ထွက်တယ်၊ ဆိုင်ထွက်တော့ အမှန်အတိုင်းပြောရရင် ကလေးဆိုတော့ မိဘတွေက မထိန်းနိုင်ဘူးပေါ့၊ မထိန်းနိုင်တော့ အဲအနားမှာရှိတဲ့ အကသင်တန်းကျောင်းလေး ပို့လိုက်တာပေါ့၊ ပို့လိုက်တဲ့အခါကျတော့ ကိုယ်က ပိုးပါလာတာတဲ့ အခါကျတော့ ဒါကို၊ အမှန်က နှစ်လ၊ သုံးလလောက်ပဲသင်ပေးလိုက်တာပါ၊ များသောအားဖြင့်က မြင်ဆရာတွေ များတယ်ပေါ့၊ တီဗီအခွေတွေ ကြည့်တယ်၊ ဒါတွေနဲ့ပဲ ဝါသနာပါတော့ မိဘတွေက အမှန်အတိုင်းပြောရင် အမေတို့က တော်တော်တန်တန် မသိဘူး နင်ဘယ်ကနေ ကတတ်လာတာလဲဆိုပြီး တခါတခါ အမေးခံရတယ်။ အဲကနေပြီးမှ ဆရာ ဦးဝင်းမောင် ရွှေမန်းသဘင် ဦးဝင်းမောင်တို့နဲ့ အမေရိကားမှာလည်း တွေ့တယ်။ ဆရာက ခုန ဗီဒီယိုဖိုင်တွေကနေတဆင့် ဆရာနဲ့ ကခွင့်ရတယ်ပေါ့။ နိုင်ငံခြားသားရှိုးတွေမှာ ကခွင့် ရပါတယ်၊ အဲဒါတွေက အရင်တုန်းက မတတ်ပါဘူး။ အခုမှ ဘယ်လိုတွေဖြစ်ပြီးတော့ ကတတ်လာမှန်းမသိဘူး။ မေး။ ။ “ဥပါယ်တံမျဉ်” ဇာတ်ကားကိုလည်း တချို့က Copy ကားလို့ ပြောတယ်၊ ဒါပေမယ့် အချက်အလက် အထောက်အထားနဲ့ ထောက်ပြတာမျိုးတော့ မရှိဘူးပေါ့၊ အဲဒီအပေါ်မှာရော အစ်မအနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။ ခရစ္စတီးနား။ ။ အစ်မက ဖြေရှင်းပြရတဲ့ အလုပ်က အမှန်အတိုင်းပြောရရင် အမုန်းဆုံးပဲ၊ စွပ်စွဲကြတယ်၊ ပြောကြတယ်ပေါ့၊ ဒါပေမယ့် အစ်မတို့ စင်ကာပူမှာ သွားပြတယ်ဆိုလို့ရှိရင် ရိုးရိုးပြလို့ မရဘူး၊ အစ်မတို့က ဆင်ဆာဖြတ်ရတယ်။ မြန်မာပြည်လိုမျိုး ဆင်ဆာမျိုး မဟုတ်ဘူး။ ဟိုအခန်းဖြတ်၊ ဒီအခန်းဖြတ် ပြောတာမျိုး မဟုတ်ဘူး။ သူတို့ဆင်ဆာဆိုတာက သူတို့ Raiding System အရင်ဆုံး သတ်မှတ် ပေးလိုက်တယ်၊ အဲဒါပြီးလို့ရှိရင် အစ်မတို့ Copy Right ဌာနကို ပို့ရတယ်။ သီချင်းတို့၊ ရုပ်ရှင်ဇာတ်လမ်းတွေက မူပိုင်ဟုတ်ရဲ့လား ဆိုတာကို သူတို့ စစ်တယ်၊ စစ်ပြီးလို့ရှိရင် ဟိုဘက်ကနေပြီးတော့ ဒါကို Pass ပေးလိုက်တယ် ပေးပြီးတော့မှ အစ်မတို့က ဒါကိုယူပြီးတော့မှ ရုံပေါ်ရောက်တာ၊ သူများနိုင်ငံမှာတောင် အစ်မတို့က ရုံပေါ် ရောက်ပြီးပြီဆိုတော့ အစ်မဒါကို ဖြေရှင်းစရာမလိုဘူးလို့ ထင်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၁) The post ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂) appeared first on ဧရာဝတီ.
Source : https://ift.tt/2HF7SBT
via IFTTT


အမှိုက်ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုကြီးထဲက တခုဟု ဦးဖြိုးမင်းသိန်း ပြောဆို အစိုးရအတွက် စိန်ခေါ်မှု အကြီးမားဆုံး ပြဿနာကြီးများထဲတွင် အမှိုက်ပြဿနာသည်လည်း တခုအပါအဝင် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၂၈ ရက်နေ့က ထိန်ပင်အမှိုက်ပုံအနီးရှိ စည်ပင်ရုံးခန်းတွင် ပြုလုပ်သော အမှိုက်နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြောသည်။ ဦးဖြိုးမင်းသိန်း က “အမှိုက်ပြဿနာက အစိုးရသစ်ရဲ့ စိန်ခေါ်မှု အကြီးဆုံးထဲကတစ်ခုပဲ။ အဲဒီတစ်ခုထဲမှာ လမ်းမှာအမှိုက် ပစ်တာက တစ်ခုအိမ်တွေက အမှိုက်ပုံရောက်ဖို့ပေါ့။ စားတယ်လမ်းဘေးမှာဘဲ ပစ်ချထားလိုက်တယ်။ မြောင်းထဲပစ်ထည့် လိုက်တယ်။ ဒါမှ မဟုတ်ကြုံတဲ့ နေရာပစ်တယ်။ အိမ်ကနောက်ဖေးလမ်းကြား ထဲပစ်ချလိုက်တယ်” ဟု ဆိုသည်။ အမှိုက်နှင့်ပတ်သက်၍ မီသိန်းဓာတ်ငွေ့ကိုထုတ်ပြစ်နိုင်သည့် နည်းပညာမရှိခြင်း၊ အမှိုက်ကိုခွဲခြားမီးရှို့ခြင်း၊ အသုံးပြုခြင်းတို့နှင့် ပတ်သက်ပြီး ဖြေရှင်းရမည့် နည်းပညာများ မရှိခြင်းတို့ကြောင့် ထိန်ပင် အမှိုက်ပုံမီးလောင်ခြင်းကဲ့သို့ ကိစ္စများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန် အနီးရှိအဆိုပါ အမှိုက်ပုံသည် ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စ၍ မီးလောင်မှု ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် မီးငြှိမ်းသတ်သော်လည်း အမှိုက်ပုံ၏ အောက်ခြေ အမှိုက်များမှ လှိုက်လောင်ကျွမ်းနေမှုကြောင့် မီးခိုးများထွက်ရှိနေပြီး ပတ်ဝန်းကျင် မြို့နယ်များနှင့် ကျေးရွာများသို့ မီးခိုးများ ပျံ့နှံ့နေသည်သာမက ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများသို့ ညှော်နံ့များပါ လွင့်ပါခဲ့သည်။ ထိန်ပင်အမှိုက်ပုံကို Bio Foam ဓာတ်ငွေ့များဖြင့် ငြှိမ်းသတ်နေလျှက်ရှိသည် (ဓာတ်ပုံ – သဇင်လှိုင်၊ ဧရာဝတီ) လက်ရှိအခြေအနေတွင် အဆိုပါ ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ၈ ရက်မြောက်နေ့ဖြစ်သည့် ဧပြီ ၂၈ ရက် (ယနေ့) တွင် မီးလောင်ကျွမ်းမှု ၉၈ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီးမီးခိုးထိန်းသိမ်းမှုမှာ ၇၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။ ဦးမျိုးဝင်းက“အခြေအနေအားလုံးက ကောင်းပါပြီ။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် မီးခိုးရဲ့ ရာခိုင်နှုန်းနဲ့ ပြောရင် ၃၀ ရာခိုင်နှုန်း လောက်ပဲ ကျန်တော့မယ်။ မီးရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ၉၈ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ” ဟု ပြောသည်။ နောင်တွင် အဆိုပါ ပြဿနာမျိုးမဖြစ်ရန်အတွက် မြန်မာနိုင်ငံမှ အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပြန်လည်အသုံးပြု ၍ ရသည့် အမှိုက်သုံးမျိုးလုံးကို ပြည်ပသို့ ပို့ပြီးသုတေသနပြုလုပ်ထားကာ သုတေသန ရလဒ်များရရှိသည်နှင့် အမှိုက်ဖျက်ဆီးခြင်း လုပ်ငန်းနှင့် အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများကို တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဆက်လက်ပြီး ဦးဖြိုးမင်းသိန်း က “ကျနော်တို့ဆီက အမှိုက်ကို နိုင်ငံခြားပို့ပြီး သုတေသန လုပ်ထားတယ်။ အဲဒါမှသာ ဘယ်အမှိုက်ကို မီးရှို့သင့်တယ်။ ဘယ်အမှိုက်ကို မြေသြဇာအဖြစ် သုံးသင့်တယ်ဆိုတာ ကျနော်တို့ သိရမယ်။ အဲဒါ အခု ပြန်ရောက်ပြီလို့ ပြောတယ်။ ပြန်ရောက်ပြီဆိုမှ ဒီပစ္စည်းနဲ့ ကိုက်ပြီဆိုတဲ့ နည်းပညာသော်လည်းကောင်း အမှိုက်မီးရှို့စက် သော်လည်းကောင်း အဲဒီကျမှ ကျနော်တို့က တင်ဒါခေါ်လို့ရမယ်” ဟု ဆိုသည်။ ထိန်ပင်အမှိုက်ပုံကို Bio Foam ဓာတ်ငွေ့များဖြင့် ငြှိမ်းသတ်နေလျှက်ရှိသည် (ဓာတ်ပုံ – သဇင်လှိုင်၊ ဧရာဝတီ) ၎င်းကဆက်၍ “တည်ဆောက်လိုက်တဲ့ အမှိုက်မီးရှို့ စက်သော်လည်းကောင်း၊ မြေသြဇာလုပ်တာ သော်လည်းကောင်းရေရှည် စဉ်ဆက်ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ နည်းလမ်းနဲ့မှ ကျနော်တို့ တင်ဒါစနစ် အောင်မြင်မယ်။ အဲဒါကြောင့် အဲဒီပြဿနာဟာ ဒီနှစ်နှစ် အတွင်း ခေါင်းအခဲရဆုံး ပြဿနာတစ်ရပ်ပဲ” ဟု ဆိုသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ရိုးရိုးရေဖြင့် ငြှိမ်းသတ်မရသဖြင့် ရောစပ်ရန် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ Bio Foam ဂါလံ ၅၀၀၀ ခန့်ကို ကမ္ဘောဇ လုပ်ငန်းအုပ်စုနှင့် စီးပွားရေး လုပ်ငန်းရှင်များက ထိုင်းနိုင်ငံမှ အရေးပေါ် ဝယ်ယူပေးခဲ့သည်။ ထို့နောက် မီးသတ် တပ်ဖွဲ့အနေဖြင့် Bio Foam ဂါလံ၂၀၀၀ ဖြန်းပြီးဖြစ်ကြောင်းနှင့် ယနေ့ညပိုင်းတွင် ကျန်ရှိနေသောဂါလံ ၃၀၀၀ ရောက်ရှိလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ The post အမှိုက်ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုကြီးထဲက တခုဟု ဦးဖြိုးမင်းသိန်း ပြောဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2vU0z7B
via IFTTT


တိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့်နှုန်းဖြင့် ရန်ကုန်တွင် ရောင်းချနေ ရန်ကုန်မြို့ နေရာစုံရှိ အိမ်ရာ စီမံကိန်း ၁၀ ခုမှ ကွန်ဒိုတိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့် နှုန်းထားဖြင့် AYA Home Loan အစီစဉ်ဖြင့် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ဧပြီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိရောင်းချနေလျှက်ရှိသည်။ AYA Home Loan မှ Retail Banking Director ဦးသူရမောင် က “အိမ်ဝယ်သူတွေအနေနဲ့ ချေးငွေလျှောက်ထားတဲ့နေရာမှာ အလုပ်အကိုင်ပေါ့နော့် တလကိုဝင်ငွေ ဘယ်လောက်ရှိတယ် ဆိုတဲ့ အထောက် အထားတွေနဲ့ ကျနော်တို့ဘဏ်မှာ လာရောက်ပြီး လျှောက်ထားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။ AYA Home Loan အစီစဉ်ကို ဧပြီလဆန်းပိုင်းမှာ စပြီး ဧရာဝတီဘဏ်မှ လုပ်ဆောင်ခဲ့ပြီး ချေးငွေကာလမှာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၁၅ နှစ်ဖြစ်ကာ အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။ ဦးသူရမောင်က “အရစ်ကျပေးသွင်းရမယ့် ပုံစံကတော့ သူတို့အိမ်ဝယ်ယူတဲ့ ငွေပမာဏ ပေါ်မှာ မူတည်ပါတယ်။ ဥပမာ ကျပ်သိန်း ၃၀၀ တန် အိမ်ကိုဝယ်ပြီး ၁၅ နှစ် အရစ်ကျစနစ်ကို ယူမယ်ဆိုရင် ၁ လကို ငွေကျပ် ၃ သိန်း ၈ သောင်းကျပ်လောက် သွင်းရမှာ ဖြစ်ပါတယ်” ဟု ငွေပေးချေမှုပုံစံနှင့် ပတ်သတ်၍ ရှင်းပြသည်။ အဆိုပါ အိမ်ရာ ရောင်းချပွဲကို AYA Bank၊ iGREEN နှင့် iMyanmar Hose တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း iGreen Development မှ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး ကျပ်သိန်း ၈ဝဝ ကျော် မှ သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ ကွန်ဒိုအခန်း ပေါင်း ၂၀၀ ကျော်ကို ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ အထူးသက်သာခွင့်များ ၊ AYA Home Loan ဖြင့် (၁) နှစ် မှ (၁၅) နှစ် အထိ အရစ်ကျ ပေးချေနိင်သော စနစ်များဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။ ထိုသို့အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကနဦး ၃၀ ရာခိုင်နှုန်းသာ ပေးသွင်း ရမည်ဖြစ်ပြီး AYA ဘဏ်၏ အိမ်ရာ ချေးငွေ လျှောက်ထားကာ ကျန်ငွေကို အခန်းတွင်နေထိုင်ရင်း လစဉ်ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းသို့ ချေးငွေနှင့် အိမ်ရာများ ရောင်းချပေးခြင်းဖြင့် ဝင်ကျပ် ၇ သိန်း၊ ကျပ် ၈ သိန်း၊ ကျပ် ၁၀ သိန်း ဝန်းကျင်ဝင်ငွေရရှိနေသော မိသားစုများ အိမ်ပိုင်ရရှိလာမည် ဖြစ်သည်။ ယခုအိမ်ရာရောင်းချပေးခြင်းမှာ လူလတ်တန်းစားများဖြစ်သော ကုမ္ပဏီဝန်ထမ်းများကို ရည်ရွယ် ရောင်းချခြင်း ဖြစ်ပြီး အနည်းဆုံး မိသားစုတခုလျှင် လစဉ်ပုံမှန် ဝင်ငွေ ကျပ် ၁၀ သိန်းခန့် ရှိသော သူများ (သို့မဟုတ်) အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် ငယ်များအတွက် ရောင်းချဖြစ်ကြောင်း iMyanmar Hose မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။ The post တိုက်ခန်းပေါင်း ၂၀၀ ကျော်ကို အထူးသက်သာခွင့်နှုန်းဖြင့် ရန်ကုန်တွင် ရောင်းချနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2KmJx5B
via IFTTT


ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ ဘဏ္ဍာရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ တခု ဖြစ်တဲ့ Deloitte ရဲ့ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး Football Money League ဆိုတဲ့ ထုတ်ပြန်ချက် တခုကို မကြာသေးခင်က ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဥရောပ အခြေစိုက် ကလပ် အသင်းတွေရဲ့ ဝင်ငွေ ရရှိမှု အပေါ်ကို အခြေခံပြီးတော့ အချမ်းသာဆုံး အသင်းတွေကို ဖော်ပြထားတာပါ။ အခုနှစ် ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး ဘောလုံး ကလပ် အသင်းတွေ အကြောင်း ပြောပြပါမယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ကမ္ဘာ့ အချမ်းသာဆုံး အသင်းပေါင်း ၂၀ ကို ဖော်ပြထားတာ ဖြစ်ပြီး ထူးခြားချက်က အင်္ဂလန် ပရီးမီးယားလိဂ် အသင်းပေါင်း ၁၀ သင်းထိ ပါဝင်နေတာကတော့ ဥရောပ ဘောလုံးလောကကို အင်္ဂလန် အသင်းတွေ လွှမ်းမိုးထားနိုင်ဆဲ ဆိုတာ ပေါ်လွင် နေပါတယ်။ အဆင့် ၂၀ နေရာမှာတော့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန် (Everton) ရှိပါတယ်။ အဲဗာတန်ရဲ့ ပျမ်းမျှ အခုနှစ်ဝင်ငွေ ၁၉၉ ဒသမ ၂ သန်းလောက် ရနေပြီး အနည်းဆုံး ၁၇၁ ဒသမ ၂ သန်းကနေ အများဆုံး ၂၄၄ သန်းလောက်ထိ ရနိုင်နေတာပါ။ အရင်နှစ် ကတော့ အသင်းက ၁၃၀ ဒသမ ၃ သန်းလောက် ဝင်ငွေရခဲ့တယ် လို့ ဆိုပါတယ်။ သူ့အထက် အဆင့် ၁၉ မှာတော့ အီတလီ ကလပ် နာပိုလီ (Napoli) ရှိပြီး နာပိုလီက အခုနှစ် ၁၇၂ ဒသမ ၅ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ ဒါပေမယ့် ၂၄၅ ဒသမ ၆ သန်းလောက်ထိအောင်လည်း အများဆုံး ရနိုင်နေတာပါ။ အရင်နှစ်က စီးရီးအေမှာ အဆင့် ၃နဲ့ ရာသီသိမ်းသလို ချန်ပီယံလိဂ် ၁၆သင်း အဆင့်ထိရောက်ပါသေးတယ်။ အခုနှစ်လည်း စီးရီးအေ ဖလား ရယူနိုင်ဖို့ ရှိနေတာကြောင့် ဝင်ငွေ ပိုကောင်းလာနိုင်ပါတယ်။ အဆင့် ၁၈ မှာတော့ အင်္ဂလန်ကလပ် ဆောက်သမ်တန် (Southampton) ရှိပါတယ်။ အသင်းကြီး မဟုတ်ပေမယ့် အခုနှစ် စတာလင်ပေါင် ၂၁၂ ဒသမ ၁ သန်းလောက် ရနိုင်ပါတယ်။ ပထမဆုံး ဝင်ငွေ အကောင်းဆုံး စာရင်းမှာ ပါလာခြင်း ပါ။ ဆောက်သမ်တန်က သူ့ရဲ့ ပွဲတွေကို ရုပ်သံလိုင်းတွေကနေ ပြသခွင့် အတွက် ဝင်ငွေ ကောင်းကောင်းရသွားလို့ အခုလို စာရင်းမှာပါလာတပါ။ Virgin Media နဲ့ ဝတ်စုံစပွန်ဆာ ၂ နှစ်ရလို့ ဝင်ငွေလည်း ကောင်းထားပါတယ်။ အဆင့် ၁၇ မှာက အင်္ဂလန်ကလပ် ဝက်စ်ဟမ်း (West Ham) ရှိနေပါတယ်။ ဝက်ဟမ်းအသင်းက အခုနှစ်မှာ ပေါင် ၂၁၃ ဒသမ ၃ သန်းလောက် ဝင်ငွေ ရနိုင်ပါတယ်။ ဒါတောင် အများဆုံး ၂၆၁ ဒသမ ၃ သန်းလောက်ထိ မျှော်လင့်လို့ ရတာပါ။ အိမ်ကွင်းကိုလည်း London Stadium မှာ အသစ် ပြောင်းကစားတယ်။ ရလဒ်ပိုင်း သိပ်မကောင်းပေမယ့် ဝင်ငွေ ကောင်းနေတာက ထူးခြားချက်ပါ။ အဆင့် ၁၆ အဖြစ် ဂျာမနီ ကလပ် ရှော်ကေး (Schalke) ရှိနေပါတယ်။ ရှော်ကေး အသင်းက အခုနှစ် ဝင်ငွေ ၂၃၀ ဒသမ ၂ သန်းလောက် ရမယ် လို့ ခန်းမှန်းပါတယ်။ ရုပ်သံထုတ်လွှင့်မှုကနေ ဝင်ငွေ အများဆုံး ရထားတာပါ။ ဂျာမနီရဲ့ အသင်းကြီး စာရင်းဝင်ဖြစ်နေလို့ ဝင်ငွေကောင်းနေတယ် လို့ ဆိုရမှာပါ။ အဆင့် ၁၅ မှာက အီတလီကလပ် အင်တာမီလန် (Inter Milan) ရှိပါတယ်။ ဒီနှစ် အတွင်း ပေါင် ၂၆၂ ဒသမ ၁ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ အရင်နှစ်ကထက် ဝင်ငွေ ရရှိမှု ၁၃၇ ရာခိုင်နှုန်း တက်လာလို့ တနှစ် အတွင်း ဝင်ငွေ စံချိန်တင် မြင့်တက်မှု စံချိန်တောင် တင်ထားပါတယ်။ အဆင့် ၁၄ အဖြစ် အင်္ဂလန် ကလပ် လက်စတာ စီးတီး (Leicester City) ရှိပါတယ်။ လက်စတာ အနေနဲ့ ၂၀၁၅-၁၆ ခုနှစ်က ချန်ပီယံဖြစ်မှုနဲ့ အတူ ဝင်ငွေ ကောင်းနေဆဲပါ။ အခုနှစ် ပေါင် ၂၇၁ ဒသမ ၁ သန်းလောက် ရပါလိမ့်မယ်။ အထူးသဖြင့် အသင်းငယ် ဖြစ်ပေမယ့် ချန်ပီယံလိဂ် ကစားရလို့ ဝင်ငွေကောင်းနေတာပါ။ အဆင့် ၁၃ အဖြစ် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် (Atlántico Madrid) ရှိပါတယ်။ အက်သလက်တီကို အနေနဲ့ အခုနှစ်မှာ ဝင်ငွေ ပေါင် ၂၇၂ ဒသမ ၅ သန်းလောက် ရမှာပါ။ အရင်နှစ်က အခုထက် ပိုပြီး ဝင်ငွေကောင်းခဲ့ပါတယ်။ အခုနှစ်မှာ အိမ်ကွင်း အသစ် အနေနဲ့ Wanda Metropolitan ကွင်းမှာ ပြောင်းကစားနေတာပါ။ အဆင့် ၁၂ မှာ ဂျာမနီရဲ့ ထိပ်တန်း ကလပ်အသင်း တသင်း ဖြစ်တဲ့ ဘိုရုရှားဒေါ့မန် (Borussia Dortmund) ရှိပါတယ်။ ဘိုရုရှား ဒေ့ါမန်က ဘိုင်ယန်လို အသင်းကို အနီးကပ် စိန်ခေါ်နိုင်တဲ့ တသင်းတည်းသော ဂျာမနီ အသင်းပါ။ အခုနှစ် ပေါင် ၃၃၂ ဒသမ ၆ သန်းလောက် ဝင်ငွေ ရပါလိမ့်မယ်။ Coca Cola နဲ့ ဂျာမနီလေကြောင်းလိုင်း Eurowings တွေနဲ့ အခုနှစ် စပွန်ဆာရလို့ ဝင်ငွေ ပိုကောင်းလာပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရလို့ ဝင်ငွေ ၄၃ သန်းလောက်လည်း တက်လာပါသေးတယ်။ အဆင့် ၁၁ မှာတော့ အခု နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ်မှာ အသင်းကြီး စာရင်း ဝင်ဖို့ ပြင်ဆင်နေတဲ့ တော့တင်ဟန်ဟော့စပါး (Tottenham Hotspur) ရှိပါတယ်။ စပါးအသင်းက အခုနှစ် ဝင်ငွေ ပေါင် ၃၅၅ ဒသမ ၆ သန်းလောက် ရမှာပါ။ အရင်နှစ်က အဆင့် ၂ နဲ့ ရာသီသိမ်းထားတာပါ။ ချန်ပီယံလိဂ်လည်း ဝင်ခွင့်ရထားသလို ရုပ်သံ ထုတ်လွှင့်ခွင့် ကနေလည်း ပေါင် ၇၇ ဒသမ ၈ သန်းလောက် ရထားပါတယ်။ အဆင့် ၁၀ မှာတော့ အီတလီ ထိပ်တန်း ဂျူဗင်တပ် (Juventus) ရှိပါတယ်။ ဂျူဗင်တပ် အနေနဲ့ အခုနှစ် ပေါင် ၄၀၅ ဒသမ ၇ သန်းလောက် ဝင်မှာပါ။ နောက်ဆုံး ၃ နှစ် အတွင်း ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ ကြိမ် တက်ထားနိုင်သူပါ။ စီးရီးအေ ဖလားလည်း ရထားတယ်၊ အီတလီမှာ လူကြိုက်အများဆုံး အသင်း ဖြစ်နေပါပြီ။ အဆင့် ၉ မှာတော့ အင်္ဂလန်ကလပ် လီဗာပူးလ် (Liverpool) ရှိပါတယ်။ လီဗာပူးလ်က တနှစ်အတွင်း ဝင်ငွေ ၄၂၄ ဒသမ ၂ သန်းလောက် ရမှာပါ။ ရုပ်သံထုတ်လွှင်မှုတွေကနေ ဝင်ငွေတွေ ရရှိမှု မြင့်တက်လာနေပြီး နောင်နှစ်တွေမှာပါ အခုထက် ဝင်ငွေ ပိုကောင်းလာနိုင်နေတာပါ။ အဆင့် ၈ မှာတော့ အင်္ဂလန်ကလပ် ချယ်လ်ဆီး (Chelsea) ရှိပါတယ်။ ချယ်ဆီးက အခုနှစ်မှာ ဝင်ငွေ ၄၂၈ သန်းလောက် ရပါလိမ့်မယ်။ ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဖလားလည်း ရလိုက်ပါသေးတယ်။ Carabao လို အဖျော်ရည် ကုမ္ပဏီနဲ့ စပွန်ဆာရလို့ ပေါင် ၁၃၉ ဒသမ ၈ သန်းလောက် ရလိုက်ပါသေးတယ်။ အဆင့် ၇ မှာက ပြင်သစ် အခြေစိုက် ပါရီဆိန့်ဂျာမိန်း (Paris Saint Germain) ရှိပါတယ်။ ပြည်တွင်းမှာတော့ ပီအက်ဂျီ လို့ပဲ ခေါ်ပါတယ်။ ဒီနှစ်ထဲမှာ ဝင်ငွေ ၄၈၆ ဒသမ ၂ သန်းလောက် ရနိုင်ပါတယ်။ အရင်နှစ်က ပြင်သစ်အမှတ်ပေး ဖလား မရပေမယ့် လူကြိုက်များနေဆဲ၊ ဝင်ငွေ ကောင်းနေဆဲပါ။ နာမည်ကျော် ကစားသမား နေမာကို စံချိန်တင် ပြောင်ရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ခေါ်ထားလို့ လူကြိုက်ပိုများ နေတာပါ။ အဆင့် ၆ မှာတော့ အင်္ဂလန်ကလပ် အာဆင်နယ် (Arsenal) ရှိပါတယ်။ အာဆင်နယ်က အခုနှစ် အတွင်း ဝင်ငွေ ၄၈၇ ဒသမ ၆ သန်းလောက် ရနိုင်ပါတယ်။ ၄ နှစ် အတွင်း FA ဖလား ၃ လုံး ရထားပါတယ်။ ဒါပေမယ့် အရင်နှစ်က ချန်ပီယံလိဂ် ဝင်ခွင့် မရလို့ ဝင်ငွေ နည်းနည်း ကျသွားခဲ့ပါတယ်။ အဆင့် ၅ မှာက အင်္ဂလန်ကလပ် မန်ချက်စတာစီးတီး (Manchester City) ရှိပါတယ်။ မန်စီးတီး လို့လည်း ခေါ်တဲ့ ဒီ အသင်းက အခုနှစ် ပေါင် ၅၂၇ ဒသမ ၇ သန်းလောက် ရမှာပါ။ အခုနှစ် ပရီးမီးယားလိဂ် ဖလား ရဖို့ များနေလို့ ဖလားရခဲ့မယ် ဆိုရင် နောက်နှစ်မှာ ဝင်ငွေ ပိုကောင်းလာပါလိမ့်မယ်။ အဆင့် ၄ မှာတော့ ဂျာမနီရဲ့ ထိပ်တန်း ဘိုင်ယန်မြူးနစ် (Bayern Munich) ရှိပါတယ်။ ဘိုင်ယန်မြူးနစ် အနေနဲ့ ဒီနှစ်မှာ ပေါင် ၅၈၇ ဒသမ ၈ သန်းလောက် ရမှာပါ။ အရင်နှစ်က ပေါင် ၂၉၅ ဒသမ ၁ သန်း ရခဲ့ရာကနေ အခုနှစ်မှာ ဝင်ငွေ စံချိန်တင် မြင့်တက်လာတာပါ။ ဂျာမနီ ဘွန်ဒက်လီဂါဖလားကို ၅ နှစ်ဆက် ရထားပါတယ်။ အဆင့် ၃ မှာတော့ စပိန် ထိပ်တန်း ဘာစီလိုနာ (Barcelona) ရှိပါတယ်။ ဘာစီလိုနာက အခုနှစ်မှာ ဝင်ငွေ ၆၄၈ ဒသမ ၃ သန်းလောက် ရမှာပါ။ အရင်နှစ်က အခုစာရင်းမှာ အဆင့် ၂ ကနေ အခုနှစ် ၃ ဖြစ်သွားတာပါ။ နေမာကို ပီအက်ဂျီဆီ ရောင်းလိုက်လို့ ပေါင် သန်း ၂၀၀ ရလိုက်ပေမယ့် ဝင်ငွေ နည်းနည်း ကျသွားပါတယ်။ အဆင့် ၂ မှာတော့ ဘာစီလိုနာရဲ့ အဓိက ပြိုင်ဘက် ရီးရဲမက်ဒရစ် (Real Madrid) ရှိပါတယ်။ ရီးရဲမက်ဒရစ်က အခုနှစ်မှာ ပေါင် ၆၇၄ ဒသမ ၆ သန်းလောက် ရနိုင်ပါတယ်။ အရင်နှစ်က အဆင့် ၃ ကနေ အခု အဆင့် ၂ ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်မှာ ၂ နှစ်ဆက်တိုင် အောင်မြင်မှု ရယူနိုင်မှုနဲ့ အတူ ဝင်ငွေ ကောင်းလာတာပါ။ လက်ရှိ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အသင်းကတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း မန်ချက်စတာ ယူနိုက်တက် (Manchester United) ဖြစ်ပါတယ်။ မန်ယူက အခုနှစ်ထဲမှာ ပေါင် ၆၇၆ ဒသမ ၃ သန်းလောက် ဝင်ငွေ ရမှာပါ။ ဒါတောင် အများဆုံး ပေါင် ၈၂၇ ဒသမ ၉ သန်း လောက်ထိ မျှော်လင့် ရပါတယ်။ ၂ နှစ်ဆက်တိုက် အခုစာရင်းမှာ အဆင့် ၁ ရပ်တည်နိုင်တာလည်း ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဖလား ရယူနိုင်ခဲ့တာနဲ့ အတူ ရုပ်သံထုတ်လွှင့်မှုတွေ ကနေ ဝင်ငွေ ပိုကောင်း လာတယ် လို့ သိရပါတယ်။ Ref: www.businessinsider.com The post ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2r5Xb4P
via IFTTT


ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War” ကမ္ဘာတဝှမ်းမှာ လူစိတ်ဝင်စားမှု အများဆုံးနဲ့ လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်ကတော့ Marvel Comics ကာတွန်းရဲ့ စူပါဟီးရိုးအဖွဲ့ Avengers ကို အခြေခံထားတဲ့ အမေရိကန်စူပါဟီးရိုး ရုပ်ရှင်တခုဖြစ်ပါတယ်။ Marvel Studios က ထုတ်လုပ်ထားပြီး Walt Disney Studios Motion Pictures က ဖြန့်ဖြူးပေးထားတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်ရဲ့ Avengers: Age of Ultron ရုပ်ရှင်တို့ရဲ့ အဆက်ဖြစ်ပြီး Marvel Cinematic Universe (MCU) ရဲ့ ၁၉ ခုမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒါရိုက်တာတွေက ညီနှောင် နှစ်ဦးဖြစ်တဲ့ Anthony နဲ့ Joe Russo တို့ ဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson, Benedict Cumberbatch, Don Cheadle, Tom Holland, Chadwick Boseman, Paul Bettany, Elizabeth Olsen, Josh Brolin နဲ့ Chris Prattတို့က ဦးဆောင်ပါဝင်ထားကြပါတယ်။ စကြာဝဠာကို စတင် ဖြစ်ပေါ်စေခဲ့တဲ့ Big Bang အချိန် မတိုင်မီကတည်းက ဖြစ်တည်ခဲ့တဲ့ စွမ်းအားမြင့် Infinity Stone တွေကို လိုက်လံရှာဖွေနေတဲ့ ဗီလိန်ကြီး Thanos ကို ရပ်တန့်ဖို့ Avenger အဖွဲ့နဲ့အတူ Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းခဲ့ကြပုံကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကို စကော့တလန်၊ အင်္ဂလန်၊ အတ္တလန္တာမြို့နဲ့ နယူးယောက် စီးတီးတို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ နဲ့ ၄၀၀ ကြားရှိပြီးတော့ ဖန်တီးခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာ ကုန်ကျစရိတ် အမြင့်ဆုံး ရုပ်ရှင်တခု ဖြစ်ပြီး MCU အတွက်လည်း ကုန်ကျစရိတ် အမြင့်ဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်အထူးပွဲကို ဧပြီလ ၂၃ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်မှာ ကမ္ဘာတဝန်း ပြသပါတယ်။ ကမ္ဘာတဝန်း ခန့်မှန်း ဝင်ငွေ ဒေါ်လာ ၉၅ သန်းရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်ဝေဖန်ချက်တွေကိုလည်း ရရှိထားပါတယ်။ ရုပ်ရှင်ထဲမှာ ဗီလိန် Thanos အဖြစ် ပါဝင်ထားတဲ့ Brolin ၊ အထူးပြုလုပ်ချက်၊ ဇာတ်လမ်းရဲ့ ခံစားသက်ဝင်မှု တို့ကို ချီးကျူး ထားပေမယ့် ရုပ်ရှင်ကြာချိန်နဲ့ တချို့ဇာတ်ရုပ်တွေကို အနည်းအကျဉ်းသာ ပုံဖော်ထားတာကိုတော့ ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း (Spoiler Alert) အရင်ဆုံး Infinity Stone အမျိုးအစားတွေကို ရှင်းပါ့မယ်။ အမျိုးအစား ၆ မျိုးရှိပြီး စကြာဝဠာအနှံ့ ပျံ့နှံ့ တည်ရှိပါတယ်။ အပြာရောင်ရှိတဲ့ Space Stone, အဝါရောင်ရှိတဲ့ Mind Stone, အနီရောင်ရှိတဲ့ Reality Stone, ခရမ်းရောင်ရှိတဲ့ Power Stone, အစိမ်းရောင်ရှိတဲ့ Time Stone နဲ့ လိမ္မော်ရောင်ရှိတဲ့ Soul Stone တို့ ဖြစ်ပါတယ်။ အဲဒီ Infinity Stone တွေကို Titan ဂြိုဟ်သား Thanos လိုက်လံရှာဖွေရှာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ Asgard တိုင်းပြည်ကြီး ဖျက်ဆီးခံလိုက်ရတဲ့နောက်ပိုင်းမှာ Xandar ဂြိုဟ်ကနေ Power Stone ကို ရရှိခဲ့ပြီး ဖြစ်တဲ့ Thanos နဲ့ သူ့ရဲ့မွေးစားကလေးတွေဖြစ်တဲ့ Cull Obsidian, Ebony Maw, Proxima Midnight နဲ့ Corvus Glaive တို့ဟာ အသက်ရှင်လွတ်မြောက်လာတဲ့ Asgard တိုင်းသူပြည်သားတချို့ ပါဝင်လာတဲ့ ယာဉ်ပျံကို ဝင်စီးပြီး Tesseract တုံးထဲမှာရှိတဲ့ Space Stone ကိုထုတ်ယူဖို့ ကြိုးစားပါတော့တယ်။ Thor, Loki နဲ့ Hulk တို့ကလည်း သူ့ကို တားဆီးဖို့ရာ ဘယ်လိုမှမစွမ်းသာတော့ပါဘူး။ Asgard တိုင်းပြည်ရဲ့ စောင့်ကြပ်ရေးမှူး Heimdall က Hulk ကို ကမ္ဘာဆီပြန်ပို့လိုက်ပေမယ့် အသတ်ခံလိုက်ရပါတယ်။ Thanos ဟာ Loki ကို သတ်ခဲ့ပြီးတော့ ယာဉ်ကို ဖျက်စီးပစ်ခဲ့ပါတယ်။ ကမ္ဘာကို ပြန်ပို့ခံလိုက်တဲ့ Hulk ကတော့ နယူးယောက် စီးတီးမှာရှိတဲ့ Dr.Strange ဆီကို ရောက်သွားခဲ့ပြီး စကြာဝဠာ တဝက်ကို ဖျက်ဆီးတော့မယ့် Thanos ရဲ့ အကြံကို ပြောပေးခဲ့ပါတယ်။ Bruce Banner (Hulk) ရဲ့ သတိပေးချက်ကြောင့် Dr.Strange ဟာ Iron Man ဖြစ်တဲ့ Tony Starks ကို လူစုပြီး Thanos နဲ့ Infinity Stone တွေအကြောင်း ပြောလိုက်တဲ့အချိန်မှာပဲ Thanos ရဲ့ ကလေးတွေ ဖြစ်တဲ့ Maw နဲ့ Obsidian တို့ရောက်လာပြီး Dr.Strange ပိုင်ဆိုင်တဲ့ Time Stone ကို အပိုင်သိမ်းဖို့ ရောက်လာပါတော့တယ်။ အဲဒီ့နောက်မှာ Maw က Strange ကို ဖမ်းသွားလို့ Stark နဲ့ ပင့်ကူလူသား တို့က အာကာသယာဉ်ပေါ်ကနေ ကပ်ပြီးလိုက်သွားခဲ့ပါတယ်။ Banner ကတော့ အခြား Avenger အဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ စကော့တလန်မှာတော့ အေးအေးလူလူ ဘဝကိုဖြတ်သန်းနေတဲ့ Vision နဲ့ Wanda Maximoff တို့ကို Midnight နဲ့ Glaive တို့က ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ Steve Rogers, Natasha Romanoff နဲ့ Sam Wilson တို့က ကယ်ခဲ့ရပါတယ်။ အဲဒီနောက် Avenger ဌာနချုပ် မှာ James Rhodes တို့ဆီသွားရောက်ခဲ့ကြပါတယ်။ သူ့နဖူးမှာရှိတဲ့ Mind Stone ကို Thanos မရစေဖို့ သူ့ကိုသူ စတေးပြီး ဖျက်ဆီးပစ်မယ်လို့ Vision က ပြောပေမယ့် Wanda ကလက်မခံခဲ့ပါဘူး။ အဲဒီနောက် Steve က ဝါကန်ဒါနိုင်ငံကို သွားပြီး Vision မသေစေဘဲ Stone ကို ဖျက်ဆီး နိုင်မယ့် နည်းလမ်းတွေကို သွားရောက်ရှာဖွေခဲ့ပါတော့တယ်။ တဖက်မှာတော့ Guardians of the Galaxy အဖွဲ့သားတွေဟာ Thor ကို ကယ်တင်ခဲ့ပြီး Thanos က Reality Stone ကို ရှာနေပြီဆိုတာ သိတဲ့အတွက် လူစုခွဲပြီး ထွက်ခဲ့ကြပြီး အဖွဲ့ထဲက Rocket နဲ့ Groot က Thor နဲ့အတူ Thanos ကို သတ်နိုင်မယ့် လက်နက် Strombreaker ကိုဖန်တီးဖို့ Nidavellir ကို သွားခဲ့ကြပါတယ်။ တဖက်မှာလည်း Peter Quill, Gamora, Drax နဲ့ Mantis တို့ဟာ Knowhere ဆိုတဲ့ဂြိုဟ်ကို Reality Stone အရှာ ထွက်ခဲ့ကြပါတယ်။ အဲဒီနောက် သူ့ရဲ့ မွေးစားသမီးဖြစ်တဲ့ Gamora ကို Thanos က ပြန်ပေးဆွဲပြီး Vormir ဂြိုဟ်မှာ သူချစ်ရတဲ့မွေးစားသမီးကို စတေးပစ်ကာ Soul Stone ကို ယူခဲ့ပါတော့တယ်။ အဲဒီနောက် Titan ဂြိုဟ်မှာ Time Stone နဲ့အတူ ရှိနေတဲ့ Dr.Strange က ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်သန်း ပေါင်း များစွာ ကို ကြည့်ရှုခဲ့ပေမယ့် Thanos ရှုံးနိုင်တဲ့ အနာဂတ် တခုကိုသာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူတို့အဖွဲ့ဟာ Thanos ကို ရင်ဆိုင်ပြီး Infinity Gauntlet ဆိုတဲ့ Stone တွေထည့်တဲ့ လက်အိတ်ကို ချွတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Gamora သေပြီလို့ သိလိုက်ရတဲ့ Quill ကြောင့် Stark မှာ ဓါးချက်ထိခဲ့ပြီး Dr. Strange က Time Stone ကို Thanos ထံ လွှဲပေး ခဲ့ပါတယ်။ ကမ္ဘာမြေပေါ်မှာတော့ Avengers အဖွဲ့က Black Panther တို့ တိုင်းပြည် ဝါကန်ဒါကို ရောက်လာခဲ့ပြီး Vision ရဲ့ နဖူးပေါ်က Mind Stone ကို အန္တရာယ်ကင်းကင်း ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းပါတယ်။ အဲဒီအချိန်မှာပဲ Midnight, Obsidian နဲ့ Glaive တို့က ဝါကန်ဒါဆီကို သောင်းနဲ့ချီတဲ့တပ်သားတွေနဲ့အတူ ရောက်လာပြီး Mind Stone ကို လာလုဖို့ ကြိုးစား ပါတော့တယ်။ Thanos ရဖို့ ကျန်နေတဲ့ နောက်ဆုံး Mind Stone ကို ရသွားမှာလား။ Captain America (Steve Rogers) ဦးဆောင်တဲ့ အဖွဲ့က တားဆီးနိုင်မှာလား။ Titan ဂြိုဟ်ပေါ်ရောက်နေတဲ့ Iron Man တို့အဖွဲ့ကရော ဇာတ်သိမ်းလှမှာလား။ Thanos ရဲ့ မူရင်းအကြံအစည်ဖြစ်တဲ့ စကြာဝဠာတဝက်ကို ချေမွဖို့ ဖြစ်လာနိုင်ပါ့မလားဆိုတာကို လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်မှာ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ The post ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War” appeared first on ဧရာဝတီ.
Source : https://ift.tt/2FpafGF
via IFTTT


After Shock သက်သက်ပဲ စိုးရိမ်ပူပန် မနေဖို့ တိုက်တွန်းချင်တယ် ၂၀၁၈ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှုမှာ လေးလအတွင်း အကြိမ် ၇၀ ကျော် ထိ ရှိလာသည့်အတွက် ပြည်သူလူထု အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက် ရှိသည်။ သို့ဖြစ်ရာ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ဘူမိဗေဒပညာရှင် တဦးလည်းဖြစ် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကလည်းဖြစ်သူ ဒေါ်လှလှအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး။ ။ လက်ရှိမှာ နေ့တိုင်းနီးပါး လှုပ်ခတ်နေတဲ့ ငလျင်တွေက ဆက်စပ်မှုတွေ ရှိပါသလားရှင့်။ ဖြေ။ ။ ငလျင်တွေ ဆက်စပ်မှုက ဇန်နဝါရီလ ၁၂ ရက်လောက်က စပြီး လှုပ်တဲ့ ပဲခူးရိုးမ ငလျင်တော့ ရှိတယ်။ ပဲခူး ရိုးမ ငလျင်ဆိုရင်သူ့ရဲ့ ဗဟိုချက်က ဖြူးရဲ့ အနောက်၊ အနောက်တောင်ဘက် ၂၉ မိုင်အကွာလို့ ပြောတယ်။ နေရာကို ကြည့်လိုက်တဲ့ အခါ အဲဒီမှာ ဘယ်ပြတ်ရွေ့က လှုပ်လဲဆိုတော့ ပဲခူးရိုးမမှာ ပြတ်ရွေ့တွေက အများကြီးပဲ။ အဲဒီ ပြတ်ရွေ့တွေ အများကြီးထဲမှာ တခုက ပြောင်းပြန်ပြတ်ရွေ့ ဒီလိုအထက်အောက် လှုပ်တာမှာ ပြောင်းပြန် ပြန်သွား တဲ့ ပုံစံနဲ့ ငလျင်လှုပ်သွားတဲ့ အခါကျတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရှိဘူး။ ရိုးမထဲမှာ ဆိုတော့ ရိုးမကလည်း သိတဲ့အတိုင်း တောင်မြောက် ဆိုရင် မိုင် ၄၀၀၊ အရှေ့အနောက် ဆိုရင် မိုင် ၄၀ ရှည်လည်း ရှည်တယ်။ ကျယ်လည်း ကျယ်တယ်။ တောင်တွေနဲ့ သစ်ပင်တွေပဲ ရှိတယ်။ တောထူထပ်တယ်။ အဲဒီလို နေရာမှာ ငလျင်လှုပ်တာဆိုတော့ လှုပ်သွားတော့ သိပေမယ့် အိမ်တွေ ပျက်ဆီးတာ လူသေကြေတာ မရှိဘူး။ အဲဒီဒဏ်ကိုတော့ ခံစားရတာတွေ ရှိတယ်။ အနှံ့အပြား အကုန်လုံးကို ရောက်သွားစေ ၏တယ်။ အသေအပျောက် မရှိဘူး ဆိုတော့ နည်းနည်းတော့ သက်သာတယ်လို့ ပြောရတာပေါ့။ ဒါပေမယ့် ဘာလဲ ဆိုတော့ သူ့ငလျင်ဗဟိုက တောင်ပေါ်မှာ လှုပ်သွားတာဆိုတော့ တောင်ပေါ်မှာ ငလျင်လှုပ်လို့ ရှိရင် သူကထွက် လာတဲ့ ငလျင်လှိုင်းတွေက ၄ မျိုးလောက်ရှိတယ်။ အဲဒီလှိုင်းတွေက အင်အားပိုကြီးသွားတယ်။ မူလလှုပ်တဲ့ နှုန်းက ၆ ဒသမ ၀ ဆိုရင် တောင်ပေါ်မှာ လှုပ်တဲ့နှုန်းက ပိုပြီးကြီးသွားတယ်။ ပိုပြီးကြီးတော့ ပိုခါတယ်။ အဲဒါကြောင့် လည်း တနိုင်ငံလုံး ခံစားရတဲ့ သဘောဖြစ်သွားတယ်။ နောက်အဲဒါလှုပ်ပြီးတဲ့ အခါကျတော့ after shock လို့ ခေါ်တဲ့ ငလျင်တွေက အဲဒီနေရာမှာ ဆက်ပြီးလှုပ်သွားတယ်။ အင်အားတွေက ၅ ဒသမ၈၊ ၅ ဒသမ ၃ ဆက်တိုက် လှုပ်သွားတော့ ငလျင်ရဲ့ အင်အားဟာ ၆ ဒသမ ၀ ပဲ ဆိုပေမယ့်လို့ အရမ်းကို အင်အားကြီးသွားတယ်။ After Shock တွေကလည်း ဆက်တိုက်လိုက်လာတယ်။ အထူးသဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့က လှုပ်တယ်ဆိုရင် ၁၃ ရက်နေ့ ရန်ကုန်မှာ လာလှုပ်တယ်။ အဲဒါပြီးတဲ့အခါကျတော့ မတ်လ ၈ ရက်နေ့မှာ နေပြည်တော်ကို လှုပ်တာတောင် မဟုတ်ဘူး။ နေပြည်တော်ရဲ့ အနောက်ဘက် မြို့မထဲမှာပဲ ၁၂ မိုင်လောက်ပဲ ဝေးတယ်။ နေပြည်တော်နဲ့ တော်တော်နီးတော့ နေပြည်တော်မှာဆိုရင် ဝန်ထမ်းအိမ်ရာတွေ ဘာတွေ ခါပြီးသွားတာ တွေ့တယ်။ အချို့ဆို လန့်ပြီး ပြေးကြတယ်။ အခုလှုပ်နေတဲ့ ငလျင်တွေရဲ့ သဘာဝက နည်းနည်းလေးထူးခြားတယ်။ မနက်ပိုင်းကိုပဲ လှုပ်တာ များတယ်။ အချို့ နေပြည်တော်အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ဘုရားတွေလည်း ပျက်ဆီးတယ်လို့ သိရတယ်။ သူ့ရဲ့ after shock က အဲဒီလောက်နဲ့ မပြီးသေးဘဲနဲ့ တခါတလေကျရင် နဂိုမူလနေရာကိုလည်း ပြန်လာလှုပ်တယ်။ အဲဒီလိုလှုပ်တဲ့အခါ ပထမတုန်းက လှုပ်တာ ၁၀ ကီလိုမီတာဆိုရင် အဲဒီလိုလှုပ်တဲ့ဟာက ၃၀ ကီလိုမီတာ နည်နည်းနက်သွားတယ်။ အဲဒီတော့ ဗဟိုချက်က အထဲရောက်သွားတော့ သိပ်ပြီး မသိသာတော့ဘူး။ အဲဒီလို အကြိမ်ကြိမ် လှုပ်ပြီးတဲ့အခါကျတော့ ရန်ကုန်မှာ သင်္ကြန်တွင်း ၁၃၊ ၁၄၊ ၁၅ တောက်လျှောက်မှာ လှုပ်တယ်။ အဲဒီလို လှုပ်ပြီးတဲ့အခါ ၁၈ ရက်နေ့ကျတော့ တွံတေးမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဗဟိုပြုပြီး ငလျင်တခု လှုပ်လိုက်တယ်။ အဲဒီငလျင်ရဲ့ တုန်ခါမှုက အရမ်းပြင်းတယ်လို့ လူတိုင်းလည်း သိသိသာသာခံစားရတယ်။ ရန်ကုန်မြို့က လူတိုင်းလည်း သိသွားတယ်။ မေး ။ ။ After Shock ဆိုပေမယ့် ဘာကြောင့် နေရာအနှံအပြားမှာ လှုပ်ခတ်နေတာလဲရှင့်။ ဖြေ။ ။ အဲဒီလိုဟာတွေ ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လဲ ဆိုရင် ပဲခူးရိုးမမှာ ဖြစ်သွားတဲ့ ငလျင်ရဲ့ After Shock တွေကြောင့် ဖြစ်သွားတာ သူရဲ့ အင်အားက အစောက ပြောသလို တောင်ပေါ်မှာ လှုပ်တဲ့အခါ မူလထက်ပိုပြီး အင်အားကြီးသွားတဲ့ အခါကျတော့ မူလထက်ကို ပိုပြီး အင်အားတွေက နေရာအနှံ့အပြားကို ရောက်သွားစေတယ်။ ရောက်တဲ့အခါမှာလည်း ဗရမ်းဗတာတွေ ရောက်တာ အားလုံးနားလည်အောင် ပြောရရင် ပြတ်ရွေ့တွေရှိတဲ့အတိုင်း ပြတ်ရွေ့ရဲ့ လားရာအတိုင်း ရောက်သွားတာ။ သူ့ရဲ့ ပြတ်ရွေ့က တောင်နဲ့ မြောက်ရှိ တာကိုး။ ပဲခူးရိုးမကလည်း တောင်နဲ့မြောက်ရှိတာဆိုတော့ မြောက်ဘက်ဆို နေပြည်တော်ရောက်သွားတယ်။ တောင်ဘက်ဆို ရန်ကုန်ရောက်သွားတယ်။ ပြတ်ရွေ့တခုကကျတော့ ကန့်လန့် ဆိုတော့ ပြည်ဘက်လည်း ရောက်တယ်။ အဲဒီလိုဖြစ်တော့ ဒေသဝန်းကျင်ကြီးတခုလုံးက မငြိမ်မသက်ဖြစ်ပြီး ဆက်တိုက် လှုပ်နေတာပေါ့။ အဲဒီလို လှုပ်နေရာက ၂၀၊ ၂၁၊ ၂၃ သုံးရက်လောက်ကတော့ မူလငလျင် ဗဟိုရဲ့ နေရာမှာပဲ ဖြူးမြို့ရဲ့ အနောက် တောင်ဘက်ကိုပဲ မိုင် ၂၀ အကွာဖြစ်လိုက် ၂၃ မိုင်အကွာဖြစ်လိုက်၊ ၂၆ မိုင်အကွာဖြစ်လိုက်နဲ့ နေရာလေးတွေ နည်းနည်းပြောင်းပြီးတော့ After Shock တွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ အစောက ပြောခဲ့တဲ့ အင်အားဘယ်လောက် ပြင်းသွားလဲဆိုရင် ယနေ့အချိန်အထိ After Shock တွေ ဖြစ်နေတယ်။ After Shock တွေရဲ့ ပမာဏက ဘယ်လောက်ဖြစ်လဲ ဆိုရင် ၅ ဒသမ ၃၊ ၅ ဒသမ ၁၊ ၄ ဒသမ ၈၊ အနက်က ၁၀ ကီလိုမီတာ။ ဒါတွေက ပဲခူးရိုးမငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့။ ဒါကြောင့်မို့လည်း လူတွေ အားလုံး လန့်သွားတာပေါ့။ မေး။ ။ အစောပိုင်း ပြောသွားတဲ့အတိုင်းဆိုရင် ငလျင်တွေက ဆက်လှုပ်နိုင်ဦးမယ်လို့ ယူဆလို့ရမလားရှင့်။ ဖြေ။ ။ နောက်လှုပ်ဖို့ အနေအထားရှိလားလို့ မေးရင် သူကတော်တော်ကို အရမ်းကို active ဖြစ်နေတယ်။ ပြတ်ရွေ့က နေ့တိုင်းလှုပ်နေတော့ တည်ငြိမ်အောင် ခုခံအားတွေ အတော်နည်းနေတယ်လို့ ပြောလို့ ရတယ်။ ပြတ်ရွေ့တွေက တည်ငြိမ်နေရင် Friction (ပွတ်တိုက်အား) တွေက တင်းနေတယ်။ အရမ်းလှုပ်နေရင် Friction (ပွတ်တိုက်အား) တွေ တော်တော်လျော့တဲ့ သဘောရှိတယ်။ အဲဒီ တော့ တချိန်ချိန်မှာ တကယ်လို့ ပိုပြီး အင်အား ကြီးတဲ့ ငလျင်လှုပ်နိုင်ဖို့လည်း ရှိနိုင်တယ်လို့ ယူဆမိတယ်။ အဲဒီလိုစိုးရိမ် ရတယ်ပေါ့နော်။ ဒါပေမယ့်လည်း အဲဒီလို ပြောလိုက်ရင် လူတွေက အရမ်းစိုးရိမ်သွားနိုင်တယ်။ ပိုပြီး အင်အားကြီးတဲ့ ငလျင်မလှုပ်နိုင်ဘူးလို့လည်း ပြောနိုင်ပါတယ်။ မလှုပ်ဘဲနဲ့ ရပ်ချင်ရပ်သွားနိုင်တယ်။ ခန့်မှန်း လို့တော့ မရဘူးကိုး။ အဲဒီတော့ ဒါကို သတိထား ရမယ့် အနေအထား ရှိတယ်လို့ပဲ ပြောနိုင်ပါတယ်။ မေး။ ။ ဒီလိုဆိုရင် ဖြစ်နိုင်ချေက နှစ်မျိုးလုံးပဲလားရှင့်။ ဖြေ။ ။ လှုပ်နိုင်ချေလည်းရှိတယ်။ မလှုပ်ဘဲနဲ့ After Shock က လှုပ်နေရာကနေ တဖြည်းဖြည်း၊ တဖြည်းဖြည်း အင်အားလျော့သွားပြီး ရပ်သွားနိုင်တယ်။ သေသေချာချာဘယ်နေ့ ဘယ်ချိန်မှာ ငလျင်လှုပ်မယ်လို့ ပြောလို့ လည်း မရပါဘူး။ ခန့်မှန်းလို့လည်း မရနိုင်ပါဘူး။ မေး။ ။ လှုပ်နိုင်ချေရှိတယ်ဆိုရင် ဘယ်လိုနေရာတွေက လှုပ်နိုင်ချေရှိလဲ။ ဘယ်ပြတ်ရွေ့က ပိုလှုပ်နိုင်ချေများလည်း ဆိုတာကိုရော တွက်ချက်လို့ရပါလား။ ဖြေ။ ။ တခုရှိတာက Main Shock ကိုတော့ မပိုဘူး။ After shock က အမြဲ Main Shock ထက်နည်းတယ်။ နောက် ၅ဒသမ ၃ လောက်လှုပ်တယ်ဆိုရင် ၅ ဒသမ ၆၊ ၅ ဒသမ ၉ လောက်အထိတော့ လှုပ်နိုင်ခြေရှိတယ်ဆိုတာက သဘောတရားကို ပြောတာ။ လှုပ်ကိုလှုပ်မယ်ဆိုတဲ့ သဘောကိုတော့ အာရုံမစိုက်စေချင်ဘူး။ နေ့တိုင်းလို လှုပ်နေတာကိုတော့ ပိုပြီး သတိထားသင့်တယ်ပေါ့။ မေး။ ။ ဘယ်မြို့တွေအနေနဲ့ ပိုပြီး သတိထားသင့်သလဲ။ ဖြေ။ ။ အစောကလည်း ပြောထားတာရှိတယ်။ ပြတ်ရွေ့တွေရဲ့ အနေအထားက တောင်မြောက်လည်း ရှိတယ်။ အရှေ့ အနောက်လည်း ရှိတယ်။ သူသွားမယ့် Stress က တောင်မြောက်သွားမှာလား။ ကန့်လန့်ဖြတ်ပြီး အရှေ့တောင်၊ အရှေ့မြောက်သွားမှာလားဆိုတာ သူတို့ရဲ့ သဘာဝတွေကလည်း အမျိုးမျိုး ရှိတယ်ဆိုတော့ သတိထားရမယ်ဆိုတဲ့ အနေအထားကို ပြောရရင် ပဲခူးရိုးမကြီးရဲ့ တခုလုံးရော၊ ရန်ကုန်ရော စစ်ကိုင်းပြတ်ရွေ့ ကြီးပေါ်မှာ ရှိတဲ့ မြို့တွေရော အနောက်ဘက်က ဇီးကုန်းတို့ဘာတို့ ဒီဝန်းကျင်ကြီး တခုလုံးက သတိထားပြီး နေသင့်တယ်။ မေး။ ။ ငလျင်နဲ့ ပတ်သက်ပြီး အတိအကျ ပြောလို့ မရဘူးဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး ခန့်မှန်းဖို့က နည်းပညာ အခြေအနေ၊ ကျွမ်းကျင်မှုတွေက ရော ဘယ်လိုရှိပါလဲ။ ဖြေ။ ။ အဲဒါကတော့ ငလျင်ကော်မတီက ရှိတဲ့ Geologist (ဘူမိဗေဒ ပညာရှင်) တွေရှိတယ်။ အင်ဂျင်နီယာတွေ ရှိတယ်။ အားလုံးက သုတေသနတွေ လုပ်နေတယ်။ နောက်တခုက အစောက ပြောသလို အခြားတိုင်းပြည်က အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေတော့လည်း သုတေသနကောင်းတွေလည်းရှိတယ်။ အဲဒီလိုလုပ်နေတဲ့အတွက် အကုန်လုံးက တကယ့်ကို ငလျင်ပညာရှင်တွေ နီးပါး ရှိပါတယ်။ မေး။ ။ ဒါဆိုရင် အနီးစပ်ဆုံး ခန့်မှန်းနိုင်စွမ်းရှိမလား။ ဖြေ။ ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ ရှိတယ်လို့တော့ ပြောလို့မရဘူး။ ငလျင်နဲ့ ပတ်သက်လို့ ငလျင်ဆိုတဲ့ သဘော တရားက အင်မတန်သိမ်မွေ့တယ်။ ငလျင်တခု လှုပ်ဖို့က ပါဝင်တဲ့ အချက်အလက်တွေက အများကြီးပဲ။ ဥပမာ အနေနဲ့ ပြောရင် ပြတ်ရွေ့အနေအထား၊ ပြတ်ရွေ့ရဲ့ Stress၊ ဒီပြတ်ရွေ့က ကျောက်သား အမာထဲမှာလား။ ကျောက်သား အပွထဲမှာ ရှိလား။ ဘေးမှာ ရှိနေတဲ့ ကျောက်တွေရဲ့ အမျိုး အစား၊ ပြတ်ရွေ့တစ်ခုလှုပ်သွားအောင် ပေးနိုင်တဲ့အင်အားလည်း လိုအပ်တယ်။ ငလျင်တစ်ခုလှုပ်ဖို့ဆိုတာက ပါဝင်တဲ့ အချက်အလက်တွေများတဲ့အတွက် ငလျင်ဆိုတာကို ခန့်မှန်းလို့မရတာ။ တကယ်လို့ ဒီငလျင်နဲ့ ပတ်သက်လို့ လေ့လာနေတဲ့သူတွေရော၊ နိုင်ငံခြားမှာ ရှိတဲ့ ငလျင် ပညာရှင်တွေ အားလုံးက ဒီဟာကို သိတယ်။ နားလည် တယ်။ ခန့်မှန်းနိုင်မယ်ဆိုရင် ကမ္ဘာမှာ ငလျင်လှုပ်နေတာတွေ ကြောင့် ပျက်ဆီးတာတွေ ရှိမှာ မဟုတ်ဘူး။ အခု ဖြစ်သွားခဲ့ဖူးတဲ့ ၂၀၁၁ ဂျပန် အရှေ့ဘက်ကမ်းရိုးတမ်းမှာ လှုပ်သွားတဲ့ ငလျင်ဆိုရင် လူပေါင်း ၁၀၀၀၀ လောက် သေတယ်။ ဆူနာမီတက်လာလို့၊ အင်ဒိုနီးရှားဆိုရင် မနေ့တနေ့ကလည်း လှုပ်နေတယ်။ ဆူနာမီတော့ မရှိဘူး။ အီတလီမှာလည်း ၂၀၁၆ ခုနှစ်မှာလှုပ်တယ်။ ၂၀၁၇ မှာ မက္ကဆီကိုမှာ လှုပ်တယ်။ လူတွေသေတယ်။ ကလေးတွေ သေတယ်။ အဲဒီလိုဟာမျိုးတွေက ဒီကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ ခုချိန်အထိကတော့ ဘယ်လိုမှ မခန့်မှန်းနိုင်သေးဘူး။ ဒါပေမယ့် တိုးတက်တဲ့ တိုင်းပြည်တွေမှာ နည်းပညာတွေ ကြွယ်ဝလာ တယ်။ GPS တို့ Global Navigation Satellite System (ကမ္ဘာလုံးဆိုင်ရာ ဂြိုလ်တုအညွှန်းစနစ်) တို့ ရှိတယ်။ သူများ နိုင်ငံ တွေမှာတော့ နီးစပ်တဲ့ အနေအထားတော့ ရှိနေပါပြီ။ တီချယ်တို့ မြန်မာနိုင်ငံမှာက သိတဲ့ အတိုင်းပဲ နည်းပညာအားနည်းတယ်ဆိုတဲ့ အခါ မြန်မာနိုင်ငံမှာတော့ မလွယ်သေးပါဘူး။ မေး ။ ။ ပြည်သူလူထုအနေနဲ့ရော ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာ လုံလုံလောက်လောက်ရှိတယ်လို့ ထင်လားရှင့်။ ဖြေ။ ။ အသိပညာကတော့ နည်းတယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ ငလျင်ပေါ်မှာ အာရုံစိုက်ပြီး မနေနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ အနေအထားက ကြွယ်ဝချမ်းသာခြင်း မရှိဘူး။ အများပြည်သူ ရန်ကုန်၊ မန္တလေး၊ မြို့ကြီးတွေကို ဖယ်ထားလိုက် ကျေးရွာတွေ၊ ဝေးလံတဲ့ အရပ်တွေမှာ ရှိနေတဲ့ နေရာတွေမှာ သူတို့ရဲ့ စားဝတ်နေရေးကိုပဲ အာရုံစိုက်နိုင်တယ်။ မနက်၊ ည စားနိုင်ဖို့ပဲ အာရုံစိုက်နိုင်တယ်။ ဒီလိုဟာမျိုးတွေကို လေ့လာအာရုံစိုက်ဖို့ သူတို့မှာ နည်းတယ်။ အခုဆိုလို့ရှိရင် တော်တော်များများတော့ သိလာတယ်။ မြို့ကြီးတွေပေ့ါ။ ဘာလို့လည်းဆိုရင် ငလျင်ကော်မတီကလည်း သွားပြီး ဟောပြောတာရှိတယ်။ အခြား INGO အဖွဲ့အစည်းတွေကလည်း ဟောပြောနေတာရှိတယ်။ ဟောပြောတဲ့အရပ်ကို ရောက်တဲ့သူလောက်ပဲ သိနိုင်တယ်။ ကျေးရွာတွေက မသိနိုင်ဘူး။ ဟောပြောတယ်ဆိုတာက မြို့တွေလောက်ပဲ အရမ်းကို ဝေးလံတဲ့နေရာတွေ မရောက်နိုင်တော့ အသိပညာ အနေနဲ့ နည်းပါသေးတယ်။ ဒါပေမယ့် ဟိုအရင်တုန်းထက်စာရင် တော်တော်လေးတော့ မဆိုးပါဘူး တတ်နိုင်သလောက်တော့ သိသွားပါပြီ။ မေး ။ ။ မြို့ကြီးတွေမှာလည်း လူထုအနေနဲ့တော့ ပေါ့ပေါ့ဆဆနေကြတယ်လို့ ထင်ကြတာလည်း ရှိတယ်။ ဘယ်လိုမျိုး မြင်မိပါသလဲရှင့်။ ဖြေ။ ။ လူတွေရဲ့ စားဝတ်နေရေး၊ သေချာစဉ်းစားကြည့် ရန်ကုန်မြို့မှာတောင်မှ သိတယ်ဆိုတဲ့သူက အဲဒါနဲ့ ဆက်စပ်နေတဲ့သူတွေ၊ တီချယ်တို့လို လေ့လာသုတေသနလုပ်နေတဲ့သူတွေ၊ ဆက်စပ်ပတ်သက်နေတဲ့သူတွေ လောက်ပဲ သိတယ်။ အခြားသူတွေက မသိဘူး။ ငလျင်ဆိုတာ ဘယ်လို၊ ဘာလုပ်သင့်တယ်ဆိုတာ မသိဘူး။ ငလျင်ဆိုတာ ဘယ်လိုကာကွယ်ရတယ်ဆိုတဲ့ အပိုင်းကို သိတာ တော်တော်နည်းတယ်။ တီချယ်ကိုယ်တိုင်လည်း မြို့နယ်တွေကို ဟောပြောပွဲတွေ သွားဖူးတယ်။ နောက်အခု မီဒီယာကနေ ရှင်းတာတွေရှိတော့ ကြည့်ဖြစ်တယ် ဆိုရင် နည်းနည်းပါးပါတော့ သိတယ်။ အလုပ်ပြီးရင် အိမ်ပြန်သွားမယ်။ အိမ်ပြန်ရောက်ရင် ပင်ပန်းလို့နားမယ်ဆိုတော့ ဘယ်လို အာရုံစိုက်နိုင်မလဲ။ မေး။ ။ ကာကွယ်ရေးအပိုင်းနဲ့ ပြောရင် ဘယ်လို နေထိုင်မယ်ဆို အကောင်းဆုံး ကာကွယ်နိုင်မလဲရှင့်။ ဖြေ။ ။ အဲဒါက ပိုအရေးကြီးတယ်။ ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့မရဘူူး။ ဘယ်နေ့ ဘယ်အချိန်လှုပ်မယ် ပြောလို့မရဘူး။ အိပ်တဲ့အချိန်လည်း လှုပ်သွားတာပဲ ဆိုတော့ ကောင်းတာကတော့ ကြိုတင်ပြင်ဆင်ခြင်းဆိုတာ အကောင်းဆုံးပဲ။ ကြိုတင်ပြင်ဆင်တာက လူထုသာမက အစိုးရပိုင်းကရော တိုင်းနဲ့ ပြည်နယ်အပိုင်းရော သုံးဆင့် ရှိတယ်ကွာ National Level , Regional Level, community level သုံးခုစလုံးမှာ ကြိုတင်ပြင်ဆင်ခြင်းကို ကောင်းကောင်းလုပ်ပေးရမယ်။ အဲဒီလိုလုပ်တဲ့အခါ ပြင်ဆင်ခြင်းကို ရေတို ရေရှည်လုပ်ပေးရမယ်။ ရေရှည်ဆိုတာကတော့ အစိုးရဌာနတွေရော ပြည်သူလူထုတွေရော အဖွဲ့အစည်းတွေရော ပူပေါင်းပြီး ငွေကြေးကိုလည်း သုံးရမယ်။ အပေါ်နဲ့ အောက်နဲ့ကို လည်း တဆင့်ဆီလုပ်ရမယ်။ အချိန်ကြာရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်မယ်ဆိုတာကတော့ ငလျင်လှုပ်ပြီလို့ ခံစားရတာနဲ့ ထွက်မပြေးဖို့ပဲ။ ငလျင်လှုပ်လိုက်တဲ့အတွက် အဆောက်အအုံတွေ ပြိုလို့ ပြုတ်ကျလာတာနဲ့ ကိုယ်ထွက်ပြေးတာနဲ့ တိုက်ဆိုင်မယ်ဆိုရင် ထိခိုက်မှု ဖြစ်နိုင်သလို အသက်လည်း ဆုံးရှုံးနိုင်တယ်။ ငလျင်လှုပ်တယ် ခံစားရတာနဲ့ ထိုင်ချလိုက်ပါ။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင် ရှေ့ကို နည်းနည်းကုန်းပေးထား။ အနီးအနားမှာ ခုတင်တို့ ခုံတို့ စားပွဲတို့ ရှိတယ်ဆိုရင် အောက်ကို မြန်မြန်ဝင်။ သူတို့ရဲ့ ခြေထောက်ကို မြဲမြဲကိုင်ထား။ ရှေ့ကိုနည်းနည်းကုန်းပေးထားရင် ရှေ့ကို မထိခိုက်အောင် ခေါင်းကိုလည်း မထိအောင်နေ။ ငလျင်လှုပ်ပြီးသွားပြီ ဆိုရင် ကွင်းပြင်ရှိတယ်။ ဘောလုံးကွင်းလို ကျောင်းအားကစားကွင်း တို့ ရှိတယ်ဆိုရင် အဲဒီကို ရောက်အောင်သွား။ ဓာတ်တိုင်တို့ သစ်ပင်တို့ ပြုတ်ကျမှာကို စိုးရိမ်နေရတယ်။ အဲဒါကို အမြဲလေ့ကျင့်နေမယ်။ သိထားရုံတင်မကဘူး မိသားစုအတွင်းမှာ တပတ်တကြိမ်လေ့ကျင့်နေသင့်တယ်။ အဲဒါမှ ဖြစ်တယ် ဆိုတာနဲ့ ဘာလုပ်ရမယ် ချက်ချင်း အလေ့အကျင့်ရမယ်။ နောက်မိသားစုအတွင်းမှာ ငလျင်လှုပ်ရင် ငါတို့ ဘယ်အခန်းကို သွားနေမယ်။ တခန်းထဲ၊ ခုံတလုံးထဲမှာ အားလုံး ပုန်းလို့ မရတော့ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ့်ဟာကို စီစဉ်ရမယ်။ မလှုပ်ခင်မှာ ကျတော့ ကိုယ့်အိမ်ကို ခိုင်ခန့်အောင် ပြင်ထားရမယ်။ အဲဒီအခါကျတော့ ဆောက်ပြီးသား အိမ်ကို ပြင်ဆင်ဖို့ဆိုတာ ခက်ခဲသွားပြီ အဲဒီအပိုင်းကို ထားလိုက်တော့ အမှန်တော့ ဒီတချို့ နိုင်ငံတွေဘာတွေကျတော့ အင်ဂျင်နီယာနဲ့ ဘာနဲ့ တိုင်ပင်ပြီး ပြန်ပြင်တာတွေ ဘာတွေရှိတယ်။ အဲဒါတော့ ဒီမှာ လုပ်ဖို့ မလွယ်ဘူး။ နောက်တခုက မလှုပ်ခင်မှာ အရေးပေါ် ဆေးသေတ္တာ လေးတွေ ရှိရမယ်။ တယောက်ယောက် ထိခိုက်တယ်ဆိုရင် ဆရာဝန် မလာခင် ရှေးဦးသူနာ ပြုစုထားလို့ရတယ်။ အရေးကြီး စာရွက်စာတမ်းတွေ စုစည်းထားရမယ်။ မလှုပ်ခင် အချိန်မှာ ဘယ်လိုပြင်ဆင်ထားရမလဲဆိုရင် ကိုယ့်အိမ်ကို ခိုင်ခန့်အောင် လုပ်ရမယ်။ ကိုယ်ဆောက်ပြီးသား အိမ်ကို ပြန်ပြင်ဖို့တွေဘာတွေကျတော့ နည်းနည်း ခက်ခဲသွားပြီ အဲဒီအပိုင်းကိုထားလိုက်တော့ တချို့နိုင်ငံတွေက ငွေရေးကြေးရေး တတ်နိုင်တော့ အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီးတော့ ပြန်ပြင်တာတွေ ရှိတယ်ပေါ့။ ဒီမှာတော့ သိပ်လုပ်ဖို့ မလွယ်ဘူး။ ငလျင်လှုပ်ပြီးတဲ့ အခါမှာ ဘယ်လို လုပ်ရမယ်ဆိုတာလည်း သိရမယ်။ ကိုယ့်အိမ်က ဘယ်နားက ပြုတ်ကျနိုင်တယ် နောက်ရေပိုက်တွေ၊ မီးကြိုးတွေ ဘယ်လိုတွေရှိလဲဆိုတာကို ပြန်စစ်ရမယ်။ မေး။ ။ အခုရက်ပိုင်း ငလျင်တွေ ဆက်တိုက်လှုပ်နေတဲ့ အပေါ်မှာ စိုးရိမ်နေတဲ့ ပြည်သူတွေကို ငလျင်ပညာရှင် တယောက်အနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။ ဖြေ။ ။ ခုနကပြောခဲ့တဲ့ ငလျင်လှုပ်နေစဉ်မှာ ဘာလုပ်ရမလဲဆိုတာကို မိသားစု တယောက်နဲ့တယောက် စုစည်းပြီးတော့ တိုင်ပင်ထားပါ။ ပုန်းခိုမယ်ဆိုတဲ့ ကုတင်တွေ ကုလားထိုင်တွေ ဘယ်အခန်းမှာ ပိုပြီးလုံခြုံသလဲဆိုတာ မိသားစုအချင်းချင်း တိုင်ပင်ပြီးတော့ လုပ်ထားသင့်တယ်။ ဘာဖြစ်မယ်မှန်း မသိတဲ့၊ ဘယ်တော့များမှ လှုပ်မယ်မသိတဲ့ ဘေးကို တွေးပူမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကြိုးစားကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ မေး ။ ။ ၂၀၁၇ တစ်နှစ်လုံးမှာ အကြိမ် ၇၀ ပဲလှုပ်တယ်။ ၂၀၁၈ ထဲမှာ ဧပြီအထိပဲ ရှိသေးတာ အကြိမ် ၇၀ ကျော်တောင် လှုပ်ပြီးပြီဆိုတော့ အဲဒါက ဘာကြောင့်လို့ ကောက်ချက်ချလို့ရမလဲရှင့်။ ဖြေ။ ။ ငလျင်လှုပ်တာက ဖြူးက ငလျင်လှုပ်ပြီးတဲ့ After Shock ကို အကြိမ် ၅၀ ကျော်လောက်ရှိတယ်။ အခြားနေရာနဲ့ ဘာနဲ့ အကုန်လုံးပေါင်းလိုက်တယ်ဆိုရင် စောစောက ပြောတဲ့ ၇၀ ကျော် ဖြစ်နိုင်တာပေါ့။ ဒီငလျင်ကြောင့်ပဲ After Shock က ၅၀ ကျော်၊ အခုဆိုရင် ၆၀ ကျော်လောက် ဖြစ်ရောပေါ့။ သူတို့ကတော့ အမြဲ Monitor လုပ်နေတာ။ မေး။ ။ အရင် ငလျင်ကြီးတွေ လှုပ်တုန်းကရော After Shock က များလားတတ်လားရှင့်။ ဖြေ။ ။ ရှိတာပဲ။ သပိတ်ကျင်း ငလျင်လှုပ်တုန်းကလည်း တစ်နှစ်နီးပါးလောက်အထိ လှုပ်တယ်။ ဒါပေမယ့် တခုက ဒီလိုကြီးကြီးမားမားတော့ မရှိဘူး။ After Shock က ငလျင်ကြီးလှုပ်ပြီးတိုင်းရှိတယ်။ တာလေ(တာချီလိတ်မြို့နယ်ခွဲ) ဆိုလို့ရှိရင် အတော်ကြာတဲ့အထိ ဆက်ပြီး တော့ ရှိနေတာပဲ။ တခါတလေဆိုရင် နှစ်ကြာပြီး အချိန်ဆွဲပြီး လှုပ်နေတာပေါ့။ မေး။ ။ အခုပြောခဲ့တဲ့ အားလုံးကို ခြုံငုံလိုက်မယ်ဆိုရင် ဆရာမကြီး ဆိုလိုချင်တာက ကြောက်စရာတော့ မဟုတ်ဘူး။ လက်ရှိငလျင်တွေက After Shock သက်သက်ပဲပေါ့။ ဖြေ။ ။ ဟုတ်ပါတယ်။ After Shock သက်သက်ပဲ ဒီလောက်ထိ စိုးရိမ်ပူပန်ပြီးတော့ မနေဖို့ တိုက်တွန်းချင်တယ်။ ကိုယ်လုပ်သင့်တဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကိုပဲ လုပ်ထားရင် ပျက်ဆီးမှု အနေအထား လျော့သွားမယ်။ The post After Shock သက်သက်ပဲ စိုးရိမ်ပူပန် မနေဖို့ တိုက်တွန်းချင်တယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2JvYnp6
via IFTTT


“ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်” ရန်ကုန်မြို့မှာ “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း” စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ ဒေသ အစားအစာတွေကို အဓိကထား ရောင်းချတဲ့ စားသောက်ဆိုင်တွေ ရှိကြပေမယ့် ကယားပြည်နယ်၊ ကယန်းဒေသက ကယန်းလူမျိုးတွေရဲ့ ရိုးရာဒေသ အစားအစာကို သီးသန့် ရောင်းချပေးတဲ့ဆိုင် မရှိသလောက် ရှားပါတယ်။ ကယန်းဒေသ အစားအစာတွေကို အဓိကထား ရောင်းချပေးတဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်က ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ကမာကြည် တံတားအနီး၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ငမိုးရိပ်ချောင်း နံဘေးမှာ တည်ရှိပါတယ်။ ကယန်းလူမျိုးတွေရဲ့ နေထိုင်မှု ဘဝပုံစံ၊ ရိုးရာ ယဉ်ကျေးမှု၊ အစားအသောက် ချက်ပြုတ်မှုတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အစားအစာတွေကို အဓိက ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်၊ မြှင့်တင်လိုတဲ့ စိတ်ဆန္ဒတို့ကြောင့် ဖွင့်လှစ်ခဲ့တဲ့ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုဇေယျာမင်းကို ဧရာဝတီ သတင်းဌာနမှ Lifestyle အယ်ဒီတာ သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး ။ ။ ပထမဆုံး သိချင်တာက ဒီဆိုင် Background လေးနဲ့ ဘာကြောင့် ကယန်း ရိုးရာကို ဖွင့်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။ ဖြေ ။ ။ အဓိကကတော့ ကျနော် ၂၀၁၄ လောက်မှာ စားသောက်ဆိုင်လေး လုပ်တယ်။ လုပ်ပြီးတော့ ငှားထားတဲ့ဆိုင် ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ နောက်တဆိုင်လုပ်ဖို့ စဉ်းစားတော့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော် ကယန်း ဝက်အူချောင်းနဲ့ ခေါင်ရည် လက်ဆောင်ရတော့ တော်တော် သဘောကျတယ်။ အဲမှာ ကယန်းနဲ့ ပတ်သက်တဲ့ ဆိုင် ကျနော် လိုက်ရှာတယ်၊ မရှိဘူး။ မရှိတဲ့အခါကျတော့ ကျနော် စိတ်ဝင်စားသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ ကျတော့ တခြား တိုင်းရင်းသား အစားအစာတွေ အများကြီး ရှိတယ်။ ဒီကယန်း တိုင်းရင်းသား အစားအစာက မရှိသလောက် ဖြစ်နေတယ်။ ဝက်အူချောင်းလောက်ပဲ ရှိနေတယ်။ အဲတာနဲ့ ကျနော် ဒီကယန်းစာကို စိတ်ဝင်စားတော့ ကယန်း၊ ကယားဘက်ကို ကျနော် သွားတယ်။ သူတို့အကြောင်းကို ကျနော်လေ့လာတယ်။ ၂၀၁၄ နောက်ပိုင်းကနေ စပြီး တောက်လျှောက် လေ့လာတယ်။ ကယန်းရိုးရာ ဝက်အူချောင်း (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဟိုရောက်သွားတဲ့အခါကျတော့ သူတို့ရဲ့ တအိမ်နဲ့ တအိမ် ခေါင်ရည်ဖောက်ပုံတွေ၊ ဝက်အူချောင်း လုပ်ပုံတွေ မတူကြဘူး။ အရသာတွေ တော်တော်ကွဲတယ်။ ဒါပေမယ့် ထည့်တဲ့ ပစ္စည်း Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေက တူနေတယ်။ အဲဒီ တူတဲ့ဟာကိုလည်း ကျနော်တို့က သဘောကျတယ်။ ရန်ကုန်က လူတွေလည်း သဘောကျနိုင်တယ်။ ပြီးတော့ ဒါ အထူးအဆန်း ရန်ကုန်မှာ မရှိသေးတဲ့ အရာဆိုတော့ ဈေးကွက်အရလည်း ကျနော်တို့ အဆင်ပြေနိုင်တယ်။ ဒါကို တွက်ပြီး ဒီကယန်းဆိုင်ကို ၂၀၁၄ နှောင်းပိုင်းမှာ စပြီး အကောင်အထည် ဖော်တာပါ။ ဖွင့်ဖြစ်တာတော့ ၂၀၁၇ ခုနှစ်၊ မေလကျမှ ဖွင့်ဖြစ်ပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်နာမည်ကို ဘယ်လိုပေးဖြစ်တယ်ဆိုတာလေး ပြောပြပေးပါဦး။ ဖြေ ။ ။ ဆိုင်နာမည်က “Vista Do Rio” ဆိုတာ “မြစ်ဘေးက လှတဲ့နေရာလေး တခု” လို့ အဓိပ္ပာယ်ရတယ်။ ကျနော်တို့ အရင်းနှီးဆုံး စကားလုံး တခုရှိတယ်။ ဆိုင်နာမည်တွေ ဘာတွေဆို “The River View” တို့ ဘာတို့ပေ့ါ။ ဒါမျိုးဆိုလို့ ရှိရင် အကုန်လုံးက River View ဆိုပြီး တန်းပြီး ထင်းခနဲမြင်တယ်။ ဒါပေမယ့် River View က အများကြီးလည်း ပေးကြတယ်။ သူများတွေလည်း သုံးတော့ ကျနော် လိုက်မသုံးချင်ဘူး။ မသုံးချင်တော့ တခြား ဘာသာစကားတခုနဲ့ စဉ်းစားကြည့်တော့ “Vista Do Rio” ဆိုတာ ကျနော် သွားတွေ့တယ်။ ဒီတခုကို ကျနော် တော်တော် သဘောကျတာနဲ့ ပေးဖြစ်တာပါ။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေကကော ဘာတွေဖြစ်မလဲ။ ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ ကယန်းဒေသထွက် အစားအစာတွေ များတယ်။ သူ့ကိုပဲ အဓိက ထားရောင်းတယ်။ ဒါပေမယ့် ကယန်းကျတော့ အစပ် နည်းနည်း ပိုစားတယ်။ အဲတာလေးကိုတော့ နည်းနည်း လျှော့ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကကျတော့ နည်းနည်း ပူတယ်။ ဟိုဘက် ရာသီဥတုနဲ့ မတူဘူး။ အဲတာတော့ ကျနော် နည်းနည်းလေး ပြင်ပြီး ချက်ပေးတယ်။ အတတ်နိုင်ဆုံးတော့ ရိုးရာချက်နည်း အတိုင်း ကယန်းဒေသက လူတွေ လာပြီးတော့ ချက်ပေးတယ်။ ဒီအစားအစာက နည်းနည်းကြမ်းတယ်။ ပါးစပ်မတွေ့တဲ့သူတွေ စားရတာ အဆင်မပြေမှာ စိုးလို့ Fusion (ပေါင်းစပ်မှု) တွေနဲ့ နည်းနည်းလေး လုပ်ပေးထားတာ ရှိတယ်။ Fusion လေးတွေကျတော့ ရန်ကုန်တို့ မန္တလေးတို့က လူတွေ စားရတာ အဆင်ပြေတယ်။ ကယန်းစာ စစ်စစ်ကျတော့ ဒီရာသီဥတုနဲ့ သူ့ရဲ့ အစပ်အဟပ်နဲ့ တန်ရင် ပြင်ပေးရတဲ့ဟာ ရှိတယ်။ ဆိုင်မှာ ရနိုင်တဲ့ ကယန်းရိုးရာ အစားအစာများ (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ဆိုင်မှာ လာစားတဲ့သူတွေကကော ဘယ်လိုဧည့်သည်တွေ များလဲ။ ပြည်တွင်းက များလား၊ နိုင်ငံခြားသားတွေ လာတာ များလား။ ဖြေ ။ ။ ပြည်တွင်းကတော့ များတယ်။ နိုင်ငံခြားသားတွေလည်း လာပါတယ်။ လာတယ်ဆိုတာ ကျနော်တို့ကတော့ Foreigner ရယ်၊ Local ရယ် မခွဲပါဘူး။ အဓိကကတော့ ကိုယ့်ဆိုင်ကို လာတဲ့ ဧည့်သည် အကုန် အတူတူပါပဲ။ မေး ။ ။ ဒီဆိုင်က ပြောမယ်ဆိုရင် ထူးခြားတယ်။ Culture (ရိုးရာ) ကို ပြထားတဲ့ အတွက် အစ်ကို့အနေနဲ့ Culture တခုကို ထိန်းသိမ်းတဲ့အပေါ် အစ်ကို့ရဲ့ ခံယူချက်၊ တန်ဖိုးထားမှု အပိုင်းကို ပြောပြပေးပါဦး။ ဖြေ ။ ။ Culture ဆိုတာထက် ကျနော် သူတို့ရဲ့ နေထိုင်မှုပုံစံလေးပေါ့။ ကျနော် သွားရင်းလာရင်းနဲ့ သတိထားမိတယ်။ သူတို့က စနေတာ ရှမ်းပြည်ဘက်ကနေပြီးတော့ ဒီကယား အဲ့ဘက်ကနေ ဟိုးဘက် သံတောင်ကြီးအထိ တော်တော် ဖြန့်နေတယ်။ ဒါပေမယ့် သူ့ရွာမှာ သူ့သဘာဝနဲ့သူ အထိန်အဝါလေးတွေ ရှိကြတယ်။ သူတို့နဲ့နေရင် သူတို့ရဲ့ သဘာဝတွေ သိရတယ်။ ကယန်းရိုးရာ Handmade ဂစ်တာ (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဥပမာ – ဒီဟာဆိုရင် ကယားဂစ်တာ Handmade လေးပဲ။ ဒီဂစ်တာကိုဆိုရင် လုပ်တဲ့ အဖိုးကြီး အခုထိ ရှိနေသေးတယ်။ ဒါသူငယ်ငယ်တုန်းက သူလူပျိုဘဝတုန်းက သူလူပျိုလှည့်တဲ့ အချိန်မှာ သုံးတဲ့ ဂစ်တာလေးပေါ့။ ဒါလေးတွေကျတော့ သူက အခုချိန်ထိ အမြတ်တနိုးနဲ့ ထားတယ်။ သူ တောပစ်သွားတဲ့ အချိန်မှာ သူ့ရဲ့ အမျိုးသမီးက တဲကနေပြီးတော့ ဂစ်တာလေး တီးလိုက်၊ ခေါင်ရည်လေး သောက်လိုက်နဲ့ သူစောင့်ပေးတယ်။ ဒါလေးက သူတို့ရဲ့ လူနေမှုဘဝနဲ့ သူ့ရဲ့ ယဉ်ကျေးမှု လို့လည်း ပြောလို့ရတယ်။ သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုပေါ့။ ဒါလေးတွေ သိရတဲ့အခါ ကျနော် ဒီဂစ်တာကို သွားဝယ်တယ်။ ဒီဇာတ်လမ်းလေး ရှိထားတာကို ကျနော် ကိုယ်တိုင်လည်း တွေ့ခဲ့ဖူးတယ်။ တွေ့ခဲ့ဖူးတော့ ဒါလေးကို ကျနော် မေတ္တာ ရပ်ခံပြီး ဝယ်ထားတယ်။ ပြီးတော့ ဒါလေးကို ကျနော် ပြထားတယ်။ ဒါက သူတို့ Handmade ဂစ်တာ၊ သူတို့ဘာသာ သူတို့ လုပ်တယ်။ ဒါလေးကိုတော့ ကျနော် တတ်နိုင်သလောက် စပြီး ထိန်းသိမ်းတယ်။ နောက်ပိုင်းကျရင်တော့ ကျနော် ကယန်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲတွေ ကျနော် လုပ်နိုင်ဖို့ ကြိုးစားမယ်။ ကယန်းရိုးရာ ချည်ထည် ရက်လုပ်နေစဉ် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး။ ။ အစားအစာတွေကို ချက်ပြုတ် ပြင်ဆင်မှုအပိုင်းမှာကော ဝန်ထမ်းတွေကို ဘယ်လိုမျိုး လေ့ကျင့်ပေးလဲ။ ဖြေ ။ ။ စာဖိုးမှူးကတော့ ကျနော် ကယန်းတွေပဲ အဓိက ထားသုံးတယ်။ ကျနော်ကိုယ်တိုင်လည်း သူတို့ရွာတွေမှာ သွား သင်လာတယ်။ သင်လာရင်း သူတို့ဆီကမှ တဆင့် သင်လာတယ်။ သူတို့လူမျိုးတွေကို ဒီကို ခေါ်လာတယ်။ သူတို့ ကိုယ်တိုင် ချက်တယ်။ သန့်ရှင်းမှု အပိုင်းကိုတော့ ကျနော် ဟင်းပွဲထုတ်မယ့် ပုံစံလေးတွေကို လုပ်ပေးတယ်။ ချက်ပြုတ်မှု အပိုင်းကိုတော့ သူတို့ပုံစံနဲ့ သူတို့ ချက်ကြတယ်။ မေး ။ ။ ဆိုင်အတွင်းပိုင်း၊ အပြင်ပိုင်းတွေ ပြင်ဆင်မှု အပိုင်းတွေကော ဘယ်လို စဉ်းစားပြီး ဖန်တီးထားလဲ။ ဖြေ ။ ။ အမှန်ကတော့ ၂၀၁၄ နောက်ပိုင်းမှာ စတယ်။ စပြီးတဲ့ အချိန်မှာ ကျနော် ကယန်းရွာ သွားတယ်။ တရွာပြီး တရွာ သွားရင်း ဟင်းပွဲတွေအကြောင်း လေ့လာတယ်။ လေ့လာရင်းနဲ့ သူတို့ရဲ့ အိမ်တွေမှာ ရှိတဲ့အရာတွေကို သတိထားမိရင်း လိုက်ကြည့်တယ်။ လိုက်ကြည့်တဲ့အခါကျတော့ အဲ့တာလေးတွေကို ကျနော်ပြန်ပြီး Copy ယူလာတယ်။ ဒီမှာ ပြန်ပြီး အဆင်ပြေမယ့် ဟာလေးတွေ ပြန်ထည့်တယ်။ ပြန်သုံးတယ်။ အဲဒီအရာလေးတွေ ကျနော် အဲ့လိုပဲ လုပ်ထားပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် အတွင်းပိုင်း (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) မေး ။ ။ ချက်ပြုတ်တဲ့ အစားအစာတွေ အတွက် Ingredient (ပါဝင်ပစ္စည်း) တွေကို ဘယ်ကနေ ယူလဲ။ Main Ingredient (အဓိက ပါဝင်ပစ္စည်း) တွေကိုတော့ ကယန်းဘက်က ယူတယ်။ ကျနော်ဆိုရင် ရွာတွေ အများကြီး ခွဲပြီးတော့ ယူတယ်။ ဥပမာ- ငရုတ်သီးဆိုရင် စီးဘူးလို့ ခေါ်တဲ့ ရွာနားပတ်ချာလည် အဲ့တောင်ကြောမှာ ရှိတဲ့ ငရုတ်သီးက ပိုပြီး စပ်တယ်၊ ပိုပြီး မွှေးတယ်၊ ထောင်းလိုက်တဲ့အခါ အရသာ ပိုထွက်တယ်။ အဲ့ငရုတ်သီးမျိုးကို ကျနော် ဝယ်တယ်၊ သုံးတယ်။ နောက် မက်ခါသီးကျရင် အရိုင်း အယဉ် နှစ်မျိုးရှိတာပေါ့။ မွှေးတဲ့ဟာကိုပဲ ကျနော်တို့ ယူတယ်။ ကြက်သွန်မြိတ် ဆိုရင်လည်း နောင်ဟိုးဘက်က နေယူတယ်။ ကျနော်တို့ ဆိုင်မှာ နောက်ထပ် “ကြပ်တိုက် ဖားကြော်” ဆိုတာ ရှိတယ်။ အဲတာကျတော့ သူတို့က တောင်ယာထဲ သွားတဲ့အခါ တွေ့ရင် ကောက်လာတယ်။ ကလီစာတွေ နှုတ်ပြီး ဆား၊ ဆနွင်းနယ်ပြီး ကြပ်တိုက်ထားတယ်။ ကြပ်တိုက် ထားတဲ့ဟာကို နှစ်ပေါက်အောင် ထားလို့ရတယ်။ အဲဒါလေးတွေ ကျနော်က ယူရောင်းတယ်။ နောက်တခု အဓိကကျတာ ဆနွင်းပေါ့။ ဆနွင်းဆိုလို့ရှိရင် သူတို့က ဝါဝါထိန်ထိန် တခုရှိမယ်။ ရွှေရောင်ဖျော့ဖျော့ ရှိမယ်။ ရွှေဝါရောင် တောက်တောက် ရှိမယ်။ ဒီဆနွင်း ၃ မျိုးကို ပေါက်တဲ့ ဒေသက မတူဘူး။ မတူတဲ့အခါကျတော့ မတူတဲ့ရွာတွေမှာ တယောက်နဲ့တယောက် သုံးတာခြင်း မတူဘူး။ ဒါပေမယ့် ကျနော် လိုက်ရှာတဲ့အခါကျတော့ သွားရင်းလာရင်း စားရင်း ကျနော် လိုက်မြည်းတယ်။ ဘယ်ဆနွင်းက အကောင်းဆုံးလဲဆိုပြီး။ အဲဒီလိုမျိုး ကျနော် ရွေးချယ်ပြီး သုံးပါတယ်။ မေး ။ ။ လက်ရှိမှာဆိုရင် ရန်ကုန်မြို့မှာဆိုရင် ဒီလို တိုင်းရင်းသားအစားအစာ ဆိုင်တွေက အနည်းငယ် ရှားနေသေးတယ်။ အဲဒီ အပေါ်မှာလည်း အစ်ကို့ အမြင်လေး ပြောပြပေးပါဦး။ ဖြေ ။ ။ ရှားနေတယ်ဆိုတာက တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေးကြောင့်ရော။ နောက်တချက်က သူတို့ ကိုယ်တိုင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အများကြီး ရှိဖို့လိုနေတယ်။ ဥပမာ – ကယန်းအစားအစာဆိုရင် ကျနော်က သူတို့လူမျိုး အစားအစာက စားသောက်ဆိုင် ဖွင့်ရလောက်တဲ့အထိ ဟင်းပွဲတွေက ရောင်းရပါ့မလားဆိုတဲ့ မေးခွန်းမျိုး ကျနော် ကြုံဖူးတယ်။ အဲတာက ဘာလဲဆိုတော့ သူတို့က လမ်းပွဲဆက်သွယ်ရေး ခက်တယ်။ တရွာနဲ့ တရွာက ဝေးကြတယ်။ ဝေးကြတော့ သူ့ရွာမှာ ချက်တဲ့ဟာကို ဒီဘက်ရွာက သိပ်မသိဘူး။ ဒီဘက်ရွာမှာ ချက်တဲ့ဟာကို ဟိုဘက်ရွာက သိပ် မသိဘူး။ အဲ့လို မတူတဲ့ ရွာတွေကို ကျနော်က အများကြီး သွားတဲ့အခါကျတော့ ဟင်းပွဲတွေကလည်း အများကြီး ထွက်လာတယ်။ အဲဒီလိုပဲ တခြား တိုင်းရင်းသား အစားအစာတွေလည်း ရှိပါလိမ့်မယ်။ တိုင်းရင်းသား အစားအစာဆိုင်တွေ ဖွင့်ဖို့ကျတော့ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာကျ အများကြီး လိုသေးတယ်လေ။ အခုဆိုရင် ကျနော်တို့က ဘာတွေလိုလဲ ဆိုတော့ နေရာငှားခတွေ မလျှော့ချနိုင်သေးဘူး။ အဲဒီကနေ ကုန်ကြမ်းတွေ သယ်ဖို့ အခက်အခဲတွေ ရှိနေတာတွေ ရှိတယ်။ အဲဒါမျိုးတွေကျတော့ တော်ရုံတန်ရုံ လူက မလုပ်နိုင်ကြသေးဘူး။ တချို့ကျတော့လည်း ရင်းနှီးမြှုပ်နှံမှုမှာ အရမ်း ကောင်းကောင်းမွန်မွန် လုပ်ထားတဲ့ တိုင်းရင်းသား အစားအစာ ဆိုင်တွေ အများကြီး ရှိနေပါတယ်။ မေး ။ ။ ဒီဆိုင်ရဲ့ ရည်ရွယ်ချက်နဲ့ အနာဂတ် ရည်မှန်းချက်လေးလည်း သိချင်ပါတယ်။ ဖြေ ။ ။ ကျနော်တို့ကတော့ စားသောက်ဆိုင်လုပ်ငန်း လုပ်တယ်ဆိုပေမယ့် ဒီဆိုင်ကိုတော့ တိုင်းရင်းသား အစားအစာတွေကို အဓိကထားပြီး ရောင်းမယ်။ နောက်ပိုင်း ဖွင့်မယ့် ဆိုင်တွေကလည်း ဒီလို တိုင်းရင်းသား အစားအစာတွေကို အဓိက ထားပြီး ရောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဆီယံမှာပဲ ကြည့်လိုက်ရင် ကျနော်တို့ နိုင်ငံမှာဝင်နေတဲ့ တခြား နိုင်ငံတွေရဲ့ သူတို့နိုင်ငံတွေရဲ့ အစားအစာတွေ သူတို့ ယူလာကြတယ်။ အဓိကကတော့ သူတို့ အစားအစာနဲ့ သူတို့ လူမျိုး ဂုဏ်သိက္ခာကို ယဉ်ကျေးမှုကို ပြတဲ့သဘောပေါ့။ ကျနော်တို့တွေနဲ့ ရင်းနှီးအောင် သူတို့မှာ ဒီလို ယဉ်ကျေးမှု၊ ဒီလို အစားအစာတွေ ရှိတဲ့အကြောင်း သူတို့နိုင်ငံရဲ့ တန်ဖိုးကို မြှင့်တင်တဲ့ သဘောပါပဲ။ အဲဒီတော့ ကျနော်တို့ကလည်း ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်။ မြှင့်တင်ပေးဖို့ လိုတယ်။ အဲဒီတော့ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ကျနော်တို့ အဆင်ပြေမယ့် တိုင်းရင်းသား အစားအစာတွေ စပြီး ဖော်ထုတ်တယ်။ အဲဒီလို ဆိုင်လေးတွေ ဆက်လုပ်ဖို့ ရှိပါတယ်။ ။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင်ရဲ့ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၂ နာရီအထိလို့ သိရပြီး အစားအသောက်များ ဈေးနှုန်းကတော့ ပျမ်းမျှအားဖြင့် ကျပ် ၃၀၀၀ ကနေ တသောင်းကြားမှာ ရှိတယ်လို့ သိရပါတယ်။ “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် (ဓာတ်ပုံ – အောင်ကျော်ထက်/ ဧရာဝတီ) ဆိုင်လိပ်စာ – “Vista Do Rio” ကယန်းရိုးရာ စားသောက်ဆိုင် အမှတ် (၂၅၁) ၊ မြမာလာလမ်းနဲ့ တောင်ထိပ်ပန်း လမ်းထောင့်၊ ကမာကြည် တံတားအနီး၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့။ The post “ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေ ဖော်ထုတ်ဖို့ လိုတယ်” appeared first on ဧရာဝတီ.
Source : https://ift.tt/2HV7P85
via IFTTT