Tuesday, April 24, 2018


မန္တလေးတွင် စည်းကမ်းမဲ့ အဆောက်အအုံများ ဒဏ်ကြေး သိန်း ၃ သောင်းကျော်ရရှိ မန္တလေးမြို့တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စည်းကမ်းမဲ့ ဆောက်လုပ်သည့် အဆောက်အအုံများ ကို အရေးယူဒဏ်ရိုက်ခဲ့ရာ ၂၀၁၇- ၁၈ ဘဏ္ဍာနှစ် အတွင်း ဒဏ်ကြေးငွေ သိန်းပေါင်း ၃၄၀၀၀ ကျော် ရရှိထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ “အဆောက်အဦဆောက်လို့ ဘယ်လောက်ပဲ ကျော်ကျော်၊ ကျော်တဲ့ ဧရိယာအပေါ်မှာ ဒဏ်ရိုက်တယ်၊ ဒီလို ဒဏ်ရိုက်တာက စည်းကမ်းလိုက်နာစေချင်လို့ပါ၊ ခွင့်ပြုချက်မရှိပဲ အဆောက်အဦဆောက်ရင် အရေးယူတယ်၊ တချို့က ခွင့်ပြုမိန့် တင်ထားဆဲအချိန်မှာ မကျသေးပဲ ဆောက်တယ်၊ အဲဒါကိုလည်း အရေးယူရတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။ စည်းကမ်းမဲ့ အဆောက်အအုံများ အရေးယူမှု ပြုလုပ်ရာတွင် အဆောက်အအုံ ၁ စတုရန်းပေလျှင် တသောင်းကျပ်နှုန်း ဒဏ်ရိုက်ကာ သတ်မှတ်ဧရိယာအား ကျော်လွန်ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်မရှိပဲ အဆောက်အအုံဆောက်လုပ်ခြင်းများက အများဆုံးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ “အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ မြေနေရာအနည်းငယ်ချန်ပြီး ဆောက်လုပ်သင့်တယ်၊ မြေနေရာအပြည့် ဆောက်လုပ်တာတွေကြောင့် ပတ်ဝန်းကျင် နေအိမ်၊ အဆောက်အအုံတွေ နီးနီးကပ်ကပ်ရှိနေရင် ငလျင်အန္တရာယ်၊ မီး အန္တရာယ်တွေ ခံရနိုင်တာကြောင့် မြေကုန်နယ်ကုန်ဆောက်လုပ်တာမျိုးမလုပ်သင့်ဘူး”ဟု ဦးဇော်ဝင်းက ဆက်လက် ပြော သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုပေးရာတွင် ၄ ထပ်နှင့် အထက် အဆောက်အအုံများ ဆောက်လုပ်ခွင့်၌ လုံလောက်သည့် ကားပါကင် ပါရှိရန်နှင့် မျက်နှာဖွင့် ပေ ၄၀ အောက် လျော့နည်းသည့် အဆောက်အအုံများကို ဘေးနှစ်ဘက်အမိုးစွန်းမှ ဝင်းခြံအထိ ၃ ပေ ချန်၍ ဆောက်ထားရန်၊ မျက်နှာဖွင့် ပေ ၄၀ အထက် အဆောက်အအုံများကို ဘေးနှစ်ဘက်အမိုးစွန်းမှ ဝင်းခြံအထိ ၅ ပေ ချန်၍ ဆောက်ထားရန်ကို စိစစ်ခွင့်ပြု ပေးကာ သတ်မှတ်ချက်များပြည့်စုံမှသာလျှင် ခွင့်ပြုပေးထားသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံ ပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ပါက အနည်းဆုံးဒဏ်ငွေ ကျပ်သုံးသောင်းမှ အများဆုံးဒဏ်ငွေ ကျပ်သုံးသိန်းထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ မန္တလေးတွင် အဆောက်အအုံ၊ နေအိမ်များ စည်ကမ်းမဲ့ဆောက်လုပ်မှုမှာ တနှစ်ထက် တနှစ် ပိုမိုများပြားလာပြီး လူနေ သိပ်သည်း လာပါက ရေပေးဝေရေးစနစ်များ၊ မီးပေးရေးစနစ်များတွင် အခက်အခဲဖြစ်ပေါ်၍ အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ဟု ပြောဆိုမှုများရှိသည်။ The post မန္တလေးတွင် စည်းကမ်းမဲ့ အဆောက်အအုံများ ဒဏ်ကြေး သိန်း ၃ သောင်းကျော်ရရှိ appeared first on ဧရာဝတီ.
Source : https://ift.tt/2vIkS88
via IFTTT

No comments:

Post a Comment