အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်၊ စူပီရီးရားမြို့က ရေနံချက်စက်ရုံတခုမှာ ဧပြီ ၂၆ ရက်နေ့က ပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် စက်ရုံ ၃ မိုင်ပတ်လည်အတွင်းမှာရှိနေတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေကို ဘေးကင်းရာရွှေ့ပြောင်းခဲ့ရတယ်လို့ စူပီရီးရားမြို့တော်က ဧပြီ ၂၇ ရက်နေ့မှာ ပြောပါတယ်။ မြို့ခံ ၂၇ဝဝဝ ကို လိုအပ်လို့ ပြောင်းရွှေ့ခဲ့တယ်လို့လည်း မြို့တော်ဝန်ကပြောပါတယ်။ ဒီပေါက်ကွဲမှုကြောင့် စူပီရီးရားနဲ့ အနီးနားမြို့တွေက စာသင်ကျောင်းတွေကိုလည်း ပိတ်ခဲ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source : https://ift.tt/2JsQeSk
via IFTTT
No comments:
Post a Comment