Thursday, April 26, 2018


မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုများ လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် ကာကွယ်ပြောဆို အင်္ဂလန် ရော့ခ်ရှိုင်းယား အခြေစိုက် လိဒ်ယူနိုက်တက် ဘောလုံးအသင်း မြန်မာနိုင်ငံသို့ ချစ်ကြည်းရေး လာရောက် ကစားမည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ အသင်းပိုင်ရှင် အန်ဒရေ ရာဒရဇ် ဇာနီက အသင်း၏ ဝက်ဘ်ဆိုဒ်တွင် အိတ်ဖွင့်ပေးစာရေး၍ ကာကွယ်ပြောဆိုသွားသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)အပါအဝင် ဗြိတိန်လေဘာပါတီမှ နိုင်ငံရေးသမား ရိုစီနာ အယ်လင် ခန်းတို့က လိဒ်ယူနိုက်တက်၏ မြန်မာပြည်ခရီးစဉ်သည် အကျင့်စာရိတ္တ ပျက်ယွင်းမှု အဖြစ် ပုံဖော်ပြောဆိုကာ ဖျက်သိမ်းရန် တိုက် တွန်းခဲ့သည်ကို တုံ့ပြန်ခြင်းဖြစ်သည်။ ထိုသို့ အားကစားကဏ္ဍကို လူ့အခွင့်အရေးနှင့် နိုင်ငံရေးသမားတို့၏ ဝင်ရောက်စွက်ဖက်ဝေဖန် မှုများ နှင့် ပတ်သက်၍ လိဒ် ယူနိုက်တက် ပိုင်ရှင် အန်ဒရေ ရာဒရဇ် ဇာနီက အသင်း၏ ပရိတ်သတ်ကို အိတ်ဖွင့်ပေးစာတစောင် ရေး၍ အသိပေးရာတွင် သူ့အနေဖြင့် မြန်မာနိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ဖူးကြောင်း၊ မြန်မာပြည်ဟာ သူ့ရဲ့ နှလုံးသားမှာ မြန်မာပြည်ဟာ ထင်ကျန် နေကြောင်း ဆိုသည်။ ထို့အပြင် သူ့ရဲ့ အသင်းအနေနဲ့ အခကြေးငွေယူပြီး သွားရောက်ကစားတာ မဟုတ်ကြောင်း၊ သူ့အနေနဲ့ ဝေဖန်မှုတွေ ရှိလာမယ်ဆိုကိုလည်း သိပေမယ့် ဘောလုံးဖွံဖြိုးရေးကို လုပ်ဆောင်ဖို့ဖြစ်သလိုလျင်မြန်စွာ တိုးတက်နေတဲ့ အရှေ့တောင် အာရှနိုင်ငံများအကြားမှာ လိဒ်ယူနိုက်တက်ကို ပိုမိုလူသိများစေဖို့ မိတ်ဆက်တာဖြစ်ကြောင်းလည်း ရေးသားထားသည်။ ဒါအပြင် လိဒ်ယူနိုက်တက်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဒေသခံတွေအတွက် ကောင်းတဲ့ အကျိုးကျေးဇူး တခု ရလာမယ်လို့ ယုံကြည်ပြီး၊ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချစဉ်ကတည်းက အငြင်းပွားဖွယ် ဝေဖန်မှုတွေ ထွက်ပေါ်လာမှာကို သိ ကြောင်း၊ ဒါပေမယ့် သူတို့အနေနဲ့ အစိုးရအတွက် မဟုတ်ဘဲ မြန်မာပြည်သူတွေ အတွက်သာဖြစ်ကြောင်း ပြန်လည် ချေပခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အစိုးရတပ်စခန်းများကို တိုက်ခိုက်ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ရာတွင် ဘင်္ဂါလီ ၅သိန်းကျော် ထွက်ပြေးခဲ့ ရခြင်းနှင့် ချိတ်ဆက်၍ AI အဖွဲ့ကြီးနှင့် ဗြိတိန်နိုင်ငံရေးသမားများက လိဒ်ယူနိုက်တက် အသင်း၏ ခရီးစဉ်ကို ကန့်ကွက်နေခြင်းဖြစ်သည်။ လိဒ်ယူနိုက်တက် အသင်းသည် မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေတိဂုံဘုရား အခြား အထိမ်းအမှတ်များကို စီစဉ်ထားသကဲ့သို့ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း Myanmar National League All Star ဘောလုံး အသင်း၊ မြန်မာ လက်ရွေးစင်အသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်သည်။ ယခင်က အင်္ဂလန် ပရီးမီးယားလိဂ်တွင် ကစားသည့် နာမည်ကြီး လိဒ်ယူနိုက်တက်အသင်းသည် ၂၀၀၄ ခုနှစ်ကစ၍ အင်္ဂလန် ဒုတိယတန်းတွင် တန်းဆင်းကစားခဲ့ရပြီး၊ လာမည့်နှစ် ပရီးမီးယား လိဂ်တွင် ပြန်လည်ကစားရန်အတွက် ယခုခရီးစဉ်က အထောက်အကူပြုမည်ဟု ထင်မြင်ကြောင်း သိရသည်။ လိဒ်ယူနိုက်တက်အသင်း၏ မြန်မာပြည် ခရီးစဉ်ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသင်းပိုင်ရှင်၏ ပြောဆိုချက်တွင် သူ့အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံများ တိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများထောက်ပံခြင်း၊ ဒေသတွင်း အားကစားဖွံဖြိုးရေးနှင့် အားကစားမီဒီယာကဏ္ဍတွင် တိုးတက်အောင် ကူညီခြင်း များပြုလုပ်ရန် ရည်ရွယ်ကြောင်း၊ အလားတူ ရည်ရွယ်ချက်မျိုး မြန်မာနိုင်ငံ အပေါ်လည်း ထားရှိကြောင်း ပါရှိသည်။ The post မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုများ လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် ကာကွယ်ပြောဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2vNzDX5
via IFTTT

No comments:

Post a Comment