နွေရာသီမှာ ပိုနီတေးစတိုင် ဆံပင် လှလှလေးစည်းကြည့်ရအောင် ပူပြင်းလှတဲ့ နွေရာသီမှာ ဆံပင်တွေချထားရတာ အင်မတန်အလုပ်ရှုပ်ပါတယ်။ အပြင်သွား၊ အလုပ်သွားဖို့အတွက် ဆံပင်ကို သမရိုးကျ စည်းတာမျိုးမဟုတ်ဘဲ အောက်ကနည်းလမ်းလေးတွေနဲ့ မိန်းမဆန်တဲ့ ပိုနီတေးစတိုင် စည်းကြည့်ပါ။ (၁) မြင့်မြင့်စည်းမယ်။ ပိုနီတေး မြင့်မြင့်လေးက သင့်ကို အပူဒဏ်နဲ့ ချွေးဒဏ်ကသက်သာစေသလို ခပ်မိုက်မိုက် စတိုင်လေးဖြစ်စေမှာပါ။ (၂) ပုဝါလေးနဲ့ စည်းမယ်။ ချစ်စရာကောင်းတာလား၊ မိန်းမဆန်တာလား။ အဲ့လိုအသွင်အပြင်မျိုးကို လိုချင်ရင်တော့ ပုံထဲကလို ပုဝါလေးနဲ့ စည်းပေတော့။ အဝတ်အစားကိုတော့ ပုဝါနဲ့ လိုက်ဖက်မဲ့ အရောင်ဖြစ်အောင် သတိပြုနော်။ (၃) ပန်းပွင့်ခေါင်းစည်းလေးသုံးမယ်။ ပန်းပွင့်လေးတွေက သင့်အလှကိုပံ့ပိုးပေးနိုင်တဲ့အတွက် ပိုနီတေးမနိမ့်မမြင့်လေးကို ပန်းပွင့်ပါတဲ့ ခေါင်းစည်းလေးတွေနဲ့ စည်းကြည့်ပါ။ (၄) ရှုပ်လေ လှလေ။ ကဲ ဘာ Accessories မှ မသုံးချင်ဘူးဆိုရင်တော့ ခပ်ရှုပ်ရှုပ်လေးသာ စည်းပေတော့။ (၅) ဆံနွယ်လေးတွေချမယ်။ မျက်နှာ အပြောင်မဟုတ်ဘဲ မျက်နှာပုံစံပေါ်လွင်စေမဲ့ ဆံနွယ်လေးတွေ ချကြည့်ပါ။ (၆) Volume ထည့်မယ်။ ဆံပင်ကို ရိုးရိုးစည်းတာမျိုးမဟုတ်ဘဲ ခေါင်းအပေါ်ပိုင်းကို နဲနဲဖွကြည့်ပါ။ ဒီပုံစံကို ပွဲနေပွဲထိုင်အတွက်လည်း ပြင်ဆင်လို့ရပါတယ်။ ကဲ ဒီလိုပုံစံလေးတွေနဲ့ သမရိုးကျဆံပင်စတိုင်ကနေ ခွဲထွက်ကြည့်မယ်ဆိုရင် သင်ဟာဆံပင်စတိုင်တမျိုးနဲ့ အထာကျနေမှာပါ။ The post နွေရာသီမှာ ပိုနီတေးစတိုင် ဆံပင် လှလှလေးစည်းကြည့်ရအောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2r1EQFb
via IFTTT
No comments:
Post a Comment