Wednesday, April 25, 2018


တွဲလက်တွေခိုင်မြဲစေဖို့ လိုက်နာရမဲ့ နည်းလမ်းများ တဦးနဲ့တဦး ချစ်သူရည်းစားတွေဖြစ်ကြပြီဆို ရေရှည်တည်မြဲချင်ကြတာပါပဲ။ ဒါပေမဲ့ သဘောထားတွေ မတိုက်ဆိုင်တဲ့အခါ ခဏလေးနဲ့ လမ်းခွဲတာမျိုးမဖြစ်ရအောင် အောက်ကအချက်လေးတွေ လိုက်နာကြည့်ပြီး ရေရှည်တည်မြဲတဲ့ ချစ်ခြင်းတည်ဆောက်ကြည့်ပါ။ (၁) အမြဲတမ်းလိုအပ်နေခြင်နှင့် သဝန်တိုခြင်းရှောင်ပါ။ သင်ဟာ သူမရှိဘဲ မနေနိုင်တာမျိုးရှောင်ပါ။ တချိန်လုံးသူ့အနားမှာပဲ ကပ်နေတာက ကြာရင်ငြီးငွေ့ဖွယ် ဖြစ်လာတတ်ပါတယ်။ ထို့အတူ သဝန်တိုခြင်းကလည်း တရားလွန်မဖြစ်ဖို့လိုပါတယ်။ ဘယ်သူမဆို မိမိကိုမယုံဘဲ သံသယမျက်လုံးနဲ့ ဒေါက်ထောက်လိုက်ကြည့်နေတာကို သဘောကျမှာ မဟုတ်ပါဘူး။ (၂) အထူးအဆန်းလေးတွေလုပ်ကြည့်ပါ။ ရည်းစားဖြစ်ကာစ တလ နှစ်လလောက်က ဘယ်အရာမဆို စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သာမန်ချိန်းတွေ့နေကျမျိုးမဟုတ်ဘဲ နှစ်ယောက်သား လက်ဆောင်လေးတွေလဲလှယ်တာမျိုး၊ သင်တန်းတခုအတူတက်တာမျိုး၊ ခရီးထွက်တာမျိုးလေးတွေ လုပ်ကြည့်ပါ။ (၃) အဆက်အသွယ် မပြတ်ပါစေနဲ့။ ဒါကတော့ သင့်ရဲ့သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ကြားက ဆက်ဆံရေးကိုဆိုလိုပါတယ်။ မိန်းကလေးတွေက ချစ်သူရည်းစားရတဲ့အခါ သူတို့ရဲ့အချိန်တွေကို ချစ်သူနဲ့ပဲကုန်ဆုံးချင်ကြပါတယ်။ ဒီလိုမလုပ်ဘဲ သူငယ်ချင်းတွေနဲ ပုံမှန်တွေ့ပြီး စကားပြောတာမျိုး လုပ်ကြည့်တာက သင့်ရဲ့ လူမှုရေးဘဝ ဟန်ချက်ညီဖြစ်စေပါတယ်။ ပြီးတော့ ရည်းစားကြောင့်ရတဲ့ ဒဏ်ရာကို ကုစားပေးနိုင်တာက အချစ်ဆုံးသူငယ်ချင်းတွေပဲမလား။ (၄) မာနမထားပါနဲ့။ တယောက်နဲ့တယောက် ရန်ဖြစ်တဲ့အခါ သူ့ဘက်ကမှားနေတယ်ဆိုရင်တောင်မှ သင့်ဘက်က စတောင်းပန်ဖို့ ကြိုးစားကြည့်ပါ။ ရန်ဖြစ်တဲ့အခါ ဆဲဆိုခြင်း၊ ရိုက်ပုတ်ခြင်း၊ စကားနာထိုးခြင်းတွေလုပ်မဲ့အစား လူကြီးဆန်ဆန် စိတ်အေးအေးထားပြီး ပြသနာဖြေရှင်းကြည့်ပါ။ (၅) ချစ်ကြောင်းပြောပါ။ နှစ်ဦးသားချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်မဲ့ နည်းလမ်းလေးတွေကို တွေးပါ။ နေရာတကာပိုင်ဆိုင်ခြင်တာမျိုး ၊ သဝနိတိုပြီး အမြဲ စစ်ဆေးတာမျိုး ရှောင်ပါ။ သူက သင့်ကိုဘာကြောင့် သဘောကျရသလဲ သင်ကသူ့ကိုဘာကြောင့်ချစ်ရသလဲဆိုတဲ့ အကြောင်းပြချက်လေးတွေ အမြဲပြောပြပါ။ အထက်ပါ နည်းလမ်းလေးတွေက ရင့်ကျက်တဲ့အတွဲတိုင်းလုပ်လေ့လုပ်ထရှိတဲ့ အရာလေးတွေပဲဖြစ်ပါတယ်။ အပျော်ကြံသူနဲ့ တွဲမိရင် ဒီလိုနည်းလမ်းတွေက အသုံးမဝင်ဖြစ်နိုင်ပေမဲ့ တကယ်ချစ်သူခြင်း နားလည်မှုမလွဲရအောင် ဒီလိုနည်းတွေက ကူညီပေးနိုင်ပါတယ်။ The post တွဲလက်တွေခိုင်မြဲစေဖို့ လိုက်နာရမဲ့ နည်းလမ်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2Jq4Mlw
via IFTTT

No comments:

Post a Comment