Friday, April 27, 2018


အမှိုက်ပုံမီးငြှိမ်းသတ်ရေး Bio Foam များ ဝယ်ယူရန် KBZ အုပ်စု ငွေကျပ်သိန်း ၃၄၀၀ လှူ ထိန်ပင်အမှိုက်ပုံ အောက်ခြေအတွင်း ကျန်ရှိနေသော မီးလောင်နေမှုများအား ငြှိမ်းသတ်နိုင်မည့် လိုအပ်နေသည့် ဓာတု မီးသတ်ဆေးရည် (Bio Foam) ဝယ်ယူရန်အတွက် ကမ္ဘောဇဘဏ်အုပ်စုမှ ငွေကျပ်သိန်း ၃၄၀၀ လှူးဒါန်းခဲ့ကြောင်း သ တင်း ရရှိသည်။ အမြန်ဆုံး မီးငြှိမ်းသတ်ရန် လိုအပ်နေသည့် Bio Foam မီးသတ်ဆေးရည် ဂါလံ ၅ ထောင်ကို ပြည်ပမှ ဝယ်ယူရန်အတွက် ကျပ်သိန်း ၃၄၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ဧပြီလ ၂၆ ရက်တွင် သွားရောက် လှူဒါန်းခဲ့ ကြောင်း ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “ကာလကြာရှည်လာပါက လေထုညစ်ညမ်းမှု ဖြစ်ပွားကာ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင် နေ ထိုင်သော ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှု မရှိစေရေးနှင့် အမြန်ဆုံး အပြီးသတ် မီးငြိမ်းသတ်နိုင်ရေး အတွက် လိုအပ် နေသည့် Class A အမျိုးအစား Bio Foam မီးသတ်ဆေး ဂါလံ ၅ ထောင်ဝယ်ယူနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်” ဟုဖော်ပြထားသည်။ ယနေ့ (ဧပြီ ၂၇) မနက်ပိုင်း၌ Bio Foam ဆေးရည် ဂါလံ ၂ ထောင်ရောက်ရှိလာပြီး မီးအပြတ်ငြှိမ်းသတ်နိုင်မည့် အခြေအ နေကို ညနေပိုင်းအထိ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ဧရာဝတီသို့ ပြောသည်။ “Bio Foam တွေ စသုံးနေပါပြီ။ ကုန်သလောက်တော့ ဖြန်းနေမှာပါပဲ။ ဒါဖြန်းရင်တော့ အပြတ်ငြိမ်းမယ်ပေါ့။ ကျနော်တို့က အပိုင်းလိုက် ပိုင်းထားလိုက်တာကိုး။ အခုတော့ လုပ်နေပြီ ညနေအထိတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန်အတွက် Bio Foam ဆေးရည် ဂါလံ ၅ ထောင်လိုအပ်ကြောင်းကို မီးသတ် ဦးစီးဌာနမှ ခန့်မှန်းတွက်ချက်ထားကာ ထိုင်းနိုင်ငံမှ ဝယ်ယူထားပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။ မီးငြှိမ်းသတ်ရာ၌ လိုအပ်သည့် Bio Foam ဆေးရည်ကို ၂၂ ရက်ကတည်းမှ စတင်သုံးစွဲခဲ့သော်လည်း လုံလောက်သည့် ပမာဏ မရှိခြင်းကြောင့် မီးလောင်ပြင်တခုလုံး ဖြန်းနိုင်ခြင်း မရှိခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။ ကမ္ဘောဇဘဏ်လီမိတက်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က “ကျနော်တို့လှူမယ်ဆိုတော့ ဂါလံ ၅ထောင်လောက် လိုမှာပေါ့။ အမျိုးအစား အကောင်းဆုံး A Class Bio Foam ကို နိုင်ငံခြားကနေပြီး မှာသွင်းမယ် ကုန်ကျငွေက မြန်မာငွေ သိန်း ၃၄၀၀ လောက်ကျမယ်ဆိုတော့ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း က ဦးဆောင်ပြီး ကျနော်တို့ရယ် ကျနော်တို့နဲ့ လုပ်ငန်းဆက်စပ်နေတဲ့ အဖွဲ့ဝင်တွေနဲ့လည်း လှူခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ “ထိန်ပင်မီးလောင်ပြီး မီးခိုးငွေ့သင့်တာက မူလတုန်းကတော့ ပြဿနာသေးသေးပဲ အောက်မေ့တာ နောက်တော့မီး ကြီးထွားလာပြီ ရန်ကုန်တမြို့လုံးနီးပါး ဖြစ်လာတယ်။ လူတွေခံစားရတယ် ဆေးရုံရောက်တဲ့သူတွေရောက်တယ် ခံစားရတဲ့သူတော်တော်များတယ်ဆိုတော့ မဖြစ်တော့ဘူး ဘယ်လိုကူညီလို့ ရမလဲဆိုပြီး လေ့လာကြည့်တဲ့အခါမှာ အထိရောက်ဆုံးနည်းကတော့ Bio Foam ကိုဖြန်းလိုက်မယ်ဆိုရင် အပါ်ကနေ အုပ်လိုက်တာနဲ့ အောက်က အောက်ဆီဂျင်ပြတ်သွားပြီးတော့ မီးလောင်မှုတွေ ငြိမ်းသွားမှာပေါ့ အဲဒါမှသာလျှင် ထိထိရောက်ရောက် ဖြစ်မယ်ဆိုတာ သိရတယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ လှူဒါန်းမှုကို ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ညီနောင်မိတ်ဖက်ကုမ္ပဏီများ ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ Insurance)၊ Jasmine Palace Hotel၊ အဏ္ဏဝါအောင်ဆောက်လုပ်ရေး၊ မြန်မာ စည်းလုံးဆောက်လုပ်ရေး၊ Strong Source Group of Co.,Ltd. နှင့် Famous Group တို့အတူ ပူးပေါင်း၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှာ ဧပြီလ၂၁ ရက်နေ့က စတင်လောင်ကျွမ်းခဲ့ပြီး ၄ ရက်မြောက်နေ့တွင် မီးလောင်မှုကို ၈၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်နိုင်သော်လည်း ယနေ့ ၇ ရက်မြောက်နေ့အထိ လုံးဝ ငြိမ်းသွားစေရန် ကျန်ရှိနေသော မီးအကြွင်းအကျန်များကို ဆက်လက်ငြှိမ်းသတ်နေရဆဲ ဖြစ်ကြောင်း သိရသည်။ The post အမှိုက်ပုံမီးငြှိမ်းသတ်ရေး Bio Foam များ ဝယ်ယူရန် KBZ အုပ်စု ငွေကျပ်သိန်း ၃၄၀၀ လှူ appeared first on ဧရာဝတီ.
Source : https://ift.tt/2r36EsQ
via IFTTT

No comments:

Post a Comment