CNPC နှင့် MOGE တို့ကို အမ်းတောင်သူများ သချႋုင်း ၄ ခုတွင် ကျိန်စာတိုက် ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲမှ သင်္ချိုင်း ၄ ခု တွင် ဒေသခံ တောင်သူများက တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို ကျိန်စာတိုက်၍ အမည်များကို မြေမြှုပ်သင်္ဂြိုလ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ အမ်းမြို့နယ်အတွင်း ရေနံနှင့်သဘဝဓါတ်ငွေ့ ပိုင်းလိုင်းစီမံကိန်း ဖြတ်သန်းသွားကြောင့် ထိုခိုက်ပျက်စီးသွားသည့် လယ်ယာမြေ လျော်ကြေးပြဿနာများအား ဖြေရှင်းမပေးခြင်းကြောင့် CNPC နှင့် MOGE တို့ကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အမ်းတောင်သူများက ပြောသည်။ အဆိုပါ ကျိန်စာတိုက်ပွဲကို ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ပျက်စီးသွားသည့် အမ်းမြို့နယ်အတွင်းက မျောက်ကိုက်ကျေးရွာ သချႋုင်း၊ သံပုရာကျေးရွာ သချႋုင်း၊ ခမောင်းချောင်း ကျေးရွာ သချႋုင်းနှင့် ဆင်ခုံတိုင် ကျေးရွာ သချႋုင်း စည့် သင်္ချိုင်း ၄ ခုတို့တွင် ဒေသခံ ၅၀၀ ခန့်က စုပေါင်း၍ တပြိုင်းတည်း ပြုလုပ်ခဲ့ကြောင်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောသည်။ CNPC နှင့် MOGE တို့ကို ကျိန်စာတိုက်နေသော အမ်းတောင်သူများCNPC နှင့် MOGE တို့ကို အမ်းတောင်သူများ သချႋုင်း ၄ ခုတွင် ကျိန်စာတိုက် ဦးမျိုးလွင်က “ပိုက်လိုင်းကြောင့် ကျနေ်ာတို့ရဲ့ တန်ဖိုးထားတဲ့ လယ်မြေတွေ ဆုံးရှုံးတယ်။ သုသာန်တွေ ပျက်စီးသွားတယ်။ ဒါကို ဖြေရှင်းပေးဖို့ ကျနော်တို့က တောင်းဆိုတော့ ဘာမှ အကြောင်းမပြန်တော့ ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ CNPC နဲ့ MOGE ကို ဒီပျက်စီးသွားတဲ့ သုသာန်မှာပဲ သဂြိုဟ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျိန်စာတွေဖတ်ပြီးတော့ မြေမြုပ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ ကျိန်စာတိုက်ရာတွင် အမ်းမြို့နယ်အတွင်း ဒေသခံများအပေါ် စာနာမှုကင်းမဲ့စွာ ပြုလုပ်ဆောင်ရွက်ခဲ့မှုနှင့် အတူ အနိုင်ကျင့်မှုများ၊ တရားမှုများ ၊ မကောင်းမှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ ကိုပြုလုပ်ခဲ့ကြသော CNPC နှင့် MOGE တို့၏ အပေါင်းပါများသည် (၂၅ ၊ ၄ ၊ ၂၀၁၈ ) ရက်နေ့တို့တွင် သေဆုံးကြပြီ ဖြစ်သည်ကြောင်း ဒေသခံများက သင်္ချိုင်းများ၌ ကျိန်စာတိုက်၍ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြသည်။ CNPC နှင့် MOGE တို့ကို ကျိန်စာတိုက်နေသော အမ်းတောင်သူများ / ကိုမျိုးလွင် ရေနံနှင့်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်အတွင်းက နစ်နာသည့် တောင်သူများက ဧပြီလ ၇ ရက် နေ့က အမ်းမြို့နှင် ၁၀ မိုင်ခန့်ကွာဝေးသည့် CNPC ရုံးရှေးရာသို့ မော်တော်ဆိုင်များဖြင့် ချီတက်ပြီး ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ပြုလုပ်ခဲ့သေးသည်။ ယင်းဆန္ဒပြပွဲ အပြီးတွင်း ဒေသခံတောင်းသူများက တာဝန်ရှိသူများက ဧပြီလ ၇ ရက်နေ့မှနေ ၁၀ ရက်အတွင်း ဖြေရှင်းပေးရန် တောင်းဆိုထားခဲ့ပြီး တောင်းဆိုချက်အတိုင်း တုန့်ပြန် ဖြေရှင်းပေးခြင်း မရှိပါက ကျိန်စာတိုက်ပွဲကို အချိန်မြှင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် တောင်သူများက ဆိုသည်။ ယင်းအပြင် အမ်းတောင်သူများသည် လယ်ယာမြေလျော်ကြေး ကိစ္စအပါအဝင် သက်ဆိုင်ရာဌာနများ၏ လုပ်ဆောင်ချက်များ အပေါ် ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်းတို့ထံ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးလွင်က ဆက်လက်ပြောကြားသည်။ CNPC နှင့် MOGE တို့ကို ကျိန်စာတိုက်နေသော အမ်းတောင်သူများ / ကိုမျိုးလွင် အဆိုပါ ပိုင်းလိုင်းစီမံကိန်းဖြတ်သန်းမှုကြောင့် အမ်းမြို့နယ်အတွင်းက ရခိုင်းတိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ လုပ်ကိုင် စားသောက်သော လယ်မြေများ ၊ ဥယျဉ်ခြံမြေများ ၊ ရွာပိုင် မြေများ ပါရှိသွားပြီး တရုတ် ကုမ္ပဏီနှင့် တာဝန်ရှိသူများက အစပိုင်းအချိန်က မြေယာလျော်ကြေးများ ပေးအပ်မှု တချို့ရှိခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင်စားသောက်သည့် ဒေသခံများမှာ လျော်ကြေး ရရှိခြင်း မရှိသလို မြေယာပိုင်ဆိုင်မှု အထောက်အထား မရှိဟုဆိုကာ မြေယာ အများစုကိုလည်း လျော်ကြေးပေး ဆောင်ခြင်း မရှိကြောင်းလည်း အမ်းဒေသခံများက ပြောသည်။ အမ်းတောင်သူများသည် ယခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း ယင်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၉ အုပ်စုမှ နစ်နာသည့် ပြည်သူများ စုပေါင်ပြီး မြို့ပေါ်လမ်းတလျောက်လှည့်လှည်ကာ မြေယာ လျော်ကြေး ကိစ္စအား ဖြေရှင်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ The post CNPC နှင့် MOGE တို့ကို အမ်းတောင်သူများ သချႋုင်း ၄ ခုတွင် ကျိန်စာတိုက် appeared first on ဧရာဝတီ.
Source : https://ift.tt/2JrYUIp
via IFTTT
No comments:
Post a Comment