Friday, April 27, 2018


နျူကလီးယား ဖျက်သိမ်းရေး တောင်နှင့်မြောက် ကိုရီးယား ၂ နိုင်ငံ သဘောတူ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား လက်နက် အပြည့်အဝ ဖျက်သိမ်းရေး သဘောတူညီမှု ရရှိကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အစီအစဉ်အပေါ် တင်းမာမှုများ ဖြေလျှော့ရေး အတွက် အထောက်ကူ ဖြစ်နိုင်သည့် အရွေ့တခု ဖြစ်သည်ဟု ဆိုသည်။ ၁၁ နှစ် အတွင်း ပထမဆုံး ကိုရီးယား ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ အပြီးတွင် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နှင့် တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ ပူးတွဲ ထုတ်ပြန်သည့် ကျေညာချက် တစောင်တွင် ထိုသို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။ “နျူကလီးယား လက်နက် အပြည့်အဝ ဖျက်သိမ်းရေးမှ တဆင့် နျူကလီးယား လက်နက် ကင်းစင်သော ကိုရီးယား ကျွန်းဆွယ် ပြုလုပ်ရေးတွင် တောင်နှင့်မြောက် ကိုရီးယား ၂ နိုင်ငံလုံးက သူတို့၏ တူညီသော ပန်းတိုင်ကို အတည်ပြု ခဲ့ကြသည်”ဟု ကျေညာချက်တွင် ပါရှိသည်။ အမေရိကန်နှင့် အခြားသော နိုင်ငံများအတွက် စိုးရိမ်စရာ အဖြစ်ဆုံး အကြောင်းတခု ဖြစ်သည့် မြောက်ကိုရီးယား ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ သိသိသာသာ တိုးတက်မှု ရှိလာခြင်းက အများစု မျှော်လင့်ထားသော Kim Jong Un နှင့် အမေရိကန် သမ္မတ Donald Trump တို့ကြားက ထိပ်သီး အစည်းအဝေး အတွက် လမ်းခင်းပေးဖွယ်ရာ ရှိသည်ဟုလည်း ဆိုသည်။ ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား လက်နက် ဖယ်ရှားရေး အတွက် ကတိပြုကြောင်း Kim Jong Un က ပြီးခဲ့ သည့် လအတွင်းက ပြောကြားထားသည်။ သို့သော်လည်း ကျေညာချက်က ၎င်းက ပေးသည့် အဖြေထက်စာလျှင် မေးခွန်းများကို ပိုမို မြင့်တက်စေခဲ့သည်။ “၎င်း၏ နယူကလီးယား လက်နက် အစီအစဉ် ပယ်ဖျက်ရေးကို မည်မျှအထိ ဆောင်ရွက်ရန် ဆန္ဒ ရှိသနည်း”၊ “အမေရိကန် ထံမှ မည်သည့် အရာနှင့် သူက အလဲအလှယ် ပြုလုပ်လိုသနည်း” ဟူသည့် မေးခွန်းများ ဖြစ်သည်။ အမေရိကန်နှင့် ဂျပန်တို့က မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို အပြည့်အဝ၊ အမှန်အကန်နှင့် ပြန်လည် မပေါ်ပေါက် လာနိုင်သည့် အနေအထားဖြင့် ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။ မြောက်ကိုရီးယား နိုင်ငံတလွှားမှ စစ်ရေးဆိုင်ရာ နေရာများကို နီးနီးကပ်ကပ် စုံစမ်း စစ်ဆေးမှုများ လိုအပ်မည့် လုပ်ငန်း စဉ် တခု ဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယားက နျူကလီးယား လက်နက် အပြည့်အဝ ဖျက်သိမ်းရေးကို လက်ခံခြင်းက ဖျက်သိမ်းရေး လုပ်ငန်း စဉ် ကို မည်သို့ ဆောင်ရွက်မည် ဆိုသည်ကို အမေရိကန် နိုင်ငံက မြောက်ကိုရီးယား အစိုးရနှင့် အတူ ဆောင်ရွက်ရ တော့မည် ဆိုသည့် သဘောဖြစ်သည်။ တောင်နှင့် မြောက်ကိုရီးယား ၂ နိုင်ငံက ကိုရီးယား စစ်ပွဲ အဆုံးသတ်ခြင်းကို ကျေညာရန် နှင့် ငြိမ်းချမ်းရေး သဘောတူ ညီချက်တခု လက်မှတ်ရေးထိုးရေး အတွက် ဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။ ၁၉၅၀ မှ ၁၉၅၃ ခုနှစ် အထိဖြစ်ပွားခဲ့သော ကိုရီးယား စစ်ပွဲအတွင်း မြောက်ကိုရီးယားနှင့် တရုတ် အပျော်တမ်း တပ်ဖွဲ့ များက တောင်ကိုရီးယား နှင့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂတပ်ဖွဲ့များ ကို တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲများသည် စစ်ရပ်ဆိုင်းရေး သဘောတူညီမှု တခုကြောင့် ရပ်စဲခဲ့သော်လည်း သဘောတရား အရဆိုလျှင် ကိုရီးယား ၂ နိုင်ငံက စစ်ပွဲအခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ တောင်နှင့် မြောက် ကိုရီးယားတို့က ယခုနှစ်အတွင်း စစ်ပွဲ အဆုံးသတ်ခြင်းကို ကျေညာရန် နှင့် ငြိမ်းချမ်းရေး သဘော တူညီချက် တခု ပြုလုပ်နိုင်ရေးကို သဘောတူညီခဲ့ကြသည်။ ရေရှည်ခိုင်မြဲ၍ ခိုင်မာသော ငြိမ်းချမ်းရေး ကို တည်ဆောက်ရန် အတွက် အမေရိကန် ပါဝင်လာမည့် ၃ ပွင့်ဆိုင် ဆွေးနွေး ပွဲ တခု သို့ မဟုတ် တရုတ်နိုင်ငံကို ပါထည့်သွင်း၍ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတခုကို အိမ်ရှင် အဖြစ်လက်ခံကျင်းပ ရန်လည်း ဆန္ဒ ရှိသည်ဟု ကျေညာချက်က ဆိုသည်။ The post နျူကလီးယား ဖျက်သိမ်းရေး တောင်နှင့်မြောက် ကိုရီးယား ၂ နိုင်ငံ သဘောတူ appeared first on ဧရာဝတီ.
Source : https://ift.tt/2HCU0rq
via IFTTT

No comments:

Post a Comment