တရုတ်ကနေတင်သွင်းတဲ့ ဆာဒင်း ငါးသေတ္တာအမျိုးအစားနှစ်မျိုးထဲမှာ သံကောင်အသေတွေကို တွေ့ရှိခဲ့တာကြောင့် မလေးရှားကျန်းမာရေးဝန်ကြီး ဌာနက ကြာသပတေးနေ့က ပြန်လည်သိမ်းဆည်းဖို့ ညွှန်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဖူဂျီယန်ယွန်ဖာကထုတ်လုပ်တဲ့ ခရမ်းချဉ်သီး အနှစ်ပါ TL Tan Lung Canned Sardines နဲ့ ဒေါင်ဆန်ဒေါင်ဂျီစားသောက်ကုန် လုပ်ငန်းက ထုတ်လုပ်တဲ့ TLC Sardines တွေမှာ သံလုံးကောင်တစ်မျိုးကို မလေး ရှား ကျန်းမာရေးဝန်ကြီးဌာနအဖွဲ့က စိစစ် တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ သံကောင်အသေတွေကိုတွေ့ရှိပြီး နောက်မှာ ငါးသေတ္တာတင်သွင်းတဲ့ တရုတ်ကုမဏီသုံးခုကို သွင်းကုန်တွေ ပြန်လည်သိမ်းဆည်းဖို့ အင်ဒိုနီးရှား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့က ညွှန်ကြားထားတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။ မလေးရှားကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအနှံ့ကဆိုင်တွေရှိ စည်သွပ်ငါးသေတ္တာတွနဲ့ မက်ကရယ်ငါးစားသောက်ကုန်တွေကို ဆက်လက်စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ညွှန်ချုပ် နော်ဟစ်ရှမ်က ပြောကြားခဲ့ပါတယ်။ ၁၉၈၃ စားသောက်ကုန်ဥပဒေကို မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်လို့လည်း သူက ဆက်ပြောပါတယ်။ သည်ငါးသေတ္တာတံဆိပ်နှစ်ခုဟာ စင်ကာပူကို တင်ပို့ခြင်းမရှိကြောင်း စင်ကာပူ စိုက်ပျိုးစားသောက်ကုန်နဲ့ မွေးမြူရေး လုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောကြား ခဲ့ပါတယ်။ ပြည်ပက သည်အစားအသောက်ကို စားသုံးနေတဲ့သူတွေလည်း မစားခင်မှာ သံကောင်တွေကိုစစ်ဆေးကြဖို့ အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ သံကောင်တွေဟာ အပူပေး ချက်ပြုတ်လိုက်ရင် သေသွားတဲ့အတွက် ကျန်းမာရေးအန္တရာယ်တော့ မရှိကြောင်း ဆက်ပြောပါတယ်။သံကောင်တွေဟာ ငါးနဲ့ အခြားအခွံမာရေသတ္တဝါတွေရဲ့အစာဖြစ်တာကြောင့် ငါးအစိမ်းတွေနဲ့ အူတွေမှာ တွေ့ ရတတ်ပါတယ်။ Author: နှင်းသန့် [ref: CNA, Apr 20, 2018.]
Source : https://ift.tt/2qZoKvR
via IFTTT
No comments:
Post a Comment