အသားဖြူဆေးတွေသုံးစွဲခြင်းက အန္တရာယ်ရှိစေနိုင်သလား အမျိုးသမီးအများစု စိတ်ဝင်စားကြတဲ့ အသားဖြူဆေးဟာ အရှေ့တောင်အာရှ မှာတော့ အသုံးအများဆုံးနဲ့ အတွင်ကျယ် ဆုံး ဖြစ်ပါတယ်။ ထိုးဆေး ၊ သောက်ဆေးနဲ့ လိမ်းဆေး အစရှိသဖြင့် အွန်လိုင်းပေါ်က ကြော်ငြာတွေအမျိုးမျိုးနဲ့ အမျိုးသမီးထု ကြားမှာ ခေတ်စားနေတဲ့ အသားဖြူဆေးသုံးစွဲခြင်းဟာ ကျန်းမာရေး ပြသနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အသားဖြူစေဖို့အတွက် အသုံးများကြတဲ့ Glutathione ဆိုတဲ့ဆေးကို အကြောထဲကို တိုက်ရိုက်ထိုးသွင်းကြတဲ့အခါ သွေး ကြောထဲကို မြန်မြန်ဆန်ဆန်ရောက်တာကြောင့် အာနိသင်ကတော့ ထိရောက်ပါတယ်။ ဒါပေမယ့် ဒီဆေးကို အမှန်တကယ် အသုံးပြုတာကတော့ အသည်းရောဂါနဲ့ ကင်ဆာရောဂါသည်တွေကိုကုသဖို့ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဆေးရဲ့ဘေး ထွက်ဆိုးကျိုးက အသားဖြူလာတာဖြစ်တာကြောင့် အသားဖြူဆေးအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ဒီဆေးထိုးပြီးပြီးချင်း ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်း၊ အသက်ရှုခက်ခြင်းနဲ့ အရေပြားရောင်ရမ်းတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဆေးဟာ ခန္ဓာကိုယ်အရေပြားကနေ အသားမည်းစေတဲ့ မယ်လနင် ထွက်ခြင်းကို တားဆီးပေးတာကြောင့် ရေရှည်မှာ အရေပြားကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တခုကတော့ ဆေးဘူးနောက်ကျော ထိုင်းစာတွေပါတဲ့ အသားဖြူလိမ်းဆေးတွေမှာ ပြဒါးတွေ အမြောက်အများ ပါဝင်တာကြောင့် အသားအရေကို အလျင်အမြန် ဖြူလာစေပါတယ်။ ရေရှည်မှာတော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ အင်ပြင်ထတာနဲ့ သွေးဆိပ်သင့်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အသားအရေဖြူဝင်းစေဖို့အတွက် သောက်သုံးလေ့ရှိကြတဲ့ သောက်ဆေးအများစုကတော့ ထိုးဆေးထက် ဘေးထွက်ဆိုး ကျိုးနည်းစေတာမှန်ပေမယ့် အစာအိမ် လမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် ခန္ဓာကိုယ်အလေးချိန် ရုတ်တရက် တက်လာခြင်း၊ အသည်းနဲ့ ကျောက်ကပ်ပျက်စီးစေနိုင်ခြင်းတို့ိကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Ref. https://zetawhite.com The post အသားဖြူဆေးတွေသုံးစွဲခြင်းက အန္တရာယ်ရှိစေနိုင်သလား appeared first on ဧရာဝတီ.
Source : https://ift.tt/2Ki6feX
via IFTTT
No comments:
Post a Comment