Friday, April 27, 2018


လုပ်သားတိုင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရမည် အာရှ-ပစိဖိတ်ဒေသတွင် အခြားနေရာဒေသများထက် အသက်ငယ်ရွယ်သည့်အချိန်မှ စတင်ပြီး အလုပ်လုပ်ကိုင်သောသူများ ပိုမိုများပြားလှသည်။ ငယ်ရွယ်သူများဖြစ်သည့်အားလျော်စွာ မိသားစုဝင်ငွေရရှိဖို့အတွက် ဘေးအန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်ခံရသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ကြရလေ့ရှိပါသည်။ ဤအလုပ်အကိုင်များအနက် အချို့မှာ ကလေးလုပ်သားခိုင်းစေသည့် အလုပ်အကိုင်များ ဖြစ်သည်။ ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်သော ယခုနှစ် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အတွက် အိုင်အယ်(လ်)အိုအနေဖြင့် လူငယ်အလုပ်သမားများ၏ အလုပ်အကိုင် အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် ကလေးလုပ်သားခိုင်းစေမှု အဆုံးသတ်ရေးကို အလေးထား အာရုံစိုက်လျက် ရှိသည်။ အာရှ-ပစိဖိတ်ဒေသရှိ လူငယ် အလုပ်သမားများ အာရှ-ပစိဖိတ်ဒေသတွင် အသက် ၁၅ နှစ်နှင့် အသက် ၂၄ နှစ်ကြားရှိ အလုပ်သမားအရေအတွက်သည် သန်း ၃၀ဝ ခန့်ရှိပါသည်။ ဤအလုပ်သမားအရေအတွက်သည် ရေဒသကြီးတခုလုံးရှိ လုပ်သားထု၏ ၂၀% ဖြစ်ပါသည်။ လူငယ်များအား အစောပိုင်း အသက်အရွယ်အချိန်မှ စတင်ပြီး အလုပ်လုပ်ကိုင်ရန် တွန်းအားပေးသည့်အရာမှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်သည်။ အလုပ်သမားဘဝသို့ ဝင်ရောက်ကြသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များနှင့် အန္တရာယ် ဖြစ်နိုင်သည့်အနေအထားများနှင့်ပတ်သက်ပြီး အသိပညာ ဗဟုသုတ မရှိသလို၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ၎င်းတို့၏အခွင့်အရေးများကိုလည်း သိရှိနားလည်ခြင်း မရှိသလောက်ပင်။ တချို့သော လူငယ်များသည် အစောပိုင်း အသက်အရွယ်အချိန်ကပင်လျှင် အလုပ်စတင် လုပ်ကိုင်ကြသည်။ အသက် ၅ နှစ်နှင့် အသက် ၁၇ နှစ်ကြားရှိ အလုပ်သမားအရေအတွက်မှာ သန်း ၆၀ ခန့်ရှိပြီး၊ ကလေးလုပ်သားများ အနေဖြင့်ဝင်ရောက်လုပ်ကိုင်ကြလျက်ရှိပါသည်။ ၎င်းတို့အနက် ကလေးအလုပ်သမား ၂၈ သန်းသည် ဘေးအန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရပါသည်။ ဤကလေးအလုပ်သမားများအဖို့ လုပ်အားခေါင်းပုံဖြတ်ခြင်းသည် ၎င်းတို့၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက် ရှိနေသည်။ အာရှ-ပစိဖိတ်ဒေသရှိ လူငယ်အလုပ်သမားများစွာသည် ပုံမှန်မဟုတ်သည့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိနေကြပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် လက်မှုပညာ အလုပ်အကိုင်များတွင် လုပ်ကိုင်ကြလျက် ရှိပါသည်။ ဤလုပ်ငန်းခွင်များသည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေများနှင့် အလှမ်းကွာဝေးလေ့ရှိပြီး ဝင်ရောက်စစ်ဆေးရန်လည် းခက်ခဲသည့်အနေအထားတွင် ရှိနေပါသည်။ ထို့အပြင် အလုပ်သမားများအနေဖြင့်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုနှင့်စပ်လျဉ်း၍ သိရှိနားလည်ခြင်း မရှိကြပေ။ ညံ့ဖျင်းလှသည့် အလုပ်အကိုင် အခြေအနေများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ကင်းမဲ့ခြင်းကြောင့် အလုပ်သမားများအကြား ထိခိုက်ဒဏ်ရာရရှိမှုနှုန်း မြင့်မားသည့် အနေအထားကို ဖြစ်ပေါ်စေပါသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါက ယင်းအလုပ်သမားများအနေဖြင့် အလုပ်ကို အချိန်ကြာမြှင့်စွာ ဆက်လက်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ အလုပ်သမားများသည် ရေရှည် ထိခိုက်နစ်နာစေနိုင်သည့် လုပ်ငန်းခွင်ရောဂါဘယများ ကူးစက်နိုင်သည့် အခြေအနေများနှင့်လည်း ကြုံတွေ့နေကြသည်။ ဥပမာ ကျောက်ဂွမ်းမှုန့်များ၊ ပိုးသတ်ဆေးများနှင့် အခြားဓာတုပစ္စည်းများကဲ့သို့ ဘေးအန္တရာယ်ရှိသော ပစ္စည်းများကို ထိတွေ့ရခြင်းသည် ပြင်းထန် ဆိုးရွားသည့်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပြီး သေဆုံးနိုင်သည့် အလားအလာ ရှိသည်။ သုံးပွင့်ဆိုင် စုပေါင်းကြိုးပမ်း အားထုတ်ဆောင်ရွက်မှု လူငယ်အလုပ်သမားများအား သင့်လျော်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပံ့ပိုးပေးခြင်းသည် အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သောအရာပင် ဖြစ်ပါသည်။ အစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် ကြိုတင်ကာကွယ်သည့် ယဉ်ကျေးမှုတရပ်ကို ချမှတ်တည်ဆောက်ပြီး အကောင်းအထည်ဖော်ဆောင်ရွက်ကာ စဉ်ဆက်မပြတ် အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် အစိုးရများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများကို ချမှတ်ရန်နှင့် အမျိုးသားအဆင့် မူဝါဒများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သုံးပွင့်ဆိုင် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများကို ပုံမှန်လုပ်ဆောင်လျက်ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဤအမျိုးသားအဆင့်မူဝါဒများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် အရေး ကြီးပါသည်။ အထူးသဖြင့် ဤအမျိုးသားအဆင့် မူဝါဒများသည် အိုင်အယ်(လ်)အို၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် ကျန်းမာရေးမြှင့်တင်ဆောင်ရွက်ရေး မူဘောင်ဆိုင်ရာပြဋ္ဌာန်းချက်၊ ၂၀ဝ၆ ခုနှစ် (ပြဋ္ဌာန်းချက်အမှတ် – ၁၈၇) ကို အပြည့်အဝ လေးစားလိုက်နာမှုရှိရပါမည်။ ဒေသတွင်းရှိနိုင်ငံများက ဤပြဋ္ဌာန်းချက်ကို အားတက်သရော အတည်ပြုလက်မှတ်ရေးထိုးမှုသည် ပိုမိုများပြားလာပြီ ဖြစ်သည်။ အနာဂတ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အသိပညာပေးခြင်း လက်ရှိလုပ်ငန်းခွင်အနေအထားများ တိုးတက်ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် စဉ်းစားသုံးသပ်ရမည့်အရာများ ဖြစ်သော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး အနာဂတ်မျိုးဆက်သစ်များကို အသိပညာပေးရန်လည်း ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ ၆၅% သည် လက်ရှိအချိန်တွင် မရှိသေးသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ကြမည်ဟု ခန့်မှန်းချက်တခုက ဖော်ပြထားသည်။ ဤအလုပ်အကိုင်များသည် အနာဂတ်မျိုးဆက်သစ်များ၏ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်မှု မရှိစေရန် သေချာစေဖို့အတွက် ကလေးသူငယ်များကို ငယ်ရွယ်စဉ်အချိန်မှစပြီး အသိပညာ ပေးရန်မှာ အရေးကြီးလှပါသည်။ လူငယ်များအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းသည် အနာဂတ်တွင် အလုပ်အကိုင်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ လုပ်ကိုင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။လူငယ်များအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူသဘောတရားများ နှင့်ပတ်သက်ပြီး ကောင်းစွာသိရှိနားလည်ရန်နှင့် ယင်းမူသဘောတရားများ၏ အကာအကွယ်ပေးမှု ရရှိခံစားနိုင်ရန်အတွက် ကျွနု်ပ်တို့အနေဖြင့် မိမိတို့ တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ လူငယ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်မည့် အခွင့်အရေးရရှိကြမည်ဖြစ်ပါသည်။ (ရေးသားတင်ပြသူ Ms Tomoko Nishimoto သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ လက်ထောက်အထွေထွေ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်သည်။) The post လုပ်သားတိုင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2r4wNaD
via IFTTT

No comments:

Post a Comment